News

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) သည် မြန်မာပြည်တဝှမ်းရှိ ရေရှားပါးသောဒေသများတွင် ခေတ်မီ စက်ရေတွင်းတူးစက်ကြီးများဖြင့်တောင်ပေါ်မြေပြန့်နေရာဒေသမရွေး တူးဖော်ပေးလျှက်ရှိရာ ၂၀၁၇ ခုနှစ် မတ်လ (၁၀) ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့၊ ကုံလုံကျောင်းတိုက်၏ ဒုတိယမြောက်စက်ရေတွင်းသည် အနက်ပေ (၄၆၀) အရောက်တွင် တစ်နာရီရေဂါလံ (၄၅၀၀) ဂါလံနှုန်းဖြင့်တူးဖော်အောင်မြင်ခဲ့ပြီဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် မြန်မာပြည် တစ်ဝှန်းရေရှားပါးသောဒေသများတွင် ရေတွင်းတူးစက်ကြီးများနှင့်တောင်ပေါ်မြေပြန့်မခွဲပဲ တူးဖော်ပေးလျှက်ရှိရာ တောင်ပေါ်ဒေသ ဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ခုတင် (၂၀၀) လွိုင်လင်ခရိုင်ပြည်သူ့ဆေးရုံ၌လည်း တူးဖော်ပေးခဲ့ပါသည်။

လုပ်ငန်းစဉ်များ

"ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း" ၏ အဓိကရည်မှန်းချက်မှာ ဖွံ့ဖြိုးမှုနည်းပါးသော လူမှုဝန်းကျင်မှ ဆင်းရဲနွမ်းပါးသည့် ပြည်သူများ၏ ဘဝများအား မြှင့်တင်နိုင်ရန်အတွက်ဖြစ်ပြီး၊လူမှုရေးအကျိုးပြုလုပ်ငန်းများအား ရေရှည်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍၊ လုပ်ငန်းစဉ် (၅)ရပ် စနစ်တကျချမှတ်ပြီး ဖွဲ့စည်းခဲ့ပါသည်။

Read more

 

 

 

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း အကြောင်း

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းသည် ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအုပ်စု၏ လူမှုစီးပွား အကျိုးပြုလုပ်ငန်းများ (Corporate Social Responsibility) ကို ထိရောက်စွာ ဆောင်ရွက်နေသော ဖောင်ဒေးရှင်းတစ်ခု ဖြစ်ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ လုပ်ဆောင်နေသည့် Corporate Social Responsibilityဟူသည် လူမှုအကျိုးပြု  ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ခြင်း သက်သက်မျှ မဟုတ်ပေ။ အများပြည်သူအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အခွန်အခများ တိကျစွာ ထမ်းဆောင်ပေးခြင်း၊ အကျင့်ပျက်ခြစားမှုမှ ကာကွယ်ခြင်း၊ အဖွဲ့အစည်းအတွင်း ပွင့်လင်းမြင်သာမှုရှိစေခြင်း၊ လူ့အခွင့်အရေး တန်ဘိုးထားခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဘဝလုံခြုံမှုရရှိစေရန် အာမခံချက်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့်အရာများမှ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ အစရှိသည့် လေးနက်၍ အရေးပါသော လူမှုစီးပွားအကျိုးပြုလုပ်ငန်းများပါ လုပ်ဆောင်နေခြင်းဖြစ်ပါသည်။