ကျွနု်ပ်တို့ရဲ့ ပတ်ဝန်းကျင်ကို အပြုံးပန်းလေးများဖြင့် အလှဆင်ကြပါစို့ …

” ကျွန်တော်တို့လို ငွေကြေးမတတ်နိုင်တဲ့သူတွေအဖို့က သမီးလေးဝေဒနာအတွက် ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။
သူ့ရှေ့က အကြီးနှစ်ယောက်လည်း ဒီလိုမဖြစ်ခဲ့ဘူး။ 
သမီးအငယ်ဆုံးလေးကျမှ ဒီလိုဝေဒနာမျိုးဖြစ်တော့ 
စိတ်ထဲမှာဝမ်းနည်းပြီး ခံစားရတယ် … ”
– ကိုခင်မောင်ငွေ 
(နှုတ်ခမ်းကွဲဝေဒနာရှင်ကလေးတစ်ဦး၏ မိဘ)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှကြီးမှူး၍ ကမ္ဘောဇအုပ်စု၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) မှ အဓိကကူညီပံ့ပိုးပေးကာ၊ Smile Asia နှင့် ပူးပေါင်းစီစဉ်ပြုလုပ်ခဲ့သည့် Eight-Day Cleft Free Myanmar Initiative အစီအစဉ်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် (၁၁၃)ဦးကို အောင်မြင်စွာဖြင့် အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး လှပသော အပြုံးများ ပိုင်ဆိုင်နိုင်ရန် ကူညီပေးနိုင်ခဲ့ပါသည်။

လူနာများ ခွဲစိတ်ကုသမှုခံယူစဉ်တလျှောက်လုံး ပါဝင်ကူညီခဲ့ကြသော Smile Asia Medical Mission နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ကျွမ်းကျင် ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များ၊ BFM တာဝန်ရှိပုဂ္ဂိုလ်များ၊လူနာများတည်းခိုရန်အတွက်နေရာထိုင်ခင်းစီစဉ်ပေးခဲ့သော ရေကူးမြို့မကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော်များ၊ လုပ်အားဒါနပြုပေးခဲ့ကြသော ကမ္ဘောဇအုပ်စုမှဝန်ထမ်းများနှင့် မိတ်ဆွေသူငယ်ချင်းများတို့အားကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

အထူးသဖြင့် အစီအစဉ်အောင်မြင်စေရန် မြန်မာနိုင်ငံအနှံ့အပြားမှ စိတ်အားထက်သန်စွာဖြင့်လာရောက်ခဲ့ကြသောဝေဒနာရှင်ကလေးငယ်များအား လှိုက်လှဲဝမ်းသာစွာဖြင့် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ဝေဒနာရှင်ကလေးငယ်များ၏ ပြင်းပြသော မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးခွင့်ရခဲ့သည့်အတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဝမ်းသာဂုဏ်ယူမိပါသည်။

” ကျွနု်ပ်တို့ရဲ့ ပတ်ဝန်းကျင်ကို အပြုံးပန်းလေးများဖြင့် အလှဆင်ကြပါစို့ …”