‘ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ထံ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း တာဝန်ရှိသူမှ ရေသယ်ယာဉ်သစ် (၄) စီး ပေးအပ်လှူဒါန်းစဉ်’

‘ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ထံ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း တာဝန်ရှိသူမှ ရေသယ်ယာဉ်သစ် (၄) စီး ပေးအပ်လှူဒါန်းစဉ်’

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဝမ္မသူးမောင်အားကစားကွင်း၌ ဖေဖော်ဝါရီလ (၂၀) ရက်နေ့က ကျင်းပခဲ့သော ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း တာဝန်ရှိသူမှ ရေသယ်ယာဉ်အသစ် (၄) စီးကို ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ထံ ပေးအပ်လှူဒါန်းခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးမျာ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ဖောင်ဒေးရှင်းဥက္ကဌ ဒေါ်နန်းလိုင်းခမ်း၏ စီစဉ်လမ်းညွှန်မှုဖြင့် ချင်းပြည်နယ်အတွင်းရှိ ပြည်သူများထံသို့ သောက်သုံးရေ ဖြန့်ဖြူးနိုင်ရန် ယခုလှူဒါန်းသည့် ရေသယ်ယာဉ် (၄) စီး အပါအဝင် စုစုပေါင်း (၉ ) စီးကို ချင်းပြည်နယ် အစိုးရနှင့် ဒေသခံ ရပ်မိရပ်ဖများ ထံသို့ လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

‘ရေသယ်သစ်ယာဉ် (၄)စီး အား ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ကိုယ်စား ဦးတင်ထွန်း (ကမ္ဘောဇဘဏ်၊ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ) မှ ပေးအပ်လှူဒါန်းရာ 

ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်မြင့်စိုး က လက်ခံရယူခဲ့စဉ်’

ထို့အပြင် ချင်းပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်သိန်း (၁၀၀၀) ကို ချင်းပြည်နယ် အစိုးရထံသို့ ၂၀၁၆ ခုနှစ်က လှူဒါန်ခဲ့သည်။

၂၀၁၅ ခုနှစ်ရေကြီးရေလျံှမှုဖြစ်စဉ်တွင်လည်း ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းသည် ချင်းပြည်နယ်အတွက် ငွေကျပ်သိန်းပေါင်း (၁၅၀၀၀) ကျော် ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

‘ချင်းပြည်နယ် နှာဟရိန်မြို့နှင့် အနီးတဝိုက်ဒေသများတွင် သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရန် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) ကိုယ်စား

တာဝန်ရှိသူတစ်ဦးမှ ထန်တလန်မြို့နယ် စည်ပင်အမှုဆောင်အရာရှိထံ ရေသယ်ယာဉ်တစ်စီး လှူဒါန်းစဉ်’