မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်၊ ကျေးရွာများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကိုပါအခမဲ့ခွဲစိတ်ကုသပေးသွားမည်

မူလက ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အတွင်းရှိ လူနာများကိုသာ လက်ခံ ခွဲစိတ်ကုသပေးသွားမယ်လို့ စီစဉ်ထားပေမယ့်၊ ယခုအခါ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်၊ ကျေးရွာများမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာများကိုလည်း အခမဲ့ထည့်သွင်းကုသပေးသွားဖို့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက စီစဉ်ထားကြောင်း သတင်းကောင်းပါးလိုပါတယ်။ ဒါကြောင့် ယခုအစီအစဉ်သို့ ဆက်သွယ်လိုသော လူနာများအနေဖြင့် ဖုန်းနံပါတ်( ၀၉-၄၂၀ ၄၇၆ ၈၇၅ နှင့် ၀၉-၄၇၂ ၃၂၉ ၈၂၂ ) များသို့ အမြန်ဆုံး ဆက်သွယ် စာရင်းပေးသွင်းကြဖို့ တိုက်တွန်းပါရစေ။ လူနာများ ခွဲစိတ်ကုသမှုခံယူစဉ်တလျှောက်လုံး ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက လူနာများအတွက် လမ်းစရိတ်၊ တည်းခိုရန်နေရာနဲ့ အစားအသောက်မှအစ စရိတ်ငြိမ်း တာဝန်ယူဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ သင်နေထိုင်ရာ #မန္တလေးတိုင်း #စစ်ကိုင်းတိုင်း #ရှမ်းပြည်နယ်နှင့် #ကယားပြည်နယ် များရှိ မြို့နယ်၊ ကျေးရွာများမှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များရှိခဲ့ပါက ဒီသတင်းကိုမျှဝေပြီးကုသိုလ်ယူပေးကြပါ။