Articles from BFM

ကမ္ဘောဇဘဏ် နာယကကြီး ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်း နှင့် ဇနီး ဒုတိယဥက္ကဌ ပညာရေးတက္ကသိုလ် ကျောင်းတော်သူဟောင်း အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂ ီ ဒေါ်နန်းသန်းထွေး (လူမှုထူးချွန် ပထမဆင့်) တို့၏ လမ်းညွှန်ချက်ဖြင့် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာ ဖေါင်ဒေးရှင်းမှ ရန်ကုန်ပညာရေးတက္ကသိုလ် ဆရာကြီး၊ ဆရာမကြီး များအား ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ မှ စ၍ နှစ်စဉ် လှူဒါန်းမှုများနည်းတူ၂၀၁၉ ခုနှစ်အတွက် ကျပ်သိန်း (၃၀၀) နှင့် လစဉ် ကျန်းမာရေး စောင့်ရှောက်ငွေအဖြစ် ကျပ်သိန်း (၆၀)၊ စုစုပေါင်း ကျပ်သိန်း (၃၆၀) အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၊ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub Center ကျင်းပခဲ့သည့် အကြိမ် (၂၄) မြောက် "မြတ်ဆရာပူဇော်ပွဲအခမ်းအနား" တွင် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖေါင်ဒေးရှင်း၏ တာဝန်ရှိသူ ဦးအောင်ကျော်စိုး မှ လှူဒါန်းခဲ့ပြီး ရန်ကုန်ပညာရေးတက္ကသိုလ် မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးအုန်းမြင့်မှ ပြန်လည်ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာအား လက်ခံရယူခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်နန်းလိုင်းခမ်း၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့၊  "ရွှေဓမ္မရောင်ခြည် လူမှုဖောင်ဒေးရှင်း" သို့ လိုအပ်သည့် လူမှုကူညီရေးများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် သိန်း (၁၃၀) ကျော် တန်ဖိုးရှိ Hyundai Lightruck တစ်စီးကို ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ဖောင်ဒေး၇ှင်းအဖွဲ့ဝင်များက ပေးအပ်လှူဒါန်းခဲ့ပါသည်။

၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့က ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံမှ ဦးဆောင်ကာ အမျိုးသားကန်တော်ကြီးဥယျာဉ် (ဗိုလ်ချုပ်ကြေးရုပ်) ၌ ကျင်းပပြုလုပ်ခဲ့ရာ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပါဝင် ကူညီပံ့ပိုး ပေးခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် မြန်မာပြည် တစ်ဝှန်းရေရှားပါးသောဒေသများတွင် ရေတွင်းတူးစက်ကြီးများနှင့်တောင်ပေါ်မြေပြန့်မခွဲပဲ တူးဖော်ပေးလျှက်ရှိရာ တောင်ပေါ်ဒေသ ဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ခုတင် (၂၀၀) လွိုင်လင်ခရိုင်ပြည်သူ့ဆေးရုံ၌လည်း တူးဖော်ပေးခဲ့ပါသည်။

ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်၌ ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်ပိုင်းက ဆရာ၊ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ စီးနင်းလိုက်ပါလာသည့်ထော်လာဂျီတွဲယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာယာဉ်မောင်းအပါအဝင်ကျောင်းသူ/ကျောင်းသား ၅ ဦးသေဆုံး၍ ၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘောဇနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) သည်ခေတ်မီစက်ရေတွင်းတူးစက်ကြီးများဖြင့် မြန်မာနိုင်ငံတဝှမ်း ရေရှားပါးသောဒေသများတွင် စက်ရေတွင်းများ တူးဖော်လှူဒါန်းပေးလျှက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ ဘိုးဘွားရိပ်သာတွင် တူးဖော်ပေးခဲ့သော စက်ရေတွင်းသည် (၁၉.၂.၂၀၁၇) ရက်နေ့၌  အန

ကမေ ္ဘာဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း(BFM)သည် စက်ရေတွင်းတူးစက်ကြီးများဖြင့့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရေရှားပါးသောဒေသများတွင် စက်ရေတွင်းများ တူးဖေါ်လှူဒါန်းပေးလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလော မြို့နယ်၊ ဟဲဟိုး မြက်ဆက်ဖါးအောက်တောရ ဓမ္မရိပ်သာတွင် တူးဖေါ်ပေးခဲ့သော

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် Smile Asia Medical Mission တို့ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်များအတွက် အခမဲ့ ခွဲစိတ်ကုသပေးခဲ့ရာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်ကလေးငယ် ၇၉ ဦး ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

၂၀၁၇-ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်တွင် ကျင်းပသည့် နှစ်( ၇၀ )မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုထူးချွန်( ပထမဆင့်) ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် Smile Asia Medical Mission တို့ ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်များအတွက် အခမဲ့ ခွဲစိတ်ကုသပေးသည့် အစီအစဉ် ပထမနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဝေဒနာရှင် ကလေးငယ် (၁၉) ဦးကိုအောင်မြင