Category: Women’s Health and Empowerment

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ အသင်းသား ချေးငွေ အဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် ပြုလုပ်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ အသင်းသား ချေးငွေ အဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် ပြုလုပ်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် SSC ဆေးရုံတို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း အသေးစားငွေရေးကြေးရေး လုပ်ငန်းမှ ချေးငွေအဖွဲ့ဝင် အမျိုးသမီး (၆၀၀)ဦးအား ‘ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် ‘ ဖြင့် အသည်းရောင်အသားဝါ(ဘီပိုး) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ပထမအကြိမ် ပြုလုပ်ခဲ့ပြီး ချေးငွေအဖွဲ့ဝင်အမျိုးသမီးများအား (ဘီပိုး) ရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ပထမအကြိမ်အဖြစ် (ဘီပိုး) ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည့်အပြင် ဒုတိယအကြိမ်အဖြစ် ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ်အဖြစ် ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် လည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် မတ်လ (၉)ရက်နေ့တွင် လည်းကောင်း (ဘီပိုး) ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများအား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ပူးပေါင်းပါဝင်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ပူးပေါင်းပါဝင်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ကြီးမှူ းကျင်းပသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) အခမ်းအနားတွင် ပူးပေါင်းပါဝင်ခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) အခမ်းအနားကို ၈.၃.၂၀၁၈နေ့တွင် နေပြည်တော်ရှိ MICC2တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဌာနအသီးသီးမှ ဝန်ကြီးများနှင့်ဇနီးများ၊ အမျိုးသမီးများဆိုင်ရာ ပြည်တွင်းပြည်ပအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ UNဆိုင်ရာ အဖွဲ့အစည်းများ၊ သံတမန်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား၏ အစီအစဉ်ပထမပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားပြီး၊ အုပ်စုလိုက်ဓာတ်ပုံရိုက်ကူးကာ၊ ဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုပါသည်။ အစီအစဉ် ဒုတိယပိုင်းတွင် လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး...

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းမှ အသင်းသား ချေးငွေအဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် ပြုလုပ်ကျင်းပ။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းမှ အသင်းသား ချေးငွေအဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် ပြုလုပ်ကျင်းပ။

၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ၊ (၁၀)ရက်နေ့တွင် ဒုတိယအကြိမ်မြောက်အဖြစ် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် SSC ဆေးရုံတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ အနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ အသေးစားငွေရေးကြေးရေး လုပ်ငန်းမှ အသင်းသားချေးငွေအဖွဲ့ဝင် အမျိုးသမီး စုစုပေါင်း (၆၀၀)ဦးအား “ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်” အနေဖြင့် အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်ခဲ့ပါသည်။ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ၊ (၁၀)ရက်နေ့တွင် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပထမအကြိမ်အဖြစ် (ဘီ)ပိုးရောဂါ ရှိ/မရှိ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များကို ဆက်လက်၍ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၈ခုနှစ်၊ မတ်လတွင်လည်း တတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းအား အာဆီယံထူးချွန်လူငယ်ဆု ပေးအပ်ချီးမြှင့်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းအား အာဆီယံထူးချွန်လူငယ်ဆု ပေးအပ်ချီးမြှင့်။

‘အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဋ္ဌဒေါ်နန်းလိုင်းခမ်း လက်ခံရရှိခဲ့သောThe Ten Accomplished Youth Organizations (TAYO) ASEAN Award 2017 ကို တွေ့ရစဉ်’ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လူငယ်ရေးရာကိစ္စများနှင့်စပ်လျဉ်းသော အာဆီယံဝန်ကြီးများ၏ (၁၀)ကြိမ်မြောက် အစည်းအဝေး၊ အာဆီယံ+၃ ဝန်ကြီးများ၏ (၆) ကြိမ်မြောက်အစည်းအဝေးနှင့် ယှဉ်တွဲပြုလုပ်သည့် အာဆီယံ(၁၀)နိုင်ငံမှ ထူးချွန်လူငယ်များအတွက် ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ ထူးချွန်လူငယ် (၄၀) ဦးနှင့် အတူ ဆုရရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဋ္ဌဒေါ်နန်း လိုင်းခမ်းအား TAYO ထူးချွန်လူငယ်ဆု – The Ten Accomplished Youth Organizations (TAYO)...

ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား THE ASIAN BANKER မှ “THE PROMISING YOUNG BANKER IN MYANMAR AWARD (အနာဂတ် လူငယ်ဘဏ်လုပ်ငန်းရှင်)” ဆုချီးမြှင့်။

ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား THE ASIAN BANKER မှ “THE PROMISING YOUNG BANKER IN MYANMAR AWARD (အနာဂတ် လူငယ်ဘဏ်လုပ်ငန်းရှင်)” ဆုချီးမြှင့်။

‘စင်ကာပူနိုင်ငံအခြေစိုက် The Asia Banker အဖွဲ့အစည်းမှ ချီးမြှင့်သည့် “အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု (The Promising Young Banker in Myanmar)”ဆုနှင့်အတူ ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းကိုတွေ့ရစဉ်’ စင်္ကာပူနိုင်ငံ အခြေစိုက် The Asia Banker Leadership Achievement Awards 2017 ညစာစားပွဲအခမ်းအနားကို ဇွန်လ (၈) ရက် နေ့ ညနေပိုင်းက စင်္ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနား၌ The Asia Banker မှ ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား “အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု (The Promising Young Banker in Myanmar)” ကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ The Asia...

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း၏ အခမဲ့ စက်ချုပ်သင်တန်း ဖွင့်လှစ်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း၏ အခမဲ့ စက်ချုပ်သင်တန်း ဖွင့်လှစ်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း၏ အခမဲ့စက်ချုပ်သင်တန်း အမှတ်စဉ်(၁၀)ကို မေလ (၁၅) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါစက်ချုပ်သင်တန်းသည် ဖောင်ဒေးရှင်း၏အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ ချေးငွေထုတ်ယူထားသော အသင်းဝင်အမျိုးသမီးများ အတတ်ပညာပိုင်းနှင့် ဝင်ငွေတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ လှည်းကူးမြို့နယ်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ထို့အတူ ၂၀၁၆ ခုနှစ်အတွင်းကလည်း တိုက်ကြီးမြို့နယ်တွင် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ အခမဲ့စက်ချုပ်သင်တန်း အပတ်စဉ်တစ်ခုလျှင် သင်တန်းသူအယောက်(၂၀) ဦးဖြင့် သင်တန်းအပတ်စဉ် (၉)ခု ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူဦးရေ (၁၈၀) ကို သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။ လှည်းကူးမြို့နယ်တွင် ယခုဖွင့်လှစ်ခဲ့သည့် အခမဲ့စက်ချုပ်သင်တန်းတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းအသင်းဝင် သင်တန်းသူဦးရေ (၂၀) ဦးကို တစ်လကြာ သင်ကြားပေးသွားမည်ဖြစ်ပါသည်။

လှည်းကူး၊ တိုက်ကြီးမြို့ရှိ အနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM) ၏ အသေးစား ချေးငွေလုပ်ငန်းများမှ အဖွဲ့ဝင်အများစုသည် မြက်တံမြက်စည်းလုပ်ငန်း။

လှည်းကူး၊ တိုက်ကြီးမြို့ရှိ အနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM) ၏ အသေးစား ချေးငွေလုပ်ငန်းများမှ အဖွဲ့ဝင်အများစုသည် မြက်တံမြက်စည်းလုပ်ငန်း။

‘အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM) ၏ Microfinance Member အမျိုးသမီးများ ပြုလုပ်ထားသည့် တံမြက်စည်း’  မြန်မာနိုင်ငံကျေးလက်ဒေသတွင် နေထိုင်သောအမျိုးသမီးအများစုသည် ရိုးရာလက်မှုလုပ်ငန်းဖြစ် လက်မှုပစ္စည်းများကို ပြည်တွင်းဈေးကွက်သို့ရောင်းချ၍ အသက်မွေးဝမ်းကြောင်းပြုလျှက်ရှိပါသည်။ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM) မှ လှည်းကူး၊ တိုက်ကြီး၊ ဥက္ကံ၊ သာယာဝတီ၊ ကျောက်ဆည်၊ သထုံမြို့များရှိ အမျိုးသမီး ၃၁၀၀၀ ကျော်ကို (အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) မှ အကျိုးအမြတ်မယူဘဲ) အသေးစားချေးငွေများ ထောက်ပံံ့ပေးလျှက်ရှိပါသည်။ ‘ActionAid Myanmar ၏ Mboutik အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှုပရိုဂမ်မှ တာဝန်ရှိသူတစ်ဦးက ဆန်းသစ်သော တံမြက်စည်းဒီဇိုင်းများသင်ကြားပေးနေစဉ်။’ လှည်းကူး၊ တိုက်ကြီးမြို့ရှိ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) ၏ အသေးစားချေးငွေလုပ်ငန်းများမှ အဖွဲ့ဝင်အများစုသည် မြက်တံမြက်စည်းလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကိုင်လျှက်ရှိပြီး အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း မှ ActionAid Myanmar...

ယုံကြည်ချက်တစ်ခုရဲ့ အားမာန်

ယုံကြည်ချက်တစ်ခုရဲ့ အားမာန်

‘ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်မှ အင်္ဂလိပ်စာအဓိကဖြင့် ဘွဲ့ရရှိခဲ့သည့် မဥမ္မာထွေး’  ” ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုကို ကိုယ်တိုင်ယုံယုံကြည်ကြည်နဲ့ ကြိုးစားမယ်ဆိုရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ အဓိကအချက်က ကိုယ်တိုင်ကြိုးစားချင်စိတ်ပဲ ရှိဖို့လိုတာ ” အထက်ပါစကားကို ပြောကြားခဲ့သူက အင်္ဂလိပ်စာဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး၊ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှပေးအပ်သော ပညာသင်ဆုကို ရရှိခဲ့သည့် ” ရန်ကုန်မျက်မမြင်ကျောင်း ” မှ မဥမ္မာထွေးပင်ဖြစ်သည်။ ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုအတွက် ကိုယ့်အားကိုယ်ကိုးပြီးကိုယ့်လမ်း ကိုယ်လျှောက်ခဲ့သူတစ်ယောက်၏ ပြောစကားများ။ သူမအနေဖြင့် အသက် ၄ နှစ်နှင့် ၆ လအရွယ်တွင်အပြင်းဖျားနာသည့် ဒဏ်ကြောင့် အမြင်အာရုံချို့တဲ့သူ တစ်ယောက်ဖြစ်ခဲ့ရလင့်ကစား မလျှော့သောဇွဲဖြင့် လိုရာပန်းတိုင်သို့ အရောက်လှမ်း ခဲ့ရသည့် အတိတ်ပုံရိပ်များကို ပြန်ပြောင်းပြောပြနေသည့် အမျိုးသမီးလေးတစ်ဦး၏ စကားသံများပင်ဖြစ်သည်။ ” ကျွန်မရဲ့ရည်မှန်းချက်က ပညာတတ်တစ်ယောက်ဖြစ်ချင်တာ။ ငယ်ငယ်တုန်းက အစ်ကိုတွေ အစ်မတွေလို ကျောင်းတက်ချင်တယ်လို့...

မြန်မာအမျိုးသမီးများ ရက်သတ္တပတ် (WOMEN’S WEEK-MYANMAR) ၏ ဖွင့်ပွဲဖြစ်သည့် “CREATING INCLUSIVE GROWTH” ဖိုရမ်ကျင်းပ။

မြန်မာအမျိုးသမီးများ ရက်သတ္တပတ် (WOMEN’S WEEK-MYANMAR) ၏ ဖွင့်ပွဲဖြစ်သည့် “CREATING INCLUSIVE GROWTH” ဖိုရမ်ကျင်းပ။

‘Creating Inclusive Growth” (ပြည်သူအားလုံးပါဝင်သောဖွံ့ဖြိုးတိုးတက်မှု) ဖိုရမ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ်’ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကမ္ဘောဇအုပ်စုတို့ ပူးပေါင်းကျင်းပသည့် မြန်မာအမျိုးသမီးများ ရက်သတ္တပတ် (Women’s Week-Myanmar) ၏ ဖွင့်ပွဲဖြစ်သည့် “Creating Inclusive Growth” (ပြည်သူအားလုံးပါဝင်သောဖွံ့ဖြိုးတိုးတက်မှု) ဖိုရမ်ကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ ကမ္ဘောဇအုပ်စုပိုင် Kempinski ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “တစ်ကမ္ဘာလုံး သိအောင်လို့ ကျွန်မတို့အမျိုးသမီးများဟာ အခွင့်အရေးတောင်းလာတာနဲ့အမျှ တာဝန်ယူဖို့မတွန့်တိုဘူး၊ တာဝန်ယူဖို့ သတ္တိရှိတယ် ဆိုတာကို ပြဖို့ အင်မတန်မှအရေးကြီးပါတယ်။” ဟု ပြောကြားခဲ့ပါသည်။ ‘အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းမှ (Women’s...

အနာဂတ်အလင်းတန်းမြန်မာဖောင်းဒေးရှင်းသည် အခရာအမျိုးသမီးအဖွဲ့ (AKHAYA WOMEN MYANMAR) မှ ဦးစီးဆောင်ရွက်လျှက်ရှိသည့် မျက်နှာအား အက်စစ်ဖြင့် အပက်ခံခဲ့ရသည့် အမျိုးသမီးငယ်၏ အရေးပေါ် ဆေးကုသစရိတ်အတွက် ပူးပေါင်းပါဝင်ခဲ့။

အနာဂတ်အလင်းတန်းမြန်မာဖောင်းဒေးရှင်းသည် အခရာအမျိုးသမီးအဖွဲ့ (AKHAYA WOMEN MYANMAR) မှ ဦးစီးဆောင်ရွက်လျှက်ရှိသည့် မျက်နှာအား အက်စစ်ဖြင့် အပက်ခံခဲ့ရသည့် အမျိုးသမီးငယ်၏ အရေးပေါ် ဆေးကုသစရိတ်အတွက် ပူးပေါင်းပါဝင်ခဲ့။

ကမ္ဘောဇဘဏ်နှင့် အနာဂတ်အလင်းတန်းမြန်မာဖောင်းဒေးရှင်းသည် အခရာအမျိုးသမီးအဖွဲ့ (Akhaya Women Myanmar) မှ ဦးစီးဆောင်ရွက်လျှက်ရှိသည့် မျက်နှာအားအက်စစ်ဖြင့် အပက်ခံခဲ့ရသည့် အမျိုးသမီးငယ်၏ အရေးပေါ်ဆေးကုသစရိတ်အတွက် ပူးပေါင်းပါဝင်ကူညီသည့်အနေဖြင့် အမေရိကန်ဒေါ်လာ (၁၀,၀၀၀/-) တိတိကို ၂၀.၁၀.၂၀၁၆ ရက်နေ့က လှူဒါန်းခဲ့ပါသည်။ ယခုအခါတွင် အဆိုပါအမျိုးသမီးငယ်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Phyathai Nawamin International Hospital တွင် တက်ရောက်၍ ဆေးကုသမှုခံယူလျှက်ရှိပြီး ပလပ်စတစ်ဆာဂျရီနည်းဖြင့် ခွဲစိတ်ကုသနိုင်ရန်ကုန်ကျစရိတ်များနှင့်တကွ၊ ခွဲစိတ်ကုသမှုမတိုင်ခင် အကြိုစမ်းသပ်စစ်ဆေးစရိတ်များ ( Pre-Operation Examination Charges)၊ ပြန်လည် စမ်းသပ်စစ်ဆေးစရိတ်များ (Post Operation Charges)၊ ဆေးကုသစဉ် နေထိုင်စားသောက်စရိတ်များအစရှိသည့် ကုန်ကျစရိတ် အ၀၀အတွက် အသုံးပြုနိုင်ရန် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် မေလလ ၂၂ ရက်နေ့က မွန်ပြည်နယ်၊...