Category: Water Project

ဟဲဟိုး ဖါးအောက်တောရ ဓမ္မရိပ်သာတွင် ကမေ ္ဘာဇ အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ တူးဖေါ်နေသည့် ဒုတိယမြောက် စက်ရေတွင်း တူးဖေါ်လှူဒါန်းအောင်မြင်။

ဟဲဟိုး ဖါးအောက်တောရ ဓမ္မရိပ်သာတွင် ကမေ ္ဘာဇ အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ တူးဖေါ်နေသည့် ဒုတိယမြောက် စက်ရေတွင်း တူးဖေါ်လှူဒါန်းအောင်မြင်။

ယခုရေအောင်ခဲ့သည့် စက်ရေတွင်းကို ၂၀၁၈ မေလ ၃ ရက်နေ့က စတင်၍ တူးဖေါ်ခဲ့ခြင်းဖြစ်ပြီး ဟဲဟိုးဖါးအောက်တောရဓမ္မရိပ်သာတွင် တရားစခန်းဝင်သော ပြည်တွင်း၊ ပြည်ပ ယောဂီများ၊ သံဃာတော်များ၊ သီတင်သုံးနေ ထိုင်လျက်ရှိသည့် အပြင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်သားများလည်းရှိနေသဖြင့် သောက်သုံးရေဖူလုံစေရန် ယခုကဲ့သို့ဒုတိယမြောက် စက်ရေတွင်းတူးဖေါ် ပေးခဲ့ခြင်းဖြစ်ပါသည်။ ယခုဆိုလျှင် ဟဲဟိုးဖါးအောက်တောရဓမ္မရိပ်သာအတွက် လိုအပ်သောသောက်သုံးရေကို ဖူလုံစွာ ရရှိသွားပြီ ဖြစ်ပါသည်။ ထိုကဲ့သို့အောင်မြင်မှုရရှိရခြင်းမှာ အလှူရှင် ကမေ ္ဘာဇ အနာဂါတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM)၏ စစ်မှန်သော စေတနာသဒ္ဓါတရားနှင့် ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့်ဟု ဆိုရမည် ဖြစ်ပါသည်။ ထို့အပြင် တွံတေးမြို့နှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများ သောက်သုံးရေ ဖူလုံစေရန်အတွက်လည်း Hyundai အမျိုးအစား ရေသယ်ယာဉ်သစ်တစ်စီးကို တွံတေးမြို့ စိတ္တသုခလူမှုကယ်ဆယ်ရေးအသင်းထံသို့...

ကမ္ဘာဇဘဏ် အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် ဘော်ဆိုင်း၊ ပင်းတယ၊ ရပ်စောက်ဆုံရာ ဒေသဖြစ်သည့် ကုန်းမဲဝိဇ္ဇာတောင် ကျောင်းတိုက်တွင် စက်ရေတွင်းတူးဖေါ်အောင်မြင်။

ကမ္ဘာဇဘဏ် အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် ဘော်ဆိုင်း၊ ပင်းတယ၊ ရပ်စောက်ဆုံရာ ဒေသဖြစ်သည့် ကုန်းမဲဝိဇ္ဇာတောင် ကျောင်းတိုက်တွင် စက်ရေတွင်းတူးဖေါ်အောင်မြင်။

‘ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ နာယကကြီး ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇဘဏ်လီမိတက် ဒုတိယဥက္ကဌ ဒေါ်နန်းသန်းထွေးတို့အားစက်ရေတွင်းတူးဖေါ်ရာကုန်းမဲဝိဇ္ဇာတောင် ကျောင်းတိုက်တွင် အင်္ဂလန်နိုင်ငံမှ စက်ရေတွင်းတူးဖေါ်သည့် ပညာရှင်နှင့်အတူ တွေ့ရစဉ်’ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘော်ဆိုင်း၊ ပင်းတယ၊ ရပ်စောက်ဆုံရာဒေသဖြစ်သည့် ကုန်းမဲဝိဇ္ဖာတောင်ကျောင်းတိုက်တွင် စက်ရေတွင်းတူးဖေါ်လျက်ရှိရာ ၂၀၁၈ ဧပြီလ ၃ ရက်နေ့တွင် တစ်နာရီရေဂါလံ ၁၅၀၀ နှုန်းဖြင့် ရေအောင်ခဲ့ပါသည်။ ယခုစက်ရေတွင်းသည် အနက်ပေ (၆၀၁) ပေအရောက်တွင် ရေအောင်ခဲ့ခြင်းဖြစ်ပြီး ယခင်က လေးကြိမ် တူးဖေါ်ခဲ့သော်လည်း ယခု ငါးကြိမ်မြောက် တူးဖေါ်မှုတွင်မှ အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအကြိမ်တွင် အောင်မြင်စွာတူးဖေါ်ပေးနိုင်ခဲ့သော စက်ကြီးမှာ ကမေ ္ဘာဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ အသစ်ထပ်မံဝယ်ယူခဲ့သော အင်္ဂလန် နိုင်ငံလုပ် DANDO Watertec 40 စက်သစ်ကြီး ဖြစ်ပြီး ၎င်းစက်ကြီးဖြင့် ပထမဆုံး...

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မကွေးတိုင်းဒေသကြီးတွင် (၁၄) တွင်းမြောက် စက်ရေတွင်း တူးဖေါ်အောင်မြင်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မကွေးတိုင်းဒေသကြီးတွင် (၁၄) တွင်းမြောက် စက်ရေတွင်း တူးဖေါ်အောင်မြင်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မကွေးတိုင်းဒေသကြီးတွင် (၁၄)တွင်းမြောက် စက်ရေတွင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် MYEAနှင့်ပူးပေါင်း၍ နတ်မောက်မြို့နယ် ကွေ့ချောင်းတဲတိုက် (ပဒေသာတဲတိုက်)တွင် တူးဖေါ်ပေးခဲ့ပါသည်။ ကွေ့ချောင်းတဲတိုက်တွင် ဗမာလူမျိုးများနေထိုင်ကြပြီး တောင်သူလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုကြပါသည်။ ကွေ့ချောင်းတဲတိုက်တွင် အိမ်ခြေ(၁၅၀)နှင့် လူဦးရေ(၉၀၀) နေထိုင်ကြပါသည်။ ၎င်းတို့အနေဖြင့် ယခင်က သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့ခဲ့ရပြီး မိုးရေနှင့် အခြားဒေသများမှ သယ်ယူရရှိသော ရေများကိုသာ အားကိုးအသုံးပြုခဲ့ရပါ သည်။ ကွေ့ချောင်းတဲတိုက်စက်ရေတွင်းကို (၂၆-၁-၁၈)ရက် တွင်စတင်တူးဖေါ်ခဲ့ပြီး ‎(၁၂-၂-၂၀၁၈)ရက်၊ အနက်ပေ (၉၀၀)အရောက်တွင် တစ်နာရီလျှင် ရေ(၁၅၀၀)ဂါလန် ထွက်ရှိခဲ့ပါသည်။ ဤကဲ့သို့ စက်ရေတွင်းမှရေထွက်သဖြင့် ကွေ့ချောင်းတဲတိုက်ရှိ ရွာသူရွာသားများအနေဖြင့် ရေအတွက် ပူပင်ကြောင့်ကြမှုကင်းဝေးသွားပြီဖြစ်ပါသည်။ ဤစက်ရေတွင်းမှာ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)အတွက် မကွေးတိုင်းဒေသကြီးတွင် (၁၄)တွင်းမြောက် ရေအောင်တွင်းဖြစ်ပြီး မြန်မာပြည်တစ်ဝှန်းလုံးအနေဖြင့် (၁၆၉)တွင်းမြောက် ရေအောင်တွင်းလည်း ဖြစ်ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း...

ချင်းပြည်နယ် နှာဟရိန်မြို့အတွက် ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

ချင်းပြည်နယ် နှာဟရိန်မြို့အတွက် ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

ချင်းပြည်နယ် နှာဟရိန်မြို့နှင့် အနီးတဝိုက်ဒေသများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရန် ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ်သစ် တစ်စီးကို ဖေဖေါ်ဝါရီလ (၅) ရက်နေ့က နှာဟရိန်မြို့ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) ကိုယ်စား တာဝန်ရှိသူတစ်ဦးက ပေးအပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) ကိုယ်စား တာဝန်ရှိသူတစ်ဦး မှ ရေသယ်ယာဉ်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို ထန်တလန်မြို့နယ် စည်ပင်အမှုဆောင်အရာရှိထံသို့လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် တည်ရှိပြီး ရွှေ့ပြောင်းတောင်ယာများ၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သော နှာဟရိန်မြို့သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်အစိုးရက...

OCTOBER 23, 20ချင်းပြည်နယ် ထန်တလန်မြို့နှင့် အနီးတဝိုက်အတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်အသစ် နှစ်စီးလှူဒါန်း။

OCTOBER 23, 20ချင်းပြည်နယ် ထန်တလန်မြို့နှင့် အနီးတဝိုက်အတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်အသစ် နှစ်စီးလှူဒါန်း။

‘ကမ္ဘောဇဘဏ်၏ အထက်မြန်မာပြည်တာဝန်ခံ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းမှ ကားနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို မြို့မိမြို့ဖ ဥက္ကဌအား လွှဲပြောင်း ပေးအပ်စဉ်။’ ချင်းပြည်နယ် ထန်တလန်မြို့နှင့် အနီးတဝိုက်ဒေသများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရန် ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ်သစ် နှစ်စီးကို အောက်တိုဘာလ (၂၁) ရက်နေ့က ထန်တလန်မြို့နယ်ခန်းမတွင် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) က ပေးအပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကမ္ဘောဇဘဏ်၏ အထက်မြန်မာပြည်တာဝန်ခံ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းမှ ကားနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို မြို့မိမြို့ဖ ဥက္ကဌအား လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ထို့နောက် သိက္ခာတော်ရဆရာတော် ဆရာဇက်အိပ်(စ်) မှ ဆုမွန်များတောင်းပေးခဲ့ပါသည်။ ‘ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ကျေးဇူးတင်စကားပြောကြားစဉ်။’ ယခုကဲ့သို့ရေသယ်ယာဉ်သစ် နှစ်စီး ပေးအပ်လှူဒါန်းခြင်းကြောင့်...

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပခုက္ကူမြို့နယ်အတွက် ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပခုက္ကူမြို့နယ်အတွက် ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ရေသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ ယနေ့ စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ်အတွက် ဂါလံ ( ၃၀၀၀ ) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီးကို ပခုက္ကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ စီမံခန့်ခွဲရေးကေ်ာမတီသို့ လှူဒါန်းခဲ့ပါသည်။ အဆိုပါရေသယ်ယာဉ်အသစ်အား ပခုက္ကူမြို့၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား ကမ္ဘောဇဘဏ်လီမိတက် ပခုက္ကူဘဏ်ခွဲ(၁) တာဝန်ခံ ဒေါ်နီလာကို နှင့် ပခုက္ကူဘဏ်ခွဲ(၂) တာဝန်ခံ ဦးမိုးဇော်ထွန်းတို့မှ ပေးအပ်လှူဒါန်းခဲ့ပြီး ပခုက္ကူမြို့နယ်ကိုယ်စား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ လက်ခံရယူခဲ့ပါသည်။ အခမ်းအနားသို့ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း မှ လှူဒါန်းခဲ့သော ရေပေးဝေရေး အလှူတော်ရေကားဖြင့် ပရဟိတအသင်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ရေရှားပါးသော အညာဒေသဖြစ်သည့် ပခုက္ကူ မြို့နယ်တဝိုက်နှင့်...

မကွေးတိုင်းဒေသကြီးတွင် တူးဖေါ်လှူဒါန်းပေးလျက်ရှိသော ပဉ္စမမြောက် စက်ရေတွင်း ရေအောင်။

မကွေးတိုင်းဒေသကြီးတွင် တူးဖေါ်လှူဒါန်းပေးလျက်ရှိသော ပဉ္စမမြောက် စက်ရေတွင်း ရေအောင်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM) သည် မကွေးတိုင်းဒေသ ကြီးအစိုးရအဖ့ွဲ၊ MYEA တို့ဖြင့်ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တက်ဝန်(မ)ကျေးရွာတွင် BFM ၏ အင်္ဂလန်နိုင်ငံလုပ် DANDO စက်ရေတွင်းတူး စက်ကြီးဖြင့် စက်ရေတွင်းတူးဖေါ်လှူဒါန်းပေးခဲ့ဲ့ပါသည်။ ယခုတူးဖေါ်လှူဒါန်းပေးသော စက်ရေတွင်း မှာ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM) အတွက် မကွေးတိုင်း ဒေသကြီး၌ တူးဖော်လှူဒါန်းပေးသော ပဉ္စမြောက်ရေအောင်တွင်း ဖြစ်ပြီး မကွေးတိုင်းအစိုးရအဖွဲ့၊ MYEA တို့နှင့် ပူးပေါင်း၍ တူးဖော်လှူဒါန်းပေးသော ဒုတိယမြောက် ရေအောင်တွင်းလည်းဖြစ်ပါသည်။ တက်ဝန် (မ)ကျေးရွာတွင် စက်ရေတွင်းကို (၁၇.၆.၂၀၁၇)ရက်နေ့တွင် စတင်တူးဖေါ်ခဲ့ပြီး (၂.၇.၂၀၁၇)ရက်နေ့၊ အနက်ပေ(၉၂၀) အ ရောက်တွင် တစ်နာရီ ရေ(၃၀၀၀)ဂါလန်နှုန်းဖြင့် ထွက်ရှိခဲ့သဖြင့် တက်ဝန်ရွာသူ ရွာသားများအနေဖြင့် ရေကိုစိတ်အေးချမ်းသာစွာ အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။ တက်ဝန်(မ)ကျေးရွာသည် မကွေးတိုင်းဒေသ ကြီး၊ နတ်မောက်မြို့နယ်တွင်တည်ရှိပြီး...

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ မနောဖြူ လူမှုကူညီရေးအသင်းသို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ မနောဖြူ လူမှုကူညီရေးအသင်းသို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ရေသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ ယနေ့ ဇွန်လ (၂၀) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ မနောဖြူ လူမှုကူညီရေးအသင်းသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီး လှူဒါန်းခဲ့ပါသည်။ အဆိုပါရေသယ်ယာဉ်အသစ်အား မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား မကွေးတိုင်းဒေသကြီးတာဝန်ခံ ဒေါ်ရူပါဝင်းနှင့် ကမ္ဘောဇဘဏ်လီမိတက်ချောက်ဘဏ်ခွဲ တာဝန်ခံ ဦးကျော်ခိုင်တို့မှ ပေးအပ်လှူဒါန်းခဲ့ပြီး မနောဖြူ လူမှုကူညီရေး အသင်းဥက္ကဌ ဦးအောင်ထွန်းဦးမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် အသင်းဥက္ကဌ ဦးအောင်ထွန်းဦးမှ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးသည့်ဒေသများ၌ ရေဖြန့်ဝေလှူဒါန်းခြင်းများ ပြုလုပ်နိုင်ရန် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ်အသစ် (၄၄) စီးကိုဝယ်ယူခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ သောက်သုံးရေရှားပါးမှု အခက်အခဲနှင့် ကြုံတွေ့နေရသော ဒေသများအရောက်...

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)မှ တူးဖော်လှူဒါန်းပေးသည့် မကွေးတိုင်းဒေသကြီး၊ တံခွန်တိုင်ကျေးရွာ စက်ရေတွင်း တစ်နာရီ ရေဂါလံ(၅၀၀၀) နှုန်းဖြင့် ရေအောင်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)မှ တူးဖော်လှူဒါန်းပေးသည့် မကွေးတိုင်းဒေသကြီး၊ တံခွန်တိုင်ကျေးရွာ စက်ရေတွင်း တစ်နာရီ ရေဂါလံ(၅၀၀၀) နှုန်းဖြင့် ရေအောင်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မြန်မာပြည်အနှံ့ သောက်သုံးရေရှားပါးသော ဒေသများတွင် စက်ရေတွင်းများကို တောင်ပေါ်မြေပြန့်နေရာမရွေး တူးဖေါ်ပေးခဲ့သည်မှာ၂၀၁၃ခုနှစ်မှစ၍ ယနေ့ တိုင်ဖြစ်ပါသည်။ ယခုအခါ မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ၌ တူးဖော်လှူဒါန်းနေသော စက်ရေတွင်းသည် မေလ (၂၃) ရက်နေ့၌ အနက်ပေ (၆၁၀)အရောက်တွင် တစ်နာရီ ရေဂါလံံ(၅၀၀၀) ခန့်ဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။ ယခု စက်ရေတွင်းအောင်မြင်စွာတူးဖော်နိုင်ခဲ့သော တံခွန်တိုင်ကျေးရွာသည် မကွေး- နတ်မောက် ကားလမ်းပေါ်တွင်တည်ရှိ၍ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ အိမ်ထောင်စု(၅၈၆)စု၊ လူဦးရေ(၂၆၅၂)ဦး ရှိသောကျေးရွာဖြစ်ပြီး ယခင်ကထက်ရေကောင်းရေသန့်များကို လုံလောက်စွာ သုံးစွဲနိုင်တော့မည်ဖြစ်ပါသည်။ ယခုတူးဖေါ် အောင်မြင်သော နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ စက်ရေတွင်းမှာ မြန်မာပြည်တဝှမ်း ရေရှားပါးသောဒေသများတွင် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း(BFM)မှ တူးဖေါ်ပေးသည့် စက်ရေတွင်းပေါင်း (၂၀၅)တွင်း အနက်မှ (၁၅၆)တွင်းမြောက်...