(BFM) မှ တောင်သာမြို့တွင် တူးဖော်လှူဒါန်းသော(၇)တွင်းမြောက် စက်ရေတွင်းရေအောင်

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM)သည် စက်ရေတွင်း တူးစက်ကြီးများဖြင့် မြန်မာပြည်အနှံ့ ရေရှားပါးသောဒေသများတွင် စက်ရေတွင်းများတူးဖော်လှူဒါန်းပေးလျက်ရှိရာမန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့၊ ပြည်လုံးအောင်ချမ်းသာ ဘုရားကြီးကျောင်း၌ တူးဖေါ်ပေးလျက်ရှိသော စက်ရေတွင်းသည် ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ(၂၃)နေ့၌တစ်နာရီ (၂၅၀၀) ဂါလံနှုန်းဖြင့် အောင်မြင်ခဲ့ပြီဖြစ်ပါသည်။ ယခုအောင်မြင်ခဲ့သော စက်ရေတွင်းကြောင့် ယခုအခါတွင် ဘုရားဖူးများအနေဖြင့် သုံးရေကို လုံလောက်စွာ သုံးစွဲနိုင်ပြီဖြစ်သည့်အပြင်တောင်သာမြို့ရပ်ကွက်(၃)၊(၄) နှင့် (၆) ရှိ လူဦးရေ(၉၄၄၂) ဦးတို့ကို အကျိုးပြုနိုင်မည် ဖြစ်ပါသည်။
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM)မှရေတူးဖေါ်ရန် ခက်ခဲသောနေရာဒေသများ၌ စက်ရေတွင်း (၁၈၈)တွင်း တူးဖေါ်ပေးခဲ့ပြီး (၁၄၃)တွင်း အောင်မြင်စွာ တူးဖေါ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ သာမိုင်းခမ်းမွေတော်ကျောင်း၊ ပင်းတယမြို့နယ်၊ ရှားပြား(ခ)ဆားပြားကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဖျာဒိုးကျေးရွာရှိ ဖားအောက်တောရ ဓမ္မရိပ်သာတို့တွင်လည်း စက်ရေတွင်းများတပြိုင်နက် တူးဖော်လှူဒါန်းလျက်ရှိပါသည်။