သဘာဝဘေးအန္တရာယ် ကျရောက်ခံရပါက အချိန်နှင့်တပြေးညီ ကာကွယ်စောင့်ရှောက်ပေးခြင်း

"ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံဒေသအနှံအပြား ရေဘေးသင့်ချိန်၊ ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကိစ္စရပ်များမှာ လိုအပ်သမျှ ပါဝင်လှူဒါန်း ယုံမျှမက၊ ကိုယ်တိုင်ကိုယ်ကျ ကူညီဆောင်ရွက်ပေးလျှက်ရှိပါတယ်" (Irrawaddy News, August 7th 2015)

"ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း" သည် ၂၀၁၅ခုနှစ်ဇူလိုင်လမှ စတင်ခဲ့သည့် မြန်မာနိုင်ငံ အနှံ့အပြား ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့ရှိ ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်ရန် စုစုပေါင်း အမေရိကန်ဒေါ်လာ (၇.၂) မီလီယံကျော် အသုံးပြုခဲ့သည်။

ဤသို့ ဆောင်ရွက်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ယုံမျှမက၊ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အခြားပရဟိတ အသင်းများ၊ အဖွဲ့အစည်းများနှင့်လည်း အတူ လက်တွဲကာ ကျယ်ကျယ်ပျံ့ပျံ့ ဆောင်ရွက် နိုင်ခဲ့သည်။ တချိန်တည်းမှာပင် “ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း”၏ တည်ထောင် သူများဖြစ်ကြသော ဒေါ်နန်းလိုင်းခမ်းနှင့် ဒေါ်နန်းခမ်းနောင့် တို့မှလည်း ပြည်တွင်း/ပြည်ပ Volunteer များ၊ NGOများ၊ INGO များနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေး အတွက် လိုအပ်သည့် အထောက်အကူ ပစ္စည်းများ၊ ဆေးဝါးများကို ရေဘေးသင့်ဒေသများသို့ ပို့ဆောင်ဖြန့်ဝေပေးခဲ့သည်။ ရေဘေး စတင်ကျရောက်သည့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့က စတင်၍ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းရှိ ကမ္ဘာဇဘဏ် ဝန်ထမ်းများမှ မကွေးတိုင်းဒေသကြီး အတွင်းရှိ ဒုက္ခသည် စခန်းများမှ ထောင်ပေါင်း မျာစွာသော ရေဘေးသင့်ပြည်သူများ အသင့်စားသုံးနိုင်ရန် အတွက် ကိုယ်တိုင်ကိုယ်ကျ  အစားအစာများ ချက်ပြုတ်၍ ပေးပို့ခဲ့သည်။ 

ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် 
တက်ကြွစွာ ဦးစီးဆောင်ရွက်လျှက်ရှိသည့် အမျိုးသမီးများထဲမှ တစ်ဦးဖြစ်သည့်
“ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း”၏ ထူထောင်သူနှင့် ဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဒေါ်နန်းလိုင်းခမ်းအား
၂၀၁၅ ခုနှစ်၊ သြဂုတ်လထုတ် ဧရာဝတီသတင်း၌ ဂုဏ်ပြုရေးသားဖော်ပြခဲ့သည်။”

ရန်ကုန်၊ မန္တလေးနှင့် ကကွေးမြို့ကြီးများရှိ မမ္ဘောဇဘဏ်များတွင်လည်း ကူညီကယ်ဆယ်ရေး စခန်းများ အသီးသီး ဖွင့်လှစ်ကာ ရေဘေးသင့် ဒုက္ခသည်များအတွက် လှူဒါန်းမှု အဝဝကို စနစ်တကျ လက်ခံပေး၍ ရေဘေးသင့် ဒေသရှိ ပြည်သူများထံအရောက် စနစ်တကျ ပေးပို့ခဲ့သည်။ ဤသို့ ကူညီကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်၍ လှူဒါန်း ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ကမ္ဘောဇ ဘဏ်နှင့် အတူ စေတနာရှင် ပြည်သူများ၏ ပူးပေါင်းကူညီ လှူဒါန်းမှုများလည်း ပါဝင်ခဲ့သည်။

ဤသို့ ပြည်တွင်း/ပြည်ပမှ လှူဒါန်းပစ္စည်း အ၀၀အား ရေဘေးသင့် ဒေသများ အရောက် ပေးပို့ရာတွင် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းမှ ကူညီကယ်ဆယ်ရေး ပစ္စည်းများအား ကမ္ဘောဇ အုပ်စုပိုင် MAI Airbus A320 နှင့် AIR KBZ ATR 72-600 လေယာဉ်ကြီးများဖြင့် အကြိမ်ကြိမ် အခမဲ့ ပို့ဆောင် သယ်ယူပေးခဲ့ပါသည်။ ထို့ပြင် ကမ္ဘောဇဘဏ် အနေဖြင့်လည်း MI 17 ဟယ်လီကော်ပတာ များဖြင့် လေကြောင်းလိုင်းမှသော် လည်းကောင်း၊ Y8 ထရပ်ကားများ၊ ၂၂ ဘီး ထရပ်ကားကြီး များဖြင့် ကုန်းကြောင်း ခရီးလမ်းမှ သော်လည်းကောင်း၊ ကုန်တင် သဘောၤများ၊ မော်တော်ဘုတ်များဖြင့် ရေကြောင်း လမ်းမှသော် လည်းကောင်း၊ ဒေသ အသီးသီးရှိ ရေဘေးသင့် ပြည်သူများ ထံအရောက် ဘက်ပေါင်းစုံမှ သယ်ယူ ဆောင်ရွက် ပေးခဲ့ပါသည်။

ကမ္ဘောဇ အနာဂတ်အလင်းတန်း ဖောင်ဒေးရှင်းအနေဖြင့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများအား 
မည်မျှပင် လမ်းခရီး ခက်ခဲကြမ်းတမ်းစေကာမူ နည်းလမ်းအမျိုးမျိုးဖြင့် 
ကိုယ်တိုင်ကိုယ်ကျ ရေဘေးသင့်ပြည်သူများထံအရောက် ပေးလှူခဲ့သည်။

ဤသို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ၊ ကျယ်ပျံ့စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ “ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း” သည် အခြား၊ NGOများ၊ INGO များအား၊ ၎င်းတို့၏ ဆောင်ရွက်နိုင်မှု အခြေအနေပေါ် မူတည်၍  တစ်ဖွဲ့လျှင် ကျပ်ငွေသိန်း (၁၀၀) မှ သိန်း (၃၀၀) အထိ ကူညီပံ့ပိုးပေးခြင်းဖြင့် စံနစ်တကျ ပူးပေါင်းပါဝင်ခဲ့သည်။ သို့ဖြစ်၍ ရေဘေးသင့် အခြားဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ သာမက၊ တောင်ကုန်းတောင်တန်း ထူထပ်ပေါများသည့် ချင်းပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများထံပါ အချိန်နှင့်တပြေးညီ ကူညီပေးနိုင်ခဲ့သည်။ ထို့ပြင် ကမ္ဘောဇ အနာဂတ်အလင်းတန်း ဖောင်ဒေးရှင်းအနေဖြင့် အဆိုးဝါးဆုံး ရေဘေးသင့်ခံခဲ့ရသော ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့ (၂)မြို့တို့အတွက် ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ရန် တာဝန်ယူခဲ့သည်။