အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပေါင်မြို့နယ်၊ မလတ်တောင်မြေပြိုမှု ဖြစ်ပွားရာဒေသရှိ ဒေသခံမိသားစုများအား ကူညီထောက်ပံ့

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပေါင်မြို့နယ်၊ မလတ်တောင်မြေပြိုမှု ဖြစ်ပွားရာဒေသရှိ ဒေသခံမိသားစုများအား ကူညီထောက်ပံ့

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မလတ်တောင်မြေပြိုမှုဖြစ်ပွားခဲ့သော မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာရှိ ဒေသခံမိသားစုများအား သြဂုတ်လ(၁၃)ရက်နေ့တွင် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံအားပေးကာ၊ လိုအပ်သော ကူညီထောက်ပံ့မှုများနှင့် လှူဒါန်းငွေကျပ် သိန်း(၃၅၀)ကို ထောက်ပံ့ပေးခဲ့ပါသည်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ပေ ၃၀၀-ကျော်မြင့်သော မလတ်တောင်မြေပြိုကျမှုဖြစ်ပွားခဲ့သည့် သဲဖြူကုန်းကျေးရွာတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသော Yangon Rescue Organization မှတစ်ဆင့် ဒေသခံ မိသားစုများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၁၀)သိန်းစီ၊ မြေပြိုကျမှုဖြစ်စဉ်တွင် ပါ ဝင်ခဲ့သော ဘုန်းတော်ကြီးကျောင်းအတွက် ငွေကျပ်သိန်း(၂၀)၊ ဒဏ်ရာရရှိ၍ မော်လ မြိုင်ဆေးရုံတွင် ဆေးကူသမှုခံယူနေသူများအတွက် တစ်ဦးလျှင် ငွေကျပ်(၁)သိန်းစီ၊ ကယ် ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော လူမှုကူညီရေးအဖွဲ့များနှင့် ရှာဖွေ ကယ်ဆယ်ရေးသမားများအတွက် သောက်ရေသန့်ဗူး (၁၀၀၀) ၊ ခေါက်ဆွဲခြောက်များ ဖာ (၂၇၀)၊ ငါးသေတ္တာ (၉ ၂၀ ) ဗူး၊ မုန့်များနှင့် အခြားလိုအပ်သော စားနပ်ရိက္ခာများအပါအဝင် လှူဒါန်းငွေကျပ်သိန်း(၃၅၀)ကို ကူညီထောက်ပံ့ ပေးခဲ့ပါသည်။

Yangon Rescue Organisation သည် မြန်မာနိုင်ငံအနှံ့တွင် အသင်းပေါင်း (၁၀၃) သင်းနှင့် လူနာတင်ယာဉ် (၂၈၂) စီးဖြင့် ဖွဲ့စည်းထားပြီး မီးဘေး၊ ရေဘေးနှင့် သဘာဝဘေးများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ပေးလျက်ရှိသော အဖွဲ့အစည်းဖြစ်ပါတယ်။ ရေကြီးရေလျံှမှုနှင့် မြေပြိုမှုဖြစ်ပွားရေ ဒေသများတွင် လိုအပ်သော အကူအညီနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော အဖွဲ့အစည်းအသီးသီးမှ ကယ်ဆယ်ရေးသမားများကို အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ လေးစားစွာဖြင့် ကျေးဇူးတင်ပါကြောင်း ဖော်ပြအပ်ပါသည်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် စတင် တည်ထောင်ချိန် မှ ယနေ့အထိ နေရာဒေသအနှံ့အပြား၌ လူမျိုး၊ ဘာသာမရွေး လိုအပ်သော ကဏ္ဍ အသီးသီးတွင် ကျပ်ငွေ(၁၅၆)ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်သည်။