Articles from BFM

မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM)သည်၂၀၁၆ခုနှစ် ဇွန်လမှစ၍ ယနေ့ အထိ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့(၁၄)ခုသို့အလှူငွေကျပ် သိန်း(၁၀၀၀)စီဖြင့် စုစုပေါင်းကျပ် သိန်းပေါင်း(၁၄,၀၀၀)ကို ပေးအပ် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

အင်ဒိုနီးရှားနိုင်ငံ Balikpapan မြို့တွင် လူမှုကယ်ဆယ်ရေးအသင်းဖြစ်သည့် TAGANA အဖွဲ့မှ ကျင်းပပြုလုပ်သည့် How to prepare for the disaster andHow to handle the disaster သင်တန်းသို့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးစိုးတင်မောင်ဇော်က ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ တက်ရောက်ခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) သည် မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြား ရေရှားပါးသောနေရာဒေသများ၌ ရေတွင်းတူးစက်ကြီးများဖြင့် စက်ရေတွင်းများတူးဖော်လှူဒါန်းလျက်ရှိရာစစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အမှတ်(၃)ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတွင် တူးဖော်လျက်ရှိသော စက်ရေတွင်းသည် စက်တင်ဘာလ ၁၇

မြန်မာနိုင်ငံအတွင်းမှ လာနီညာရာသီဥတုကြောင့် အအေးလွန်ကဲနိုင်သောဒေသများရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည်ခေါင်းစွပ်ပါအနွေးထည် ၁၆၀၀၀၀ ကို ပြည်ပမှ မှာယူခဲ့ပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့လှူဒါန်းလျှက်ရှိရာ ယနေ့စက်တင်ဘာ ၁၇ ရက်နေ့တွင် ကရင်ပြည်နယ်း

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) သည် မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြား ရေရှားပါးသော နေရာဒေသများ၌ ရေတွင်းတူးစက်ကြီးများဖြင့် စက်ရေတွင်းများ တူးဖော်လှူဒါန်းလျက်ရှိရာ တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံးကြီးမြို့၊ လေးနားရပ်ကွက်၌ တူးဖော်လျက်ရှိသော စက်ရေတွင်းသည် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အနက်ပေ (၃၅၀) သို့ အရောက် တစ်နာရီရေဂါလံ (၁၂၀၀) နှုန်းဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) သည် မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြား ရေရှားပါးသောနေရာဒေသများ၌ရေတွင်းတူးစက်ကြီးများဖြင့် စက်ရေတွင်းများတူးဖော်လှူဒါန်းလျက်ရှိရာ ညောင်ရွှေမြို့နယ်၊ တောင်းလေးလုံး၊ အမှတ်(၄) ရဲလေ့ကျင့်ရေး သင်တန်းကျောင်းတွင် တူးဖော်လျက်ရှိသော စက်ရေတွင်းသည်

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈) အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ၎င်းငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသောပွင့်ဖြူမြို့နယ်နှင့် ကျေးရွာများရှိ ရှေးဟောင်းစေတီများ ပြန်လည်ပြုပြင်ရန်အတွက် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) မှ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းရှိ ကလေးငယ်များနှင့် ဝန်ထမ်းစုစုပေါင်း ၄၆၅ ဦးအတွက် (၃.၉.၂၀၁၆) ရက်နေ့တွင် အာဟာရဒါနသွားရောက်လှူဒါန်းခဲ့ပါသည်။
အဆိုပါ သင်တန်းကျောင်းသို့ BFM တာဝန်ရှိသူများ၊ ကမ္ဘောဇဘဏ်လီမိတက် တွံတေးဘဏ်ခွဲမှ အရာထမ်းဝန်ထမ်းများမှ နေ့လည်စာ

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) မှ မန္တလေးတိုင်းဒေသကြီး၊ သာဝတ္တိမြို့ရှိ မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ် (စမတောင်) သို့ ကျပ်သိန်း (၄၂၅) သိန်းတန်ဖိုးရှိ မီနီဘတ်စ် ယာဉ်နှစ်စီးလှူဒါန်းခဲ့ပါသည်။ အဆိုပါမော်တော်ယာဉ်နှစ်စီးကို (၃.၉.၂၀၁၆) ရက်နေ့တွင် BFM တာဝန်ရှိသူများမှ အဆိုပါ ပရဟိတကျောင်းတွင် သွားရောက်လှူဒါန်းခဲ့ပြီး စမတောင်ဆရာတော်မှ လက်ခံရယူခဲ့ပါသည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော မြန်မာနိုင်ငံသား (၁၃၇) ဦးကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM)မှ MAI စင်းလုံးငှားလေယာဉ်ဖြင့် စက်တင်ဘာလ (၆) ရက်နေ့တွင် ဒုတိယအသုတ်အဖြစ် အခမဲ့ ပြန်လည်ခေါ်ဆောင်လာခဲ့ပါသည်။ မလေးရှားနိုင်ငံထိန်းသိမ်းရေးစခန်း (၁၁) ခုတွင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံနေကြရသော မြန်မာနိုင်ငံသား (၂၂၉၄) ဦးရှိနေပြီး BFM ၏ စီစဉ်မှုဖြင့် ထိန်းသိမ်းခံ နိုင်ငံသားများကို မြန်မာနိုင်ငံသို့ အသုတ်ခွဲ၍ အခမဲ့ ပြန်လည်ခေါ်ဆောင်နေခြင်းဖြစ်သည်။