Articles from BFM

'' ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုကို ကိုယ်တိုင်ယုံယုံကြည်ကြည်နဲ့ ကြိုးစားမယ်ဆိုရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ အဓိကအချက်က ကိုယ်တိုင်ကြိုးစားချင်စိတ်ပဲ ရှိဖို့လိုတာ '' အထက်ပါစကားကို ပြောကြားခဲ့သူက အင်္ဂလိပ်စာဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှပေးအပ်သော ပညာသင်ဆုကို ရရှိခဲ့သည့် '' ရန်ကုန်မျက်မမြင်ကျောင်း '' မှ မဥမ္မာထွေးပင်ဖြစ်သည်။

 

 

ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်းဒေးရှင်းသည် အခရာအမျိုးသမီးအဖွဲ့ (Akhaya Women Myanmar) မှ ဦးစီးဆောင်ရွက်လျှက်ရှိသည့် မျက်နှာအားအက်စစ်ဖြင့် အပက်ခံခဲ့ရသည့် အမျိုးသမီးငယ်၏ အရေးပေါ်ဆေးကုသစရိတ်အတွက် ပူးပေါင်းပါဝင်ကူညီသည့်အနေဖြင့် အမေရိကန်ဒေါ်လာ (၁၀,၀၀၀/-) တိတိကို ၂၀.၁၀.၂၀၁၆ ရက်နေ့က လှူဒါန်းခဲ့ပါသည်။

ဗြိတိန်နိုင်ငံအစိုးရ၏ ဖိတ်ကြားမှုဖြင့် ကမ္ဘောဇဘဏ်လီမိတက် အမှုဆောင်ဒါရိုက် တာဒေါ်နန်းလိုင်းခမ်းသည် ယခုနှစ်စက်တင်ဘာလအတွင်း လန်ဒန်နှင့် နယူးကာဆယ်မြို့များ၌ ပြုလုပ်သည့် International Leaders Programmeသို့ ၁၀ ရက်ကြာ တက်ရောက်ခဲ့ပါသည်။ ၎င်းအစီအစဉ်သည် ဗြိတိန်နိုင်ငံ အစိုးရ၊ နိုင် ငံခြားရေးနှင့် ဓနသဟာယနိုင်ငံများရုံး၏ ထင်ရှားသည့် အစီအစဉ်တစ်ခုဖြစ်ပြီး ကမ္ဘာ တစ်ဝန်းမှ အနာဂတ် ခေါင်းဆောင်များကို ရွေးချယ် ဖိတ်ကြားခြင်းဖြစ်သည်။

 

 

Microfinance အဖွဲ့ဝင်အမျိုးသမီးများနှင့် ၎င်းတို့၏ သားသမီးများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အစီအစဉ်အဖြစ် အခမဲ့ အခြေခံစက်ချုပ်သင်တန်းကို အပတ်စဉ် ဖွင့်လှစ်ပေးခဲ့ရာ ယခုအခါ သင်တန်းအမှတ်စဉ်(၅)တွင် သင်တန်းဆင်းဦးရေ (၁၉)ဦးအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့နိုင်ပါသည်။

 

 

 

ဒီနေ့ဟာဆိုရင် နိုင်ငံတကာအမျိုးသမီးများနေ့ ( International Women’s Day) ပါ။
လူ့အဖွဲ့အစည်းတစ်ရပ်လုံးက လေးစားရတဲ့ သူတော်စင် မာသာထရီဆာက မေတ္တာတရားကို "အပြုံး" များနဲ့ စတင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ချစ်ခြင်းမေတ္တာတရားတွေနဲ့ လှပတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ဖို့ တို့အားလုံးရဲ့ "အပြုံး"တွေ အဆင်သင့်ပဲလား။

 

 

ယခုရေအောင်ခဲ့သည့် စက်ရေတွင်းကို ၂၀၁၈ မေလ ၃ ရက်နေ့က စတင်၍ တူးဖေါ်ခဲ့ခြင်းဖြစ်ပြီး ဟဲဟိုးဖါးအောက်တောရဓမ္မရိပ်သာတွင် တရားစခန်းဝင်သော ပြည်တွင်း၊ ပြည်ပ ယောဂီများ၊ သံဃာတော်များ၊ သီတင်သုံးနေ ထိုင်လျက်ရှိသည့် အပြင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်သားများလည်းရှိနေသဖြင့် သောက်သုံးရေဖူလုံစေရန် ယခုကဲ့သို့ဒုတိယမြောက် စက်ရေတွင်းတူးဖေါ် ပေးခဲ့ခြင်းဖြစ်ပါသည်။

ယခုရေအောင်ခဲ့သည့် စက်ရေတွင်းကို ၂၀၁၈ မေလ ၃ ရက်နေ့က စတင်၍ တူးဖေါ်ခဲ့ခြင်းဖြစ်ပြီး ဟဲဟိုးဖါးအောက်တောရဓမ္မရိပ်သာတွင် တရားစခန်းဝင်သော ပြည်တွင်း၊ ပြည်ပ ယောဂီများ၊ သံဃာတော်များ၊ သီတင်သုံးနေ ထိုင်လျက်ရှိသည့် အပြင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်သားများလည်းရှိနေသဖြင့် သောက်သုံးရေဖူလုံစေရန် ယခုကဲ့သို့ဒုတိယမြောက် စက်ရေတွင်းတူးဖေါ် ပေးခဲ့ခြင်းဖြစ်ပါသည်။