Articles from BFM

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘော်ဆိုင်း၊ ပင်းတယ၊ ရပ်စောက်ဆုံရာဒေသဖြစ်သည့် ကုန်းမဲဝိဇ္ဖာတောင်ကျောင်းတိုက်တွင် စက်ရေတွင်းတူဖေါ်လျက်ရှိရာ ၂၀၁၈ ဧပြီလ ၃ ရက်နေ့တွင် တစ်နာရီရေဂါလံ ၁၅၀၀ နှုန်းဖြင့် ရေအောင်ခဲ့ပါသည်။

 

 

မကွေးတိုင်းဒေသကြီးတွင် (၁၄)တွင်းမြောက် စက်ရေတွင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် MYEAနှင့်ပူးပေါင်း၍ နတ်မောက်မြို့နယ် ကွေ့ချောင်းတဲတိုက်(ပဒေသာတဲတိုက်)တွင် တူးဖေါ်ပေးခဲ့ပါသည်။ ကွေ့ချောင်းတဲတိုက်တွင် ဗမာလူမျိုးများ နေထိုင်ကြပြီး တောင်သူလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြပါသည်။

 

ချင်းပြည်နယ် နှာဟရိန်မြို့နှင့် အနီးတဝိုက်ဒေသများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရန် ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ်သစ် တစ်စီးကို ဖေဖေါ်ဝါရီလ (၅) ရက်နေ့က နှာဟရိန်မြို့ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) ကိုယ်စား တာဝန်ရှိသူတစ်ဦးက ပေးအပ်လှူဒါန်းခဲ့ပါသည်။

ချင်းပြည်နယ် ထန်တလန်မြို့နှင့် အနီးတဝိုက်ဒေသများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရန် ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ်သစ် နှစ်စီးကို အောက်တိုဘာလ (၂၁) ရက်နေ့က ထန်တလန်မြို့နယ်ခန်းမတွင် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) က ပေးအပ်လှူဒါန်းခဲ့ပါသည်။

 

 

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ရေသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ ယနေ့ စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ်အတွက် ဂါလံ ( ၃၀၀၀ ) ဆံ့ရေသယ်ယာဉ် အသစ်တစ်စီးကို ပခုက္ကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ စီမံခန့်ခွဲရေးကေ်ာမတီသို့ လှူဒါန်းခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM) သည် မကွေးတိုင်းဒေသ ကြီးအစိုးရအဖ့ွဲ၊ MYEA တို့ဖြင့်ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊
တက်ဝန်(မ)ကျေးရွာတွင် BFM ၏ အင်္ဂလန်နိုင်ငံလုပ် DANDO စက်ရေတွင်းတူး စက်ကြီးဖြင့် စက်ရေတွင်းတူးဖေါ်လှူဒါန်းပေးခဲ့ဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ရေသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ ယနေ့ ဇွန်လ (၂၀) ရက်နေ့တွင်
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ မနောဖြူ လူမှုကူညီရေးအသင်းသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီး လှူဒါန်းခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မြန်မာပြည်အနှံ့ သောက်သုံးရေရှားပါးသော ဒေသများတွင် စက်ရေတွင်းများကို တောင်ပေါ်မြေပြန့်နေရာမရွေး တူးဖေါ်ပေးခဲ့သည်မှာ၂၀၁၃ခုနှစ်မှစ၍ ယနေ့ တိုင်ဖြစ်ပါသည်။

ယခုအခါ မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ၌ တူးဖော်လှူဒါန်းနေသော စက်ရေတွင်းသည် မေလ (၂၃) ရက်နေ့၌ အနက်ပေ (၆၁၀)အရောက်တွင် တစ်နာရီ ရေဂါလံံ(၅၀၀၀) ခန့်ဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။

တောင်ကြီးမြို့၊ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင် တူးဖေါ်လှူဒါန်းပေးသောစက်ရေတွင်းသည် မေလ (၁၉) ရက်နေ့၌ အနက်ပေ (၇၂၀)အရောက်တွင် တစ်နာရီ ရေဂါလံံ(၁၀၀၀) ခန့်ဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ရသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ ယနေ့ မေလ (၁၆) ရက်နေ့တွင် သဘာဝပတ်ဝန်ကျင် ကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးဒုက္ခများကူညီကယ်ဆယ်ရေးကွန်ယက် (ပဲခူးမြို့) သို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီး လှူဒါန်းခဲ့ပါသည်။