ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မြန်အောင်မြို့၊ ပါရမီလူမှုကူညီရေးအသင်းသို့ ရေသယ်ယာဉ်အသစ်တစ်စီး ပေးအပ်လှူဒါန်း။

Image may contain: 3 people, people standing and outdoor

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလအတွင်း ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ရေသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ မေလ (၅) ရက်နေ့က မြန်အောင်မြို့၊ ပါရမီလူမှုကူညီရေးအသင်းသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီးကို လှူဒါန်းခဲ့ပါသည်။

အဆိုပါရေသယ်ယာဉ်အား ပါရမီလူမူကူညီရေးအသင်းရုံးတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား ကမ္ဘောဇဘဏ်လီမိတက် မြန်အောင်ဘဏ်ခွဲတာဝန်ခံဒေါ်ဝါဝါအောင်နှင့် ဖောင်ဒေးရှင်းတာဝန်ရှိသူများမှ ပေးအပ် လှူဒါန်းခဲ့ပြီး အသင်းတာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ် (၄၄) စီးကိုဝယ်ယူခဲ့ပြီး ရေရှားပါးသောဒေသများသို့ ဖောင်ဒေးရှင်း၏ ရေသယ်ယာဉ်များဖြင့် ရေဂါလံပေါင်းသန်းချီ၍ ဖြန့်ဝေလှူဒါန်းနိုင်ခဲ့ပါသည်။ ထို့အပြင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ဦးဆောင်မှုဖြင့် ရေရှားပါးခက်ခဲသောဒေသများရှိ ပရဟတိအဖွဲ့အစည်းအသီးသီးသို့ ရေသယ်ယာဉ် စုစုပေါင်း(၃၇)စီး ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ရေသယ်ယာဉ်အသစ် လှူဒါန်းမှုများအပြင် မြန်မာပြည်တစ်ဝှမ်း စက်ရေတွင်း ပေါင်း(၂၀၃)တွင်း တူးဖော်ပေးခဲ့ပြီး (၁၅၂)တွင်းကို အောင်မြင်စွာ တူးဖော်လှူဒါန်းပေးနိုင်ခဲ့ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း(BFM)သည် တစ်ချိန်တည်း မှာပင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့ရှိ မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံနှင့် ပင်လုံမြို့ရှိပိဋကတ်ကျောင်းများတွင် တစ်ပြိုင်နက် တူးဖေါ်လှူဒါန်းပေးလျှက်ရှိပါသည်။