ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ မြေလတ်ဒေသတွင် ဒုတိယအကြိမ် ရေအောင်ပွဲရရှိ။

ယခုအခါ မြန်မာပြည်အလယ်ပိုင်း၊ ဖန်ခါးမြေ ဟုခေါ်တွင်သည့် မြေလတ်ဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် ဒုတိယမြောက်ရွာအဖြစ် “အစစမ်း” ရွာ၌ DANDO စက်ရေတွင်းတူးစက်ကြီးဖြင့် သောက်သုံးရေရရှိစေရန် တူးဖေါ်ပေးခဲ့ပြန်ပါသည်။ အစစမ်းရွာသည် မကွေးမြို့နယ်၊ သစ်ရာကောက်တိုက်နယ်တွင် တည်ရှိပြီး မကွေး-တောင်တွင်းကြီး ကားလမ်းပေါ်တွင် ရှိပါသည်။ အစစမ်းရွာတွင် ဘုန်းတော်ကြီး ကျောင်း(၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁)ကျောင်း၊ မူလတန်းကျောင်း(၁)ကျောင်း၊အိမ်ထောင်စု(၂ရဝ)၊ လူဦးရေ (၁၄၀၀)ရှိသည့် ရွာ(၁)ရွာဖြစ်ပါသည်။ ၎င်းရွာ၏ အသက် မွေးဝမ်းကြောင်းလုပ်ငန်းမှာ မြေပဲနှင့်နှမ်း အများဆုံးစိုက်ပျိုးသည့် တောင်ယာလုပ်ငန်း ဖြစ်ပါသည်။

အစစမ်းရွာ စက်ရေတွင်းကို(၃-၅-၂၀၁၇)ရက် နေ့မှ(၈-၅-၂၀၁၇)ရက်နေ့အထိ တူးဖေါ်ပေးခဲ့ ရာ အနက်ပေ(၅၂၀)အရောက်တွင် တစ်နာရီ ရေဂါလန်(၃၆၀၀)ထွက်ရှိခဲ့ပါသည်။ ထိုကဲ့သို့ရေထွက်ရှိမှု ကြောင့် အစစမ်းရွာအနေဖြင့် ရေကို ယခင်ကထက် ပိုမိုသုံးစွဲနိုင်တော့မည် ဖြစ်ပါသည်။

အစစမ်းရွာစက်ရေတွင်းတူးဖေါ်အောင်မြင်မှုမှာ မကွေးတိုင်းဒေသကြီးတွင် DANDOစက်ကြီး၏ ဒုတိယအကြိမ် အောင်ပွဲဖြစ်ပြီး ကမ္ဘောဇအနာအလင်းတန်းမြန်မာဖေါင်ဒေးရှင်း(BFM)အတွက်မူ နိုင်ငံအနှံ့ တူးဖေါ်ပေးခဲ့သည့်စက်ရေတွင်းပေါင်း (၂၀၄)အနက်မှ (၁၅၄)တွင်းမြောက် ရေအောင်တွင်းလည်းဖြစ်ပါသည်။

ကမေ ္ဘာဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် တစ်ချိန်တည်းမှာပင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံ တွင်လည်း စက်ရေတွင်းတူးဖေါ်ပေးလျက် ရှိပါသည်။