ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ စုရပ်ခေါင်းဆောင်များ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ စုရပ်ခေါင်းဆောင်များ၏ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၄ ရက်နေ့ (စနေနေ့) က တိုက်ကြီးမြို့၊ မြို့နယ်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

စုရပ် ခေါင်းဆောင်များအလုပ်ရုံဆွေးနွေးပွဲသို့ အသေးစားငွေရေးကြေးရေး လုပ်ငန်းမှ အကြံပေး ဆရာဦးမြင့်ဆွေ၊ ကမ္ဘောဇဘဏ်လီမိတက်၏ အကြီးတန်းအထွေထွေမန်နေဂျာ ဦးအောင်ကျော်စိုး၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း အတွင်းရေးမှုး ဒေါ်ခိုင်မာထွေး၊ ဖောင်ဒေးရှင်းမှ ဝန်ထမ်းများနှင့် လှည်းကူး၊ တိုက်ကြီး၊ ဥက္ကံ၊ သာယာဝတီ၊ ကျိုက်ထို၊ သထုံမြို့နယ်များမှ စုရပ်ခေါင်းဆောင် (၄၃၉) ဦးတက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသည့် စုရပ်ခေါင်းဆောင်များမှ မိမိတို့မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော အသေးစား ငွေရေးကြေးရေးလုပ်ငန်း၏ အားနည်းချက်၊ အားသာချက်တို့ကို မြို့နယ်အလိုက် တင်ပြခဲ့ကြပြီး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ကာရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် လမ်းညွှန်ချက်၊ ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပါသည်။