လူမှုဝန်းကျင် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ  နိုဝင်ဘာလ ၆ ရက်၊ ၁၁ရက်၊ ၂၀ ရက်နှင့် ၂၇ ရက်နေ့များတွင် ရန်ကုန်မြို့နှင့် မန္တလေးမြိ့တို့၌ သွေးလှူဒါန်းပွဲကြီး ကျင်းပခြင်း။

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဖြစ်သည်။ မိမိ၏သွေးဖြင့် တပါးသူ၏ အသက်ကို ကယ်ဆယ်ခွင့် ရခြင်းသည် မွန်မြတ်လှသည့် လာဘ်ကြီးတစ်ပါး ပိုင်ဆိုင်ခွင့် ရခြင်းပင် ဖြစ်သည်။ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းသည် ကမ္ဘောဇဘဏ်၏ (၂၁)နှစ်မြောက် အမှတ်တရ အထိမ်းအမှတ်အဖြစ် ရန်ကုန်ဆေးရုံကြီး၊ ဗဟိုသွေးလှူဘဏ်နှင့် မန္တလေးမြို့တို့တွင် ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများ၊ အရာထမ်း၊ ဝန်ထမ်းများ အတူတကွ မင်္ဂလာရှိသော သွေးလှူခြင်းအမှုကို စုပေါင်း ပြုလုပ်ခဲ့ကြပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်နန်းလိုင်းခမ်းမှလည်း ရန်ကုန်မြို့၊ ဗဟိုသွေးလှူဘဏ်တွင် ကမ္ဘောဇဘဏ်ဝန်ထမ်းများနှင့်အတူ ပါဝင်သွေးလှူခဲ့သည်။ 

ကမ္ဘောဇ၏ သွေးလှူဒါန်းပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၆ရက်၊ ၁၁ ရက်၊ ၂၀ ရက်နှင့် ၂၇ ရက်၊ အထိ (၄)ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။ ဤသွေးလှူဒါန်းပွဲကြီးတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ ကမ္ဘောဇဘဏ်ခွဲပေါင်း (၉၆) ဘဏ်မှ တာဝန်ရှိသူများ၊ အရာထမ်း၊ ဝန်ထမ်းများ စုစုပေါင်း (၆၈၉) ယောက် ပါဝင်၍ သွေးလှူဒါန်းခဲ့ပါသည်။

Blood Drive Series on November 6th, 11th, 20th and 27th 2015 at Rangoon General Hospital 

Chairperson of BFM, Daw Nang Lang Kham participated in the blood drive 
with employees from all the KBZ Branches in Yangon.

"Smile Asia Myanmar Mission"

Smile Asia မှ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြင့် မွေးဖွားသူ ကလေးငယ် (၅၀၀) လျှင် တစ်ဦးနှုန်းရှိပြီး တစ်နှစ်လျှင် ကလေးငယ် ၂,၀၀၀ ခန့်သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြင့် မွေးဖွားလာသည်ဟု သိရှိရပါသည်။ ထို့အပြင် ကလေးငယ် ၅၀,၀၀၀ ခန့်သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြင့် ရှင်သန်နေထိုင်ကြရပြီး ခွဲစိတ်ကုသရန် လိုအပ်နေပါသည်။ ကမ္ဘောဇအုပ်စု၊ ကမ္ဘောဇဘဏ်နှင့် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် စင်္ကာပူနိုင်ငံအခြေစိုက် Smile Asia အဖွဲ့အစည်းနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ နှုတ်ခမ်းကွဲအာခေါင်ကွဲ ဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသမှုများအား ပံံ့ပိုးပေးခဲ့သည်မှာ ငါးကြိမ်တိုင်ခဲ့ပြီဖြစ်ပြီး ကလေးငယ်ပေါင်း ၄၅၀ ကျော်၏ ဘဝကို ပြောင်းလဲပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။

The Music Run

"ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း" သည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့တွင် လူဦးရေ (၁၀,၀၀၀) ပူးပေါင်း ပါဝင်သော လမ်းလျှောက်+အက+အပြေး လှုပ်ရှား ဆောင်ရွက်မှုကြီးဖြစ်သည့် The Music Run™ ကို တာဝန်ယူကျင်းပနိုင်ခဲ့သည်။

     

ထိုအစီအစဉ်တွင် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ၁၀၀% အပြည့်အ၀ အကုန်အကျခံခဲ့ပြီး၊ ပြန်လည်ရရှိသော အကျိုးအမြတ်များ အားလုံးကို ကျွမ်းကျင်သူ ပညာရှင်များ၏ နည်းပညာ အကူအညီကိုရယူကာ မျက်မမြင်များ အတွက် ကွန်ပျူတာဆော့ဝဲလ်ဖြင့် စာသားမှ အသံစနစ်သို့ ပြောင်းလဲပေးသည့် စနစ်အား ရေးဆွဲစေပြီး၊ မျက်မမြင်များ ဖောင်ဒေးရှင်းသို့ ပြန်လည်လှူဒါန်းခဲ့ပါသည်။  

                                    

အဆိုပါစနစ်ကြောင့် မျက်မမြင်များအနေဖြင့် တစ်ဦးချင်း စာပေများ၊ နည်းပညာများနှင့် အခြားဗဟုသုတများကို စာသားမှတဆင့် အသံစနစ်ဖြင့် မြန်မာဘာသာသို့ ပြောင်းလဲ၍ သိကြားလာနိုင်သောကြောင့် မျက်မမြင်များ၏ ပညာမျက်စိကို အလင်းဖွင့်ပေးနိုင်ခဲ့ပါသည်။ ထို့ပြင် The Music Run™ တွင် ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦးချင်းစီ အနေဖြင့် မြန်မာ့လူမှု အသိုင်းအဝိုင်းအတွင်း အတူတကွ လက်တွဲ ဆောင်ရွက်ခြင်းအားဖြင့် စိတ်အားထက်သန်မှု၊ ပျော်ရွှင်မှုများနှင့်အတူ ကမ္ဘာ့အဆင့်မီ ပွဲများ၌ ပါဝင် ဆင်နွှဲနိုင်ရန် အတွေ့အကြုံကောင်းများပါ ရရှိခဲ့သည်။ ဤ The Music Run™ ဖြေဖျော်ပွဲကြီးသည် ဘဝတစ်သက်တာအတွက် အမှတ်ရစရာ ပွဲကြီးတစ်ပွဲဖြစ်ခဲ့သကဲ့သို့၊ မြန်မာလူမျိုးများအတွက် နောက်နောင် ဤ The Music Run™ ဖြေဖျော်ပွဲကြီး ကဲ့သို့သော ကောင်းမွန်သည့် အစီအစဉ်များ ထပ်မံ၍ စီစဉ်နိုင်စေရန် အတွက် အစပျိုးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။