Articles from BFM

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (EMERGENCY RESCUE AND SOCIAL SUPPORT DEVELOPMENT ORGANIZATION) ရန်ကုန် သို့ ယနေ့ မေလ ၁၂ ရက်နေ့တွင် ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ်အသစ် တစ်စီးလှူဒါန်းခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မြန်မာပြည်အနှံ့သောက်သုံးရေရှားပါးသော ဒေသများတွင် စက်ရေတွင်းများကို တောင်ပေါ်မြေပြန့်မခွဲပဲ တူးဖေါ်ပေးခဲ့သည်မှာ၂၀၁၃ခုနှစ်မှစ၍ ယနေ့ တိုင်ဖြစ်ပါသည်။

ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလရောက်သည့်အချိန်တိုင်း ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ ယနေ့ မေလ (၉) ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၊စေတနာရှင် လူမှုကူညီရေးအသင်းသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီးကို လှူဒါန်းခဲ့ပါသည်။

မြန်မာပြည်အနံှ့တူးဖော်ပေးသော စက်ရေ တွင်းပေါင်းမှာ ယခုရေအောင်သော ပင်လုံမြို့၊့ပိဋကတ်ကျောင်းတိုက် စက်ရေတွင်းနှင့် ဆိုလျှင်(၂၀၄)တွင်းရှိပြီဖြစ်ပြီး ရေထွက်သည့် စက်ရေတွင်းပေါင်းမှာ (၁၅၃)တွင်းရှိပြီ ဖြစ်ပါသည်။ ပင်လုံမြို့မှာ သမိုင်းဝင်မြို့ တစ်မြို့ဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၌တည်ရှိသော မြို့နယ်ခွဲအဆင့့်ရှိ မြို့တစ်မြို့လည်းဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း က အလှူငွေကျပ်သိန်း(၇၀၀)ဖြင့် မတည်လှူဒါန်း ဆောင်ရွက်ပေးခဲ့သော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ကျက်သရေဆောင်၊ ပုန်းတလုတ်ရေကန်တော်ကြီး ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဇော်ဂျီရေထွက်မှ ရေသွယ်ယူခြင်း၊ အောင်ပွဲ အထိမ်းအမှတ် အခမ်းအနားကို မေလ (၅)ရက်နေ့က ပင်းတယမြို့ Diamond Queen မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလအတွင်း ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ရေသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ မေလ (၅) ရက်နေ့က မြန်အောင်မြို့၊ ပါရမီလူမှုကူညီရေးအသင်းသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီးကို လှူဒါန်းခဲ့ပါသည်။

ကမေ ္ဘာဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ မြန်မာပြည် အလယ်ပိုင်း၊ ဖန်ခါးမြေဟုခေါ်တွင်သည့် မြေလတ်ဒေသဖြစ်သော မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်၊ ရန်ကုန်-ပြည်-မကွေးလမ်းမကြီးပေါ်တွင်ရှိသော စမ်းမကြီးရွာတွင် DANDOရေတွင်း တူးစက်ကြီးဖြင့် သောက်သုံးရေရရှိစေရန် အောင်မြင်စွာ တူးဖေါ်ပေးနိုင်ခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဇေယျာသုခရေလှူအသင်းသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီးကို ဧပြီလ (၂၉) ရက်နေ့က လှူဒါန်းခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ကယားပြည်နယ်လွိုင်ကော်မြို့ရှိ ရွှေလွိုင်ကော်(ကယား) ပရဟိတ အသင်းသို့ ဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ်အသစ်တစ်စီးကို ဧပြီလ ၉ ရက်နေ့ ကလှူဒါန်းခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မြန်မာပြည်တစ်ဝှမ်း ရေရှားပါးသောဒေသများတွင် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ စက်ရေတွင်းများတူးဖော်လှူဒါန်းပေးလျှက်ရှိရာ ဧပြီလ ၃ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ဓာတ်တော်ကျောင်း စက်ရေတွင်းသည် အနက်ပေ ၂၂၅ ပေအရောက်တွင် တစ်နာရီရေဂါလံ ၂၀၀၀ နှုန်းဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။