ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ သာစည်မြို့နယ်၊ ဇေယျာသုခရေလှူအသင်းသို့ရေသယ်ယာဉ်အသစ်တစ်စီး ပေးအပ်လှူဒါန်း။

‘ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့်ဇေယျာသုခရေလှူအသင်းဝင်များ ရေသယ်ယာဉ်အသစ်လှူဒါန်းမှုအပြီးတွင် အမှတ်တရဓာတ်ပုံရိုက်ကူးကြစဉ်’

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဇေယျာသုခရေလှူအသင်းသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီးကို ဧပြီလ (၂၉) ရက်နေ့က လှူဒါန်းခဲ့ပါသည်။

အဆိုပါရေသယ်ယာဉ်အား ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းနှင့် ဖောင်ဒေးရှင်းတာဝန်ရှိသူများမှ ပေးအပ်လှူဒါန်းခဲ့ပြီး သာစည်မြို့နယ်၊ ဇေယျာသုခရေလှူအသင်း ဥက္ကဋ္ဌဦးဟန်ခင်နှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ် (၄၄) စီးကိုဝယ်ယူခဲ့ပြီး ရေရှားပါးသောဒေသများသို့ ရေဂါလံပေါင်းသန်းချီ၍ ဖြန့်ဝေလှူဒါန်းနိုင်ခဲ့ပါသည်။ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ဦးဆောင်မှုဖြင့် ယခုချိန်အထိ ရေသယ်ယာဉ် စုစုပေါင်း(၃၆)စီးကို ရေရှားပါးခက်ခဲသောဒေသများသို့ ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ရေသယ်ယာဉ်အသစ် လှူဒါန်းမှုများအပြင် ရေရှားပါးသည့်ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်
မြို့နယ်၊ ဖားအောက်တောရဓမ္မရိပ်သာ၊ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၊ ဝဲပဒန်ကျေးရွာနှင့်ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ မေတ္တာရှင်ကုသိုလ်ဖြစ် အခမဲ့ဆေးရုံတို့တွင်လည်း ရေတွင်းတူးစက်ကြီးများဖြင့် တစ်
ပြိုင်နက် တူးဖော်လှူဒါန်းပေးလျှက်ရှိပါသည်။ မြန်မာပြည်တစ်ဝှမ်းတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ စက်ရေတွင်း ပေါင်း (၁၅၁) တွင်းကို အောင်မြင်စွာ တူးဖော်လှူဒါန်းခဲ့ပါသည်။