Category: Women’s Health and Empowerment

ဗြိတိန်အစိုးရ၏ဖိတ်ကြားမှုဖြင့် ကမ္ဘောဇဘဏ်လီမိတက် အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်း INTERNATIONAL LEADERS PROGRAMME သို့ တက်ရောက်ခဲ့။

ဗြိတိန်အစိုးရ၏ဖိတ်ကြားမှုဖြင့် ကမ္ဘောဇဘဏ်လီမိတက် အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်း INTERNATIONAL LEADERS PROGRAMME သို့ တက်ရောက်ခဲ့။

‘ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးချုပ်ရုံး (Foreign and Commonwealth Office) တွင် Rt. Hon Baroness Anelay of St Johns DBE နှင့် တွေ့ဆုံစဉ်’ ဗြိတိန်နိုင်ငံအစိုးရ၏ ဖိတ်ကြားမှုဖြင့် ကမ္ဘောဇဘဏ်လီမိတက် အမှုဆောင်ဒါရိုက် တာဒေါ်နန်းလိုင်းခမ်းသည် ယခုနှစ်စက်တင်ဘာလအတွင်း လန်ဒန်နှင့် နယူးကာဆယ်မြို့များ၌ ပြုလုပ်သည့် International Leaders Programmeသို့ ၁၀ ရက်ကြာ တက်ရောက်ခဲ့ပါသည်။ ၎င်းအစီအစဉ်သည် ဗြိတိန်နိုင်ငံ အစိုးရ၊ နိုင် ငံခြားရေးနှင့် ဓနသဟာယနိုင်ငံများရုံး၏ ထင်ရှားသည့် အစီအစဉ်တစ်ခုဖြစ်ပြီး ကမ္ဘာ တစ်ဝန်းမှ အနာဂတ် ခေါင်းဆောင်များကို ရွေးချယ်ဖိတ်ကြားခြင်းဖြစ်သည်။ ယခုနှစ်တွင် ဒေါ်နန်းလိုင်းခမ်းအား မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်စားလှယ်အဖြစ် ကမာ ္ဘတစ်ဝန်းမှ ကိုယ်စားလှယ် ၁၂ ဦးနှင့်အတူ International Leaders...

တောင်ကြီးအသင်းမှ ချီးမြှင့်သော အမျိုးသမီးထူးချွန်စီးပွားရေးလုပ်ငန်းရှင် ဂုဏ်ပြုဆုကို BFM ဥက္ကဌ ဒေါ်နန်းလိုင်းခမ်း လက်ခံရရှိ

တောင်ကြီးအသင်းမှ ချီးမြှင့်သော အမျိုးသမီးထူးချွန်စီးပွားရေးလုပ်ငန်းရှင် ဂုဏ်ပြုဆုကို BFM ဥက္ကဌ ဒေါ်နန်းလိုင်းခမ်း လက်ခံရရှိ

ရှမ်းပြည်နယ်၊ တောင်ကြီးအသင်းမှ ချီးမြှင့်သော အမျိုးသမီးထူးချွန်စီးပွားရေးလုပ်ငန်းရှင် ဂုဏ်ပြုဆုကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) ဥက္ကဌ ဒေါ်နန်းလိုင်းခမ်း လက်ခံရရှိ ရှမ်းပြည်နယ်၊ တောင်ကြီးအသင်းမှ နှစ်စဉ်ကျင်းပမြဲဖြစ်သော သက်ကြီးပူဇော်ပွဲ၊ ပညာရည် ချွန်ဆုပေးပွဲနှင့် သင်းလုံးကျွတ်အစည်းအဝေးကို ၂၀၁၆-ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့က ရန်ကုန် မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘောဇသာသနာ့ဗိမာန်တွင် ကျင်းပရာ အခမ်းအနားသို့ အသက်(၇၅)နှစ် အထက် ကန်တော့ခံသက်ကြီးဘိုးဘွားများ၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ တွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ဲကြသော အသင်းဝင်သားသမီးများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်တွင်းရှိ ထူးချွန်သူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသမီးထူးချွန်ဆုကို ရှမ်းပြည်နယ်၊ တောင်ကြီးအသင်း ဥက္ကဌ ဒေါ်စဝ်သီတာထွေးက ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) ဥက္ကဌ ဒေါ်နန်းလိုင်းခမ်းကို ပေးအပ်ချီးမြှင့်ရာ ဒေါ်နန်းလိုင်းခမ်း ကိုယ်စား BFM...

တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင် လိုအပ်လျှက်ရှိသော OXYGEN GENERATOR စက်ဝယ်ယူရန် BFM မှ ကျပ်သိန်း (၂၀၀) လှူဒါန်း။

တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင် လိုအပ်လျှက်ရှိသော OXYGEN GENERATOR စက်ဝယ်ယူရန် BFM မှ ကျပ်သိန်း (၂၀၀) လှူဒါန်း။

တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင် လိုအပ်လျှက်ရှိသော Oxygen Generator စက်ဝယ်ယူရန် BFM မှ ကျပ်သိန်း (၂၀၀) ၂၀၁၆ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင်ထည့်ဝင် လှူဒါန်းခဲ့ပါသည်။ Oxygen Generator စက်သည် ပေါင်ချိန်မပြည့်ဘဲ မွေးဖွားလာသည့် မွေးကင်းစကလေးငယ်များ အသက်ရှူခက်ခဲလျှင် ကူညီမှုပေးနိုင်သည့်စက်ဖြစ်ပါသည်။ ယခုဝယ်ယူမည့်စက်သည် လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည့်အချိန်တွင်ပါ Oxygen ပြတ်တောက်ခြင်းမရှိဘဲ အသုံးပြုနိုင်မည်ဖြစ်သောကြောင့် မွေးကင်းစကလေးငယ်များအတွက် အသက်ရှူခြင်းဆိုင်ရာ ပြသနာများကို ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်သည်။ စေတနာရှင်အလှူရှင်များ၏ Oxygen Generator စက် စုပေါင်းလှူဒါန်းမှုတွင် ငွေကျပ်သိန်း (၂၀၀) ကို BFM မှ ထည့်ဝင်လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ မွေးကင်းစကလေးငယ်များ၏ အသက်အန္တရာယ်ကယ်တင်နိုင်ရန်အတွက် Oxygen Generator စက်ဝယ်ယူရန် ပါဝင်လှူဒါန်းပေးခဲ့ကြသော စေတနာရှင်များနှင့် BFM အားပါဝင်လှူဒါန်းခွင့်ပြုခဲ့သော တောင်ကြီးမြို့...

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ အခြေခံ စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲ

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ အခြေခံ စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲ

‘စက်ချုပ်သင်တန်းပေးနေစဉ် သင်တန်းသူတစ်ဦးအား ၎င်းချုပ်လုပ်ထားသည့် အကျီ ၤဖြင့် တွေ့ရစဉ်’ ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းသည် တိုက်ကြီးမြို့နယ်အတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုများရှိ အမျိုးသမီးများအတွက် အသေးစား ချေးငွေပံံ့ပိုးမှု (Microfinance) အစီအစဉ်ကို ၂၀၁၄ခုနှစ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် အဆိုပါ Microfinance အဖွဲ့ဝင်အမျိုးသမီးများနှင့် ၎င်းတို့၏ သားသမီးများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အစီအစဉ်အဖြစ် အခမဲ့ အခြေခံစက်ချုပ်သင်တန်းကို အပတ်စဉ် ဖွင့်လှစ်ပေးခဲ့ရာ ယခုအခါ သင်တန်းအမှတ်စဉ်(၅)တွင် သင်တန်းဆင်းဦးရေ (၁၉)ဦးအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့နိုင်ပါသည်။ ‘စက်ချုပ်သင်တန်းဆင်း သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ် ပေးနေစဉ်’ ‘စက်ချုပ်သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းသူများ သင်တန်းဆင်းပွဲ အမှတ်တရ’ ယခုအခါ ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ တိုက်ကြီးမြို့နယ်အတွင်း အခမဲ့ အခြေခံစက်ချုပ်သင်တန်းများ ဖွင့်လှစ်ပေးခဲ့ရာ...

နိုင်ငံတကာအမျိုးသမီးများနေ့ ( INTERNATIONAL WOMEN’S DAY)

နိုင်ငံတကာအမျိုးသမီးများနေ့ ( INTERNATIONAL WOMEN’S DAY)

ဒီနေ့ဟာဆိုရင် နိုင်ငံတကာအမျိုးသမီးများနေ့ ( International Women’s Day) ပါ။လူ့အဖွဲ့အစည်းတစ်ရပ်လုံးက လေးစားရတဲ့ သူတော်စင် မာသာထရီဆာက မေတ္တာတရားကို “အပြုံး” များနဲ့ စတင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ချစ်ခြင်းမေတ္တာတရားတွေနဲ့ လှပတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ဖို့ တို့အားလုံးရဲ့ “အပြုံး”တွေ အဆင်သင့်ပဲလား။