Category: News

Brighter Future Myanmar Foundation Supports Displaced Persons in Mon State following Major Landslide which was Triggered by Monsoon Rains

Brighter Future Myanmar Foundation Supports Displaced Persons in Mon State following Major Landslide which was Triggered by Monsoon Rains

On 13 August 2019, representatives from Brighter Future Myanmar Foundation (BFM) visited Thaphyu Kone village in Paung Township, Mon State, where a landslide occurred on 9 August following torrential monsoon rains. The death toll resulting from the landslide stands at 72 (as of 13 August) and rescue teams are still searching for missing persons. More...

Brighter Future Myanmar Foundation donates four new water bowsers to Chin State

Brighter Future Myanmar Foundation donates four new water bowsers to Chin State

‘A representative from Kanbawza Brighter Future Foundation donating (4) new water truck to U Soe Htet, Chin State Minister for of Municipal Affairs, Electricity and Industry.’ In commemoration of Chin National Day, KBZ Brighter Future Myanmar Foundation donated 4 new water bowsers at the Chin National Day ceremony held at Vum Thu Maung sports ground...

NUS confers Alumni Award on Deputy CEO of KBZ

NUS confers Alumni Award on Deputy CEO of KBZ

‘Chairman of Selection Committee, Mr Peter Seah – Chairman of DBS Group & DBS Bank, Singapore’s Minister for Foreign AffairsDr.Vivian Balakrishnan & Dr. Bernard Yeung, Dean of Singapore National University (NUS) (School of Business) awards to Daw Nang Lang Kham’  KBZ Bank’s Deputy CEO, Daw Nang Lang Kham, received the Eminent Business Alumni Award 2018...

ဟဲဟိုး ဖါးအောက်တောရ ဓမ္မရိပ်သာတွင် အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ တူးဖေါ်နေသည့် ဒုတိယမြောက် စက်ရေတွင်း တူးဖေါ်လှူဒါန်းအောင်မြင်။

ဟဲဟိုး ဖါးအောက်တောရ ဓမ္မရိပ်သာတွင် အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ တူးဖေါ်နေသည့် ဒုတိယမြောက် စက်ရေတွင်း တူးဖေါ်လှူဒါန်းအောင်မြင်။

ယခုရေအောင်ခဲ့သည့် စက်ရေတွင်းကို ၂၀၁၈ မေလ ၃ ရက်နေ့က စတင်၍ တူးဖေါ်ခဲ့ခြင်းဖြစ်ပြီး ဟဲဟိုးဖါးအောက်တောရဓမ္မရိပ်သာတွင် တရားစခန်းဝင်သော ပြည်တွင်း၊ ပြည်ပ ယောဂီများ၊ သံဃာတော်များ၊ သီတင်သုံးနေ ထိုင်လျက်ရှိသည့် အပြင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်သားများလည်းရှိနေသဖြင့် သောက်သုံးရေဖူလုံစေရန် ယခုကဲ့သို့ဒုတိယမြောက် စက်ရေတွင်းတူးဖေါ် ပေးခဲ့ခြင်းဖြစ်ပါသည်။ ယခုဆိုလျှင် ဟဲဟိုးဖါးအောက်တောရဓမ္မရိပ်သာအတွက် လိုအပ်သောသောက်သုံးရေကို ဖူလုံစွာ ရရှိသွားပြီ ဖြစ်ပါသည်။ ထိုကဲ့သို့အောင်မြင်မှုရရှိရခြင်းမှာ အလှူရှင် အနာဂါတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM)၏ စစ်မှန်သော စေတနာသဒ္ဓါတရားနှင့် ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့်ဟု ဆိုရမည် ဖြစ်ပါသည်။ ထို့အပြင် တွံတေးမြို့နှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများ သောက်သုံးရေ ဖူလုံစေရန်အတွက်လည်း Hyundai အမျိုးအစား ရေသယ်ယာဉ်သစ်တစ်စီးကို တွံတေးမြို့ စိတ္တသုခလူမှုကယ်ဆယ်ရေးအသင်းထံသို့ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ...

ကမ္ဘာဇဘဏ် အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် ဘော်ဆိုင်း၊ ပင်းတယ၊ ရပ်စောက်ဆုံရာ ဒေသဖြစ်သည့် ကုန်းမဲဝိဇ္ဇာတောင် ကျောင်းတိုက်တွင် စက်ရေတွင်းတူးဖေါ်အောင်မြင်။

ကမ္ဘာဇဘဏ် အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် ဘော်ဆိုင်း၊ ပင်းတယ၊ ရပ်စောက်ဆုံရာ ဒေသဖြစ်သည့် ကုန်းမဲဝိဇ္ဇာတောင် ကျောင်းတိုက်တွင် စက်ရေတွင်းတူးဖေါ်အောင်မြင်။

‘အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ နာယကကြီး ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇဘဏ်လီမိတက် ဒုတိယဥက္ကဌ ဒေါ်နန်းသန်းထွေးတို့အားစက်ရေတွင်းတူးဖေါ်ရာကုန်းမဲဝိဇ္ဇာတောင် ကျောင်းတိုက်တွင် အင်္ဂလန်နိုင်ငံမှ စက်ရေတွင်းတူးဖေါ်သည့် ပညာရှင်နှင့်အတူ တွေ့ရစဉ်’ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘော်ဆိုင်း၊ ပင်းတယ၊ ရပ်စောက်ဆုံရာဒေသဖြစ်သည့် ကုန်းမဲဝိဇ္ဖာတောင်ကျောင်းတိုက်တွင် စက်ရေတွင်းတူးဖေါ်လျက်ရှိရာ ၂၀၁၈ ဧပြီလ ၃ ရက်နေ့တွင် တစ်နာရီရေဂါလံ ၁၅၀၀ နှုန်းဖြင့် ရေအောင်ခဲ့ပါသည်။ ယခုစက်ရေတွင်းသည် အနက်ပေ (၆၀၁) ပေအရောက်တွင် ရေအောင်ခဲ့ခြင်းဖြစ်ပြီး ယခင်က လေးကြိမ် တူးဖေါ်ခဲ့သော်လည်း ယခု ငါးကြိမ်မြောက် တူးဖေါ်မှုတွင်မှ အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအကြိမ်တွင် အောင်မြင်စွာတူးဖေါ်ပေးနိုင်ခဲ့သော စက်ကြီးမှာ ကမေ ္ဘာဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ အသစ်ထပ်မံဝယ်ယူခဲ့သော အင်္ဂလန် နိုင်ငံလုပ် DANDO Watertec 40 စက်သစ်ကြီး ဖြစ်ပြီး ၎င်းစက်ကြီးဖြင့် ပထမဆုံး...

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ အသင်းသား ချေးငွေ အဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် ပြုလုပ်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ အသင်းသား ချေးငွေ အဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် ပြုလုပ်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် SSC ဆေးရုံတို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း အသေးစားငွေရေးကြေးရေး လုပ်ငန်းမှ ချေးငွေအဖွဲ့ဝင် အမျိုးသမီး (၆၀၀)ဦးအား ‘ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် ‘ ဖြင့် အသည်းရောင်အသားဝါ(ဘီပိုး) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ပထမအကြိမ် ပြုလုပ်ခဲ့ပြီး ချေးငွေအဖွဲ့ဝင်အမျိုးသမီးများအား (ဘီပိုး) ရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ပထမအကြိမ်အဖြစ် (ဘီပိုး) ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည့်အပြင် ဒုတိယအကြိမ်အဖြစ် ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ်အဖြစ် ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် လည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် မတ်လ (၉)ရက်နေ့တွင် လည်းကောင်း (ဘီပိုး) ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများအား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ပူးပေါင်းပါဝင်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ပူးပေါင်းပါဝင်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ကြီးမှူ းကျင်းပသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) အခမ်းအနားတွင် ပူးပေါင်းပါဝင်ခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) အခမ်းအနားကို ၈.၃.၂၀၁၈နေ့တွင် နေပြည်တော်ရှိ MICC2တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဌာနအသီးသီးမှ ဝန်ကြီးများနှင့်ဇနီးများ၊ အမျိုးသမီးများဆိုင်ရာ ပြည်တွင်းပြည်ပအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ UNဆိုင်ရာ အဖွဲ့အစည်းများ၊ သံတမန်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား၏ အစီအစဉ်ပထမပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားပြီး၊ အုပ်စုလိုက်ဓာတ်ပုံရိုက်ကူးကာ၊ ဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုပါသည်။ အစီအစဉ် ဒုတိယပိုင်းတွင် လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး...

အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မကွေးတိုင်းဒေသကြီးတွင် (၁၄) တွင်းမြောက် စက်ရေတွင်း တူးဖေါ်အောင်မြင်။

အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မကွေးတိုင်းဒေသကြီးတွင် (၁၄) တွင်းမြောက် စက်ရေတွင်း တူးဖေါ်အောင်မြင်။

အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မကွေးတိုင်းဒေသကြီးတွင် (၁၄)တွင်းမြောက် စက်ရေတွင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် MYEAနှင့်ပူးပေါင်း၍ နတ်မောက်မြို့နယ် ကွေ့ချောင်းတဲတိုက် (ပဒေသာတဲတိုက်)တွင် တူးဖေါ်ပေးခဲ့ပါသည်။ ကွေ့ချောင်းတဲတိုက်တွင် ဗမာလူမျိုးများနေထိုင်ကြပြီး တောင်သူလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုကြပါသည်။ ကွေ့ချောင်းတဲတိုက်တွင် အိမ်ခြေ(၁၅၀)နှင့် လူဦးရေ(၉၀၀) နေထိုင်ကြပါသည်။ ၎င်းတို့အနေဖြင့် ယခင်က သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့ခဲ့ရပြီး မိုးရေနှင့် အခြားဒေသများမှ သယ်ယူရရှိသော ရေများကိုသာ အားကိုးအသုံးပြုခဲ့ရပါ သည်။ ကွေ့ချောင်းတဲတိုက်စက်ရေတွင်းကို (၂၆-၁-၁၈)ရက် တွင်စတင်တူးဖေါ်ခဲ့ပြီး ‎(၁၂-၂-၂၀၁၈)ရက်၊ အနက်ပေ (၉၀၀)အရောက်တွင် တစ်နာရီလျှင် ရေ(၁၅၀၀)ဂါလန် ထွက်ရှိခဲ့ပါသည်။ ဤကဲ့သို့ စက်ရေတွင်းမှရေထွက်သဖြင့် ကွေ့ချောင်းတဲတိုက်ရှိ ရွာသူရွာသားများအနေဖြင့် ရေအတွက် ပူပင်ကြောင့်ကြမှုကင်းဝေးသွားပြီဖြစ်ပါသည်။ ဤစက်ရေတွင်းမှာ အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)အတွက် မကွေးတိုင်းဒေသကြီးတွင် (၁၄)တွင်းမြောက် ရေအောင်တွင်းဖြစ်ပြီး မြန်မာပြည်တစ်ဝှန်းလုံးအနေဖြင့် (၁၆၉)တွင်းမြောက် ရေအောင်တွင်းလည်း ဖြစ်ပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း...

ချင်းပြည်နယ် နှာဟရိန်မြို့အတွက်  အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

ချင်းပြည်နယ် နှာဟရိန်မြို့အတွက် အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

ချင်းပြည်နယ် နှာဟရိန်မြို့နှင့် အနီးတဝိုက်ဒေသများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရန် ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ်သစ် တစ်စီးကို ဖေဖေါ်ဝါရီလ (၅) ရက်နေ့က နှာဟရိန်မြို့ဖွင့်ပွဲအခမ်းအနားတွင် အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) ကိုယ်စား တာဝန်ရှိသူတစ်ဦးက ပေးအပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) ကိုယ်စား တာဝန်ရှိသူတစ်ဦး မှ ရေသယ်ယာဉ်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို ထန်တလန်မြို့နယ် စည်ပင်အမှုဆောင်အရာရှိထံသို့လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် တည်ရှိပြီး ရွှေ့ပြောင်းတောင်ယာများ၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သော နှာဟရိန်မြို့သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်အစိုးရက...