Category: News

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းမှ အသင်းသား ချေးငွေအဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် ပြုလုပ်ကျင်းပ။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းမှ အသင်းသား ချေးငွေအဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် ပြုလုပ်ကျင်းပ။

၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ၊ (၁၀)ရက်နေ့တွင် ဒုတိယအကြိမ်မြောက်အဖြစ် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် SSC ဆေးရုံတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ အနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ အသေးစားငွေရေးကြေးရေး လုပ်ငန်းမှ အသင်းသားချေးငွေအဖွဲ့ဝင် အမျိုးသမီး စုစုပေါင်း (၆၀၀)ဦးအား “ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်” အနေဖြင့် အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်ခဲ့ပါသည်။ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ၊ (၁၀)ရက်နေ့တွင် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပထမအကြိမ်အဖြစ် (ဘီ)ပိုးရောဂါ ရှိ/မရှိ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များကို ဆက်လက်၍ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၈ခုနှစ်၊ မတ်လတွင်လည်း တတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

OCTOBER 23, 20ချင်းပြည်နယ် ထန်တလန်မြို့နှင့် အနီးတဝိုက်အတွက် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်အသစ် နှစ်စီးလှူဒါန်း။

OCTOBER 23, 20ချင်းပြည်နယ် ထန်တလန်မြို့နှင့် အနီးတဝိုက်အတွက် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်အသစ် နှစ်စီးလှူဒါန်း။

‘ကမ္ဘောဇဘဏ်၏ အထက်မြန်မာပြည်တာဝန်ခံ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းမှ ကားနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို မြို့မိမြို့ဖ ဥက္ကဌအား လွှဲပြောင်း ပေးအပ်စဉ်။’ ချင်းပြည်နယ် ထန်တလန်မြို့နှင့် အနီးတဝိုက်ဒေသများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရန် ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ်သစ် နှစ်စီးကို အောက်တိုဘာလ (၂၁) ရက်နေ့က ထန်တလန်မြို့နယ်ခန်းမတွင် အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) က ပေးအပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကမ္ဘောဇဘဏ်၏ အထက်မြန်မာပြည်တာဝန်ခံ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းမှ ကားနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို မြို့မိမြို့ဖ ဥက္ကဌအား လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ထို့နောက် သိက္ခာတော်ရဆရာတော် ဆရာဇက်အိပ်(စ်) မှ ဆုမွန်များတောင်းပေးခဲ့ပါသည်။ ‘ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ကျေးဇူးတင်စကားပြောကြားစဉ်။’ ယခုကဲ့သို့ရေသယ်ယာဉ်သစ် နှစ်စီး ပေးအပ်လှူဒါန်းခြင်းကြောင့်...

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပခုက္ကူမြို့နယ်အတွက် ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပခုက္ကူမြို့နယ်အတွက် ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ရေသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ ယနေ့ စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ်အတွက် ဂါလံ ( ၃၀၀၀ ) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီးကို ပခုက္ကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ စီမံခန့်ခွဲရေးကေ်ာမတီသို့ လှူဒါန်းခဲ့ပါသည်။ အဆိုပါရေသယ်ယာဉ်အသစ်အား ပခုက္ကူမြို့၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား ကမ္ဘောဇဘဏ်လီမိတက် ပခုက္ကူဘဏ်ခွဲ(၁) တာဝန်ခံ ဒေါ်နီလာကို နှင့် ပခုက္ကူဘဏ်ခွဲ(၂) တာဝန်ခံ ဦးမိုးဇော်ထွန်းတို့မှ ပေးအပ်လှူဒါန်းခဲ့ပြီး ပခုက္ကူမြို့နယ်ကိုယ်စား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ လက်ခံရယူခဲ့ပါသည်။ အခမ်းအနားသို့ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း မှ လှူဒါန်းခဲ့သော ရေပေးဝေရေး အလှူတော်ရေကားဖြင့် ပရဟိတအသင်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ရေရှားပါးသော အညာဒေသဖြစ်သည့် ပခုက္ကူ မြို့နယ်တဝိုက်နှင့်...

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းအား အာဆီယံထူးချွန်လူငယ်ဆု ပေးအပ်ချီးမြှင့်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းအား အာဆီယံထူးချွန်လူငယ်ဆု ပေးအပ်ချီးမြှင့်။

‘အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဋ္ဌဒေါ်နန်းလိုင်းခမ်း လက်ခံရရှိခဲ့သောThe Ten Accomplished Youth Organizations (TAYO) ASEAN Award 2017 ကို တွေ့ရစဉ်’ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လူငယ်ရေးရာကိစ္စများနှင့်စပ်လျဉ်းသော အာဆီယံဝန်ကြီးများ၏ (၁၀)ကြိမ်မြောက် အစည်းအဝေး၊ အာဆီယံ+၃ ဝန်ကြီးများ၏ (၆) ကြိမ်မြောက်အစည်းအဝေးနှင့် ယှဉ်တွဲပြုလုပ်သည့် အာဆီယံ(၁၀)နိုင်ငံမှ ထူးချွန်လူငယ်များအတွက် ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ ထူးချွန်လူငယ် (၄၀) ဦးနှင့် အတူ ဆုရရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဋ္ဌဒေါ်နန်း လိုင်းခမ်းအား TAYO ထူးချွန်လူငယ်ဆု – The Ten Accomplished Youth Organizations (TAYO)...

မကွေးတိုင်းဒေသကြီးတွင် တူးဖေါ်လှူဒါန်းပေးလျက်ရှိသော ပဉ္စမမြောက် စက်ရေတွင်း ရေအောင်။

မကွေးတိုင်းဒေသကြီးတွင် တူးဖေါ်လှူဒါန်းပေးလျက်ရှိသော ပဉ္စမမြောက် စက်ရေတွင်း ရေအောင်။

အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM) သည် မကွေးတိုင်းဒေသ ကြီးအစိုးရအဖ့ွဲ၊ MYEA တို့ဖြင့်ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တက်ဝန်(မ)ကျေးရွာတွင် BFM ၏ အင်္ဂလန်နိုင်ငံလုပ် DANDO စက်ရေတွင်းတူး စက်ကြီးဖြင့် စက်ရေတွင်းတူးဖေါ်လှူဒါန်းပေးခဲ့ဲ့ပါသည်။ ယခုတူးဖေါ်လှူဒါန်းပေးသော စက်ရေတွင်း မှာ အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM) အတွက် မကွေးတိုင်း ဒေသကြီး၌ တူးဖော်လှူဒါန်းပေးသော ပဉ္စမြောက်ရေအောင်တွင်း ဖြစ်ပြီး မကွေးတိုင်းအစိုးရအဖွဲ့၊ MYEA တို့နှင့် ပူးပေါင်း၍ တူးဖော်လှူဒါန်းပေးသော ဒုတိယမြောက် ရေအောင်တွင်းလည်းဖြစ်ပါသည်။ တက်ဝန် (မ)ကျေးရွာတွင် စက်ရေတွင်းကို (၁၇.၆.၂၀၁၇)ရက်နေ့တွင် စတင်တူးဖေါ်ခဲ့ပြီး (၂.၇.၂၀၁၇)ရက်နေ့၊ အနက်ပေ(၉၂၀) အ ရောက်တွင် တစ်နာရီ ရေ(၃၀၀၀)ဂါလန်နှုန်းဖြင့် ထွက်ရှိခဲ့သဖြင့် တက်ဝန်ရွာသူ ရွာသားများအနေဖြင့် ရေကိုစိတ်အေးချမ်းသာစွာ အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။ တက်ဝန်(မ)ကျေးရွာသည် မကွေးတိုင်းဒေသ ကြီး၊ နတ်မောက်မြို့နယ်တွင်တည်ရှိပြီး...

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ မနောဖြူ လူမှုကူညီရေးအသင်းသို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ မနောဖြူ လူမှုကူညီရေးအသင်းသို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ရေသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ ယနေ့ ဇွန်လ (၂၀) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ မနောဖြူ လူမှုကူညီရေးအသင်းသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီး လှူဒါန်းခဲ့ပါသည်။ အဆိုပါရေသယ်ယာဉ်အသစ်အား မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲတွင် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား မကွေးတိုင်းဒေသကြီးတာဝန်ခံ ဒေါ်ရူပါဝင်းနှင့် ကမ္ဘောဇဘဏ်လီမိတက်ချောက်ဘဏ်ခွဲ တာဝန်ခံ ဦးကျော်ခိုင်တို့မှ ပေးအပ်လှူဒါန်းခဲ့ပြီး မနောဖြူ လူမှုကူညီရေး အသင်းဥက္ကဌ ဦးအောင်ထွန်းဦးမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် အသင်းဥက္ကဌ ဦးအောင်ထွန်းဦးမှ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးသည့်ဒေသများ၌ ရေဖြန့်ဝေလှူဒါန်းခြင်းများ ပြုလုပ်နိုင်ရန် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ်အသစ် (၄၄) စီးကိုဝယ်ယူခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ သောက်သုံးရေရှားပါးမှု အခက်အခဲနှင့် ကြုံတွေ့နေရသော ဒေသများအရောက်...

ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား THE ASIAN BANKER မှ “THE PROMISING YOUNG BANKER IN MYANMAR AWARD (အနာဂတ် လူငယ်ဘဏ်လုပ်ငန်းရှင်)” ဆုချီးမြှင့်။

ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား THE ASIAN BANKER မှ “THE PROMISING YOUNG BANKER IN MYANMAR AWARD (အနာဂတ် လူငယ်ဘဏ်လုပ်ငန်းရှင်)” ဆုချီးမြှင့်။

‘စင်ကာပူနိုင်ငံအခြေစိုက် The Asia Banker အဖွဲ့အစည်းမှ ချီးမြှင့်သည့် “အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု (The Promising Young Banker in Myanmar)”ဆုနှင့်အတူ ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းကိုတွေ့ရစဉ်’ စင်္ကာပူနိုင်ငံ အခြေစိုက် The Asia Banker Leadership Achievement Awards 2017 ညစာစားပွဲအခမ်းအနားကို ဇွန်လ (၈) ရက် နေ့ ညနေပိုင်းက စင်္ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနား၌ The Asia Banker မှ ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား “အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု (The Promising Young Banker in Myanmar)” ကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ The Asia...

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)မှ တူးဖော်လှူဒါန်းပေးသည့် မကွေးတိုင်းဒေသကြီး၊ တံခွန်တိုင်ကျေးရွာ စက်ရေတွင်း တစ်နာရီ ရေဂါလံ(၅၀၀၀) နှုန်းဖြင့် ရေအောင်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)မှ တူးဖော်လှူဒါန်းပေးသည့် မကွေးတိုင်းဒေသကြီး၊ တံခွန်တိုင်ကျေးရွာ စက်ရေတွင်း တစ်နာရီ ရေဂါလံ(၅၀၀၀) နှုန်းဖြင့် ရေအောင်။

အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မြန်မာပြည်အနှံ့ သောက်သုံးရေရှားပါးသော ဒေသများတွင် စက်ရေတွင်းများကို တောင်ပေါ်မြေပြန့်နေရာမရွေး တူးဖေါ်ပေးခဲ့သည်မှာ၂၀၁၃ခုနှစ်မှစ၍ ယနေ့ တိုင်ဖြစ်ပါသည်။ ယခုအခါ မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ၌ တူးဖော်လှူဒါန်းနေသော စက်ရေတွင်းသည် မေလ (၂၃) ရက်နေ့၌ အနက်ပေ (၆၁၀)အရောက်တွင် တစ်နာရီ ရေဂါလံံ(၅၀၀၀) ခန့်ဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။ ယခု စက်ရေတွင်းအောင်မြင်စွာတူးဖော်နိုင်ခဲ့သော တံခွန်တိုင်ကျေးရွာသည် မကွေး- နတ်မောက် ကားလမ်းပေါ်တွင်တည်ရှိ၍ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ အိမ်ထောင်စု(၅၈၆)စု၊ လူဦးရေ(၂၆၅၂)ဦး ရှိသောကျေးရွာဖြစ်ပြီး ယခင်ကထက်ရေကောင်းရေသန့်များကို လုံလောက်စွာ သုံးစွဲနိုင်တော့မည်ဖြစ်ပါသည်။ ယခုတူးဖေါ် အောင်မြင်သော နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ စက်ရေတွင်းမှာ မြန်မာပြည်တဝှမ်း ရေရှားပါးသောဒေသများတွင် အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း(BFM)မှ တူးဖေါ်ပေးသည့် စက်ရေတွင်းပေါင်း (၂၀၅)တွင်း အနက်မှ (၁၅၆)တွင်းမြောက်...

တောင်ကြီးမြို့၊ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင်း တူးဖေါ်လှူဒါန်းပေးသော စက်ရေတွင်းရေအောင်ပြီ။

တောင်ကြီးမြို့၊ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင်း တူးဖေါ်လှူဒါန်းပေးသော စက်ရေတွင်းရေအောင်ပြီ။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM )မှ ရေရှားပါးသော နေရာဒေသများတွင် တောင်ပေါ်မြေပြန့်မရွေး စက်ရေတွင်းများတူးဖော်လှူဒါန်းပေးလျက်ရှိပြီး တောင်ကြီးမြို့၊ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင် တူးဖေါ်လှူဒါန်းပေးသောစက်ရေတွင်းသည် မေလ (၁၉) ရက်နေ့၌ အနက်ပေ (၇၂၀)အရောက်တွင် တစ်နာရီ ရေဂါလံံ(၁၀၀၀) ခန့်ဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။ ယခုအောင်မြင်ခဲ့သော စက်ရေတွင်းသည် မြန်မာပြည်တစ်ဝှမ်း အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တူးဖော်ပေးခဲ့သော စက်ရေတွင်းပေါင်း (၂၀၅) တွင်းအနက် (၁၅၅) တွင်းမြောက် ရေအောင်တွင်းလည်း ဖြစ်ပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM )မှ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင် စက်ရေတွင်းအောင်မြင်စွာတူးဖော်လှူဒါန်းနိုင်ခဲ့ခြင်းကြောင့် ဆေးရုံတက်လူနာများ၊ ပြင်ပလူနာများနှင့်ဝန်ထမ်းများအနေဖြင့် ယခင်ကထက် ရေကို လုံလောက်စွာဖြင့် သုံးစွဲနိုင်တော့မည် ဖြစ်ပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM)သည် မြန်မာပြည်အနှံ့သောက်သုံးရေရှားပါးသော နေရာများတွင်ဒေသမရွေး စက်ရေတွင်းတူး စက်ကြီးများဖြင့် စက်ရေတွင်းများ တူးဖေါ်ပေးခဲ့သည်မှာ ၂၀၁၃ခုနှစ်၊ မတ်လမှ ယနေ့တိုင် ဖြစ်ပြီး ယခုအချိန်တွင်...

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း၏ အခမဲ့ စက်ချုပ်သင်တန်း ဖွင့်လှစ်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း၏ အခမဲ့ စက်ချုပ်သင်တန်း ဖွင့်လှစ်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း၏ အခမဲ့စက်ချုပ်သင်တန်း အမှတ်စဉ်(၁၀)ကို မေလ (၁၅) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါစက်ချုပ်သင်တန်းသည် ဖောင်ဒေးရှင်း၏အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ ချေးငွေထုတ်ယူထားသော အသင်းဝင်အမျိုးသမီးများ အတတ်ပညာပိုင်းနှင့် ဝင်ငွေတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ လှည်းကူးမြို့နယ်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ထို့အတူ ၂၀၁၆ ခုနှစ်အတွင်းကလည်း တိုက်ကြီးမြို့နယ်တွင် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ အခမဲ့စက်ချုပ်သင်တန်း အပတ်စဉ်တစ်ခုလျှင် သင်တန်းသူအယောက်(၂၀) ဦးဖြင့် သင်တန်းအပတ်စဉ် (၉)ခု ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူဦးရေ (၁၈၀) ကို သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။ လှည်းကူးမြို့နယ်တွင် ယခုဖွင့်လှစ်ခဲ့သည့် အခမဲ့စက်ချုပ်သင်တန်းတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းအသင်းဝင် သင်တန်းသူဦးရေ (၂၀) ဦးကို တစ်လကြာ သင်ကြားပေးသွားမည်ဖြစ်ပါသည်။