Articles from BFM

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မြန်မာပြည်တစ်ဝှမ်း ရေရှားပါးသောဒေသများတွင် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ စက်ရေတွင်းများတူးဖော်လှူဒါန်းပေးလျှက်ရှိရာ ဧပြီလ ၃ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ဓာတ်တော်ကျောင်း စက်ရေတွင်းသည် အနက်ပေ ၂၂၅ ပေအရောက်တွင် တစ်နာရီရေဂါလံ ၂၀၀၀ နှုန်းဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM ) ၏ တွင်း ၁၅၀ မြောက်ရေအောင်တွင်း အဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်၌ တူးဖော်ပေးသော ဒုတိယမြောက် စက်ရေတွင်းသည် မတ်လ (၂၉) ရက်နေ့တွင် အနက်ပေ (၅၀၅) ပေ အရောက်၌ တစ်နာရီ ရေ(၂၅၀၀)ဂါလန်နှုန်းဖြင့် ထွက်ရှိအောင်မြင်ခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ သီတဂူဗုဒ္ဓတက္ကသိုလ်သို့ ဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ် အသစ်တစ်စီးကို မတ်လ ၃၁ ရက်နေ့ (ယနေ့) တွင် လှူဒါန်းခဲ့ပါသည်။

ကျပ်သိန်း(၄၅၀)တန်ဖိုးရှိ ရေဂါလံ(၃၀၀၀)ဆံ့ ရေသယ်ယာဉ်အသစ် (၂)စီးကို မတ်လ (၂၆) ရက်နေ့တွင် မကွေးမြို့၊ အောင်မြေပရဟိတအသင်းသို့လည်းကောင်း၊ ရေသယ်ယာဉ်အသစ် (၁) စီးကို မတ်လ (၂၅) ရက်နေ့တွင် နတ်မောက်မြို့၊ စိတ်ဓါတ်ဖြူစင်ကရုဏာရှင်များ ပရဟိတအသင်းသို့ လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကမေ ္ဘာဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် မြန်မာပြည်တဝှမ်း ရေရှားပါးသောဒေသများတွင် ရေတွင်းတူး စက်ကြီးများဖြင့် တူးဖေါ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ပထမ အကြိမ်အဖြစ် တူးဖော်ပေးသော စက်ရေတွင်းမှ အနက်ပေ(၂၀၀)အရောက်တွင် သန့်ရှင်းကောင်းမွန်သော သောက်သုံးရေကို တစ်နာရီ (၁၅၀၀)ဂါလန်နှုန်းနှင့် ရရှိခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် မြန်မာပြည်တဝှမ်းရှိ ရေရှားပါးသောဒေသများတွင် ခေတ်မီ စက်ရေတွင်းတူးစက်ကြီးများဖြင့်တောင်ပေါ်မြေပြန့်နေရာဒေသမရွေး တူးဖော်ပေးလျှက်ရှိရာ ၂၀၁၇ ခုနှစ် မတ်လ (၁၀) ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့၊ ကုံလုံကျောင်းတိုက်၏ ဒုတိယမြောက်စက်ရေတွင်းသည် အနက်ပေ (၄၆၀) အရောက်တွင် တစ်နာရီရေဂါလံ (၄၅၀၀) ဂါလံနှုန်းဖြင့်တူးဖော်အောင်မြင်ခဲ့ပြီဖြစ်ပါသည်။

မြန်မာပြည်တစ်ဝှန်း တူးဖေါ်လှူဒါန်းပေးခဲ့သည့် စက်ရေတွင်းပေါင်း (၁၉၇)တွင်းရှိပြီး ဒေသခံပြည်သူများအတွက် သောက်သုံးရေ ဖူလုံစေသည့် ရေထွက်တွင်းပေါင်းမှာ ယခု တူးဖေါ်အောင်မြင်သည့် ကလောမြို့နယ်၊ သာမိုင်းခမ်းရွာ စက်ရေတွင်း အပါအဝင် (၁၄၈)တွင်းရှိပြီဖြစ်ပါသည်။

မြန်မာပြည်တစ်ဝှန်း တူးဖေါ်လှူဒါန်းပေးခဲ့သည့် စက်ရေတွင်းပေါင်း (၁၉၇)တွင်းရှိပြီး ဒေသခံပြည်သူများအတွက် သောက်သုံးရေ ဖူလုံစေသည့် ရေထွက်တွင်းပေါင်းမှာ ယခု တူးဖေါ်အောင်မြင်သည့် ကလောမြို့နယ်၊ သာမိုင်းခမ်းရွာ စက်ရေတွင်း အပါအဝင် (၁၄၈)တွင်းရှိပြီဖြစ်ပါသည်။

ရေရှားပါးသည့်ဒေသများတွင် ရေများလှူဒါန်းနိုင်ရန်အတွက် မတ်လ(၁၈)ရက်နေ့တွင်ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ မြင်းခြံမြို့နယ် အဖြူရောင်လက်များပရဟိတအသင်းသို့ ကျပ်သိန်း(၄၅၀)တန်ဖိုးရှိ ရေဂါလံ(၃၀၀၀)ဆံ့ ရေသယ်ယာဉ် အသစ်တစ်စီး လှူဒါန်းခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှကျော်သူပရဟိတကွန်ယက်အဖွဲ့၊ ရေနံချောင်းမြို့အဖြူရောင်ပရဟိတအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး မြသပိတ်-ဘုံဆွမ်းလောင်းအသင်းနှင့် ပုသိမ်မြို့ မြို့မရေသန့်အလှူတော်အသင်း အစရှိသည့်ပရဟိတအဖွဲ့(၄)ဖွဲ့သို့ ကျပ်သိန်း(၄၅၀)တန်ဖိုးရှိ ရေဂါလံ(၃၀၀၀)ဆံ့ ရေသယ်ယာဉ်အသစ်တစ်စီးစီ ပေးအပ် လှူဒါန်းခဲ့ပါသည်။