တောင်တန်းဒေသမှာ အပြုံးပန်းလေးများ ပွင့်လန်းနိုင်ဖို့၊ စာရင်းအမြန် ပေးသွင်းကြပါစို့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အဓိက ကူညီပံ့ပိုးပေးပြီး၊ Smile Asia Medical Mission နဲ့ ပူးပေါင်း စီစဉ်ကျင်းပမယ့် ဒုတိယအကြိမ်မြောက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအတွက် အခမဲ့ ခွဲစိတ်ကုသရေးအစီအစဉ်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့မှ (၁၀)ရက်နေ့အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ မိခင်နှင့်ကလေး အထူးကုဆေးရုံကြီး၌ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ အစီအစဉ်အတွက် လူနာများ ခွဲစိတ်ကုသမှုခံယူစဉ်တလျှောက်လုံး ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းက လူနာများအတွက် လမ်းစရိတ်၊ တည်းခိုရန်နေရာနဲ့ အစားအသောက်မှအစ စရိတ်ငြိမ်း တာဝန်ယူဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
အထူးသတိပြုရမှာက စာရင်းပေးသွင်းထားတဲ့ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အတွင်းက လူနာများကိုသာ ပထမဦးစားပေး လက်ခံခွဲစိတ်ပေးသွားမှာဖြစ်ပြီး၊ လူဦးရေအကန့်အသတ်ရှိတာကြောင့် ဖုန်းနံပါတ်( ၀၉-၄၂၀ ၄၇၆ ၈၇၅ နှင့် ၀၉-၄၇၂ ၃၂၉ ၈၂၂ ) များသို့ အမြန်ဆုံး ဆက်သွယ် စာရင်းပေးသွင်းကြဖို့ တိုက်တွန်းပါရစေ ။ ထပ်မံသတိပြုရန်မှာ – Comment များမှ စာရင်းပေးသွင်းမှုကို လက်ခံဖြေကြားသွားမှာ မဟုတ်ပဲ၊ ဖုန်းဆက် စာရင်းပေးသွင်းမှုများကိုသာ လက်ခံသွားမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အတွင်းမှာ ရှိတဲ့၊ မိမိသိရှိထားတဲ့ အလားတူဝေဒနာကို ခံစားနေရတဲ့ ဝေဒနာရှင်များရှိခဲ့ရင် သတင်းကောင်းပါးပေးပြီး ကုသိုလ်ယူလိုက်ပါ။
ကျွနု်ပ်တို့ရဲ့ တောင်တန်းဒေသမှာ အပြုံးပန်းလေးများနဲ့ အလှဆင်ကြပါစို့ …။