Articles from BFM

၂၀၁၈ခုနှစ် ဇူလိုင်လ ၁၀ရက် နံနက် (၉း၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ နိဗ္ဗာန်ဆိပ်ဦး ဘုန်းတော်ကြီးကျောင်းတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဒုဥက္ကဌ ဒေါ်နန်းမိုဟွမ်မှ ဦးဆောင်၍ ကော်မတီဝင်များ ၊ ဝန်ထမ်းများ နှင့် အတူ SSC ရွှေဂုံတိုင်အထူးကုဆေးရုံမှ ဆရာဝန်များ ၊ သူနာပြုများသည် အသည်းရောင်အသားဝါ (ဘီပိုး)ရောဂါ ရှိ/မရှိစစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းအား အခမဲ့ ပါဝင်ဆောင်ရွက် ပေးခဲ့ကြပါသည်။

ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ကြီးမှူ းကျင်းပသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women's Day) အခမ်းအနားတွင် ပူးပေါင်းပါဝင်ခဲ့ပါသည်။

ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ကြီးမှူ းကျင်းပသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women's Day) အခမ်းအနားတွင် ပူးပေါင်းပါဝင်ခဲ့ပါသည်။

  1. ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ၊ (၁၀)ရက်နေ့တွင် ဒုတိယအကြိမ်မြောက်အဖြစ် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် SSC ဆေးရုံတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ အသေးစားငွေရေးကြေးရေး လုပ်ငန်းမှ အသင်းသားချေးငွေအဖွဲ့ဝင် အမျိုးသမီး စုစုပေါင်း (၆၀၀)ဦးအား "ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်" အနေဖြင့် အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်ခဲ့ပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လူငယ်ရေးရာကိစ္စများနှင့်စပ်လျဉ်းသော အာဆီယံဝန်ကြီးများ၏ (၁၀)ကြိမ်မြောက် အစည်းအဝေး၊ အာဆီယံ+၃ ဝန်ကြီးများ၏ (၆) ကြိမ်မြောက်အစည်းအဝေးနှင့် ယှဉ်တွဲပြုလုပ်သည့် အာဆီယံ(၁၀)နိုင်ငံမှ ထူးချွန်လူငယ်များအတွက် ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ ထူးချွန်လူငယ် (၄၀) ဦးနှင့် အတူ ဆုရရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဋ္ဌဒေါ်နန်း လိုင်းခမ်းအား TAYO ထူးချွန်လူငယ်ဆု - The Ten Accomplished Youth Organizations (TAYO) ASEAN Award 2017 ပေးအပ်ချီးမြှင့်ခဲ့ပါသည်

စင်္ကာပူနိုင်ငံ အခြေစိုက် The Asia Banker Leadership Achievement Awards 2017 ညစာစားပွဲအခမ်းအနားကို ဇွန်လ (၈) ရက် နေ့ ညနေပိုင်းက စင်္ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနား၌ The Asia Banker မှ ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား “အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု (The Promising Young Banker in Myanmar)” ကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း၏ အခမဲ့စက်ချုပ်သင်တန်း အမှတ်စဉ်(၁၀)ကို မေလ (၁၅) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါစက်ချုပ်သင်တန်းသည် ဖောင်ဒေးရှင်း၏အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ ချေးငွေထုတ်ယူထားသော အသင်းဝင်အမျိုးသမီးများ အတတ်ပညာပိုင်းနှင့် ဝင်ငွေတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ လှည်းကူးမြို့နယ်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

လှည်းကူး၊ တိုက်ကြီးမြို့ရှိ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) ၏ အသေးစားချေးငွေလုပ်ငန်းများမှ အဖွဲ့ဝင်အများစုသည် မြက်တံမြက်စည်းလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်လျှက်ရှိပြီး ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း မှ ActionAid Myanmar ၏ Mboutik အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးမှုပရိုဂမ်နှင့် ပူးပေါင်း၍ ဆန်းသစ်သော တံမြက်စည်းဒီဇိုင်းများ ကို သင်ကြားပြသပေးလျှက်ရှိပါသည်။