Category: News

တောင်ကြီးမြို့၊ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင်း တူးဖေါ်လှူဒါန်းပေးသော စက်ရေတွင်းရေအောင်ပြီ။

တောင်ကြီးမြို့၊ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင်း တူးဖေါ်လှူဒါန်းပေးသော စက်ရေတွင်းရေအောင်ပြီ။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM )မှ ရေရှားပါးသော နေရာဒေသများတွင် တောင်ပေါ်မြေပြန့်မရွေး စက်ရေတွင်းများတူးဖော်လှူဒါန်းပေးလျက်ရှိပြီး တောင်ကြီးမြို့၊ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင် တူးဖေါ်လှူဒါန်းပေးသောစက်ရေတွင်းသည် မေလ (၁၉) ရက်နေ့၌ အနက်ပေ (၇၂၀)အရောက်တွင် တစ်နာရီ ရေဂါလံံ(၁၀၀၀) ခန့်ဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။ ယခုအောင်မြင်ခဲ့သော စက်ရေတွင်းသည် မြန်မာပြည်တစ်ဝှမ်း ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တူးဖော်ပေးခဲ့သော စက်ရေတွင်းပေါင်း (၂၀၅) တွင်းအနက် (၁၅၅) တွင်းမြောက် ရေအောင်တွင်းလည်း ဖြစ်ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM )မှ မေတ္တာရှင်ကုသိုလ်ဖြစ်အခမဲ့ဆေးရုံတွင် စက်ရေတွင်းအောင်မြင်စွာတူးဖော်လှူဒါန်းနိုင်ခဲ့ခြင်းကြောင့် ဆေးရုံတက်လူနာများ၊ ပြင်ပလူနာများနှင့်ဝန်ထမ်းများအနေဖြင့် ယခင်ကထက် ရေကို လုံလောက်စွာဖြင့် သုံးစွဲနိုင်တော့မည် ဖြစ်ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM)သည် မြန်မာပြည်အနှံ့သောက်သုံးရေရှားပါးသော နေရာများတွင်ဒေသမရွေး စက်ရေတွင်းတူး စက်ကြီးများဖြင့် စက်ရေတွင်းများ တူးဖေါ်ပေးခဲ့သည်မှာ ၂၀၁၃ခုနှစ်၊ မတ်လမှ ယနေ့တိုင် ဖြစ်ပြီး ယခုအချိန်တွင်...

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း၏ အခမဲ့ စက်ချုပ်သင်တန်း ဖွင့်လှစ်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း၏ အခမဲ့ စက်ချုပ်သင်တန်း ဖွင့်လှစ်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း၏ အခမဲ့စက်ချုပ်သင်တန်း အမှတ်စဉ်(၁၀)ကို မေလ (၁၅) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါစက်ချုပ်သင်တန်းသည် ဖောင်ဒေးရှင်း၏အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ ချေးငွေထုတ်ယူထားသော အသင်းဝင်အမျိုးသမီးများ အတတ်ပညာပိုင်းနှင့် ဝင်ငွေတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ လှည်းကူးမြို့နယ်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ထို့အတူ ၂၀၁၆ ခုနှစ်အတွင်းကလည်း တိုက်ကြီးမြို့နယ်တွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ အခမဲ့စက်ချုပ်သင်တန်း အပတ်စဉ်တစ်ခုလျှင် သင်တန်းသူအယောက်(၂၀) ဦးဖြင့် သင်တန်းအပတ်စဉ် (၉)ခု ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူဦးရေ (၁၈၀) ကို သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။ လှည်းကူးမြို့နယ်တွင် ယခုဖွင့်လှစ်ခဲ့သည့် အခမဲ့စက်ချုပ်သင်တန်းတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းအသင်းဝင် သင်တန်းသူဦးရေ (၂၀) ဦးကို တစ်လကြာ သင်ကြားပေးသွားမည်ဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးဒုက္ခများကူညီကယ်ဆယ်ရေးကွန်ယက် ပဲခူးမြို့သို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးဒုက္ခများကူညီကယ်ဆယ်ရေးကွန်ယက် ပဲခူးမြို့သို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်း။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ရသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ ယနေ့ မေလ (၁၆) ရက်နေ့တွင် သဘာဝပတ်ဝန်ကျင် ကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးဒုက္ခများကူညီကယ်ဆယ်ရေးကွန်ယက် (ပဲခူးမြို့) သို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီး လှူဒါန်းခဲ့ပါသည်။ အဆိုပါရေသယ်ယာဉ်အသစ်အား သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးဒုက္ခများကူညီကယ်ဆယ်ရေးကွန်ယက် (ပဲခူးမြို့)ရုံးတည်ရှိရာ ပရဟိတဥူးကိတ္တိကျောင်းတိုက်တွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းကိုယ်စား ကမ္ဘောဇဘဏ်လီမိတက် ပဲခူးဘဏ်ခွဲ(၁) တာဝန်ခံ ဦးဇေဝင်းထွန်းနှင့် ဖောင်ဒေးရှင်းတာဝန်ရှိသူများမှ ပေးအပ်လှူဒါန်းခဲ့ပြီး အသင်းဥက္ကဋ္ဌ ဦးဇော်နိုင်မှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံမှ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေရှားပါးသည့်ဒေသများ၌ ရေဖြန့်ဝေလှူဒါန်းခြင်းများ ပြုလုပ်နိုင်ရန် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ်အသစ် (၄၄) စီးကိုဝယ်ယူခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ သောက်သုံးရေရှားပါးမှု အခက်အခဲနှင့် ကြုံတွေ့နေရသော...

ကျောက်ပန်းတောင်းမြို့နှင့် မလှိုင်မြို့သို့ ရေသယ်ယာဉ် အသစ် (၂) စီးကို ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ပေးအပ်လှူဒါန်း။

ကျောက်ပန်းတောင်းမြို့နှင့် မလှိုင်မြို့သို့ ရေသယ်ယာဉ် အသစ် (၂) စီးကို ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ပေးအပ်လှူဒါန်း။

မြန်မာနိုင်ငံအတွင်း အလွန်ပူပြင်းခြောက်သွေ့ပြီး ရေရှားပါးသောဒေသများတွင် နွေရာသီအတွင်း သောက်သုံးရေး ပိုမိုလိုအပ်လာမည် ဖြစ်သဖြင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ် အသစ်များ ပေးအပ်လှူဒါန်းလျက်ရှိပါသည်။ ‘ကျောက်ပန်းတောင်းမြို့ “Volunteer Group လူမှုကူညီရေးပရဟိတအဖွဲ့” သို့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက ရေသယ်ယာဉ် အသစ် ပေးအပ်လှူဒါန်းစဉ်’ ကျောက်ပန်းတောင်းမြို့နယ်ရှိ “Volunteer Group လူမှုကူညီရေးပရဟိတအဖွဲ့” သို့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ကိုယ်စား ကျောက်ပန်းတောင်းဘဏ်ခွဲတာဝန်ခံ ဒေါ်ခက်ခပ်နွယ်က ရေဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ် အသစ်တစ်စီးကို မေလ (၁၁) ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပါသည်။ ‘မလှိုင်မြို့၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအသင်း သို့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်းစဉ်’ ထို့အတူ မလှိုင်မြို့နယ်ရှိ “ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအသင်း” ထံသို့လည်း ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ် အသစ်တစ်စီးကို ဖောင်ဒေရှင်း တာဝန်ရှိသူများဖြစ်သည့် ကမ္ဘောဇဘဏ်လီမိတက်၏...

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းသို့ ရေသယ်ယာဉ် အသစ်တစ်စီး လှူဒါန်း။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းသို့ ရေသယ်ယာဉ် အသစ်တစ်စီး လှူဒါန်း။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (EMERGENCY RESCUE AND SOCIAL SUPPORT DEVELOPMENT ORGANIZATION) ရန်ကုန် သို့ ယနေ့ မေလ ၁၂ ရက်နေ့တွင် ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ်အသစ် တစ်စီးလှူဒါန်းခဲ့ပါသည်။ အဆိုပါရေသယ်ယာဉ်အသစ်ကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား ဖောင်ဒေးရှင်း တာဝန်ရှိသူများဖြစ်သည့် ဦးအောင်ကျော်စိုး၊ ဒေါ်ခိုင်မာထွေးနှင့် ဒေါ်ခင်မြင့်ဝေတို့က ပေးအပ်လှူဒါန်းခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးဇွဲရန်နိုင်မှ လက်ခံရယူခဲ့ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ်အသစ် (၄၄) စီးကိုဝယ်ယူခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ သောက်သုံးရေရှားပါးမှုအခက်အခဲနှင့် ကြုံတွေ့နေရသော ဒေသများအရောက် ရေဂါလံပေါင်းသန်းချီ၍ လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ ဦးဆောင်မှုဖြင့် ရေပေးဝေမှုများ ပိုမိုထိရောက်စွာလှူဒါန်းနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ ပရဟိတအဖွဲ့အစည်းအသီးသီးသို့ ရေသယ်ယာဉ်အသစ်...

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တံတားဦးမြို့၊ စေတနာရှင်လူမှုကူညီရေးအသင်းသို့ ရေသယ်ယာဉ်အသစ်တစ်စီး ပေးအပ်လှူဒါန်း။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တံတားဦးမြို့၊ စေတနာရှင်လူမှုကူညီရေးအသင်းသို့ ရေသယ်ယာဉ်အသစ်တစ်စီး ပေးအပ်လှူဒါန်း။

ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလရောက်သည့်အချိန်တိုင်း ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ ယနေ့ မေလ (၉) ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၊စေတနာရှင် လူမှုကူညီရေးအသင်းသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီးကို လှူဒါန်းခဲ့ပါသည်။ အဆိုပါရေသယ်ယာဉ်အား ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းနှင့် ဖောင်ဒေးရှင်းတာဝန်ရှိသူများမှ ပေးအပ်လှူဒါန်းခဲ့ပြီး တံတားဦးမြို့၊ စေတနာရှင် လူမှုကူညီရေးအသင်း ဒု-ဥက္ကဋ္ဌ ဦးရဲလင်းသူနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ် (၄၄) စီးကိုဝယ်ယူခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရေရှားပါးသောဒေသများအရောက် ဖောင်ဒေးရှင်း၏ ရေသယ်ယာဉ်များဖြင့် ရေဂါလံပေါင်း သန်းချီဖြန့်ဝေလှူဒါန်းနိုင်ခဲ့ပါသည်။ ထို့အပြင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ဦးဆောင်မှုဖြင့် ရေရှားပါးခက်ခဲသောဒေသများရှိ ပရဟိတအဖွဲ့အစည်းအသီးသီးသို့ အချိန်နှင့်တစ်ပြေးညီ ပိုမိုကျယ်ပျံ့စွာ ရေလှူဒါန်းနိုင်ရန်အတွက် ရေသယ်ယာဉ်အသစ် စုစုပေါင်း(၃၈)စီး...

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ မြေလတ်ဒေသတွင် ဒုတိယအကြိမ် ရေအောင်ပွဲရရှိ။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ မြေလတ်ဒေသတွင် ဒုတိယအကြိမ် ရေအောင်ပွဲရရှိ။

ယခုအခါ မြန်မာပြည်အလယ်ပိုင်း၊ ဖန်ခါးမြေ ဟုခေါ်တွင်သည့် မြေလတ်ဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် ဒုတိယမြောက်ရွာအဖြစ် “အစစမ်း” ရွာ၌ DANDO စက်ရေတွင်းတူးစက်ကြီးဖြင့် သောက်သုံးရေရရှိစေရန် တူးဖေါ်ပေးခဲ့ပြန်ပါသည်။ အစစမ်းရွာသည် မကွေးမြို့နယ်၊ သစ်ရာကောက်တိုက်နယ်တွင် တည်ရှိပြီး မကွေး-တောင်တွင်းကြီး ကားလမ်းပေါ်တွင် ရှိပါသည်။ အစစမ်းရွာတွင် ဘုန်းတော်ကြီး ကျောင်း(၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁)ကျောင်း၊ မူလတန်းကျောင်း(၁)ကျောင်း၊အိမ်ထောင်စု(၂ရဝ)၊ လူဦးရေ (၁၄၀၀)ရှိသည့် ရွာ(၁)ရွာဖြစ်ပါသည်။ ၎င်းရွာ၏ အသက် မွေးဝမ်းကြောင်းလုပ်ငန်းမှာ မြေပဲနှင့်နှမ်း အများဆုံးစိုက်ပျိုးသည့် တောင်ယာလုပ်ငန်း ဖြစ်ပါသည်။ အစစမ်းရွာ စက်ရေတွင်းကို(၃-၅-၂၀၁၇)ရက် နေ့မှ(၈-၅-၂၀၁၇)ရက်နေ့အထိ တူးဖေါ်ပေးခဲ့ ရာ အနက်ပေ(၅၂၀)အရောက်တွင် တစ်နာရီ ရေဂါလန်(၃၆၀၀)ထွက်ရှိခဲ့ပါသည်။ ထိုကဲ့သို့ရေထွက်ရှိမှု ကြောင့် အစစမ်းရွာအနေဖြင့် ရေကို ယခင်ကထက် ပိုမိုသုံးစွဲနိုင်တော့မည် ဖြစ်ပါသည်။ အစစမ်းရွာစက်ရေတွင်းတူးဖေါ်အောင်မြင်မှုမှာ မကွေးတိုင်းဒေသကြီးတွင် DANDOစက်ကြီး၏...

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက မတည်လှူဒါန်း ဆောင်ရွက်ပေးခဲ့သော ပုန်းတလုတ် ရေကန်တော်ကြီး ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဇော်ဂျီရေထွက်မှ ရေသွယ်ယူခြင်း အောင်ပွဲကျင်းပ။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက မတည်လှူဒါန်း ဆောင်ရွက်ပေးခဲ့သော ပုန်းတလုတ် ရေကန်တော်ကြီး ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဇော်ဂျီရေထွက်မှ ရေသွယ်ယူခြင်း အောင်ပွဲကျင်းပ။

ဒေါ်နန်းလိုင်းခမ်းဥက္ကဋ္ဌ အဖြစ်ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၂၀၀၇ ခုနှစ်မှစ၍ ယနေ့အထိ ပညာရေး၊ ကျန်းမာရေး၊သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လူမှုရေးကဏ္ဍအသီးသီးတွင် နိုင်ငံတော်နှင့် ပြည်သူအတွက် စုစုပေါင်းကျပ်ငွေ(၁၂၀) ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။May 8, 2017 ‘ပုန်းတလုတ်ရေကန်တော်ကြီး ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဇော်ဂျီရေထွက်မှ ရေသွယ်ယူခြင်း၊ အောင်ပွဲ အထိမ်းအမှတ် အခမ်းအနားဖွင့်လှစ်နေစဉ်’ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း က အလှူငွေကျပ်သိန်း(၇၀၀)ဖြင့် မတည်လှူဒါန်း ဆောင်ရွက်ပေးခဲ့သော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ကျက်သရေဆောင်၊ ပုန်းတလုတ်ရေကန်တော်ကြီး ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဇော်ဂျီရေထွက်မှ ရေသွယ်ယူခြင်း၊ အောင်ပွဲ အထိမ်းအမှတ် အခမ်းအနားကို မေလ (၅)ရက်နေ့က ပင်းတယမြို့ Diamond Queen မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။ ကမ်ဘောဇအနာဂတျအလငျးတနျးမွနျမာဖောငျဒေးရှငျး က အလှူငှကေပြျသိနျး(၇၀၀)ဖွင့ျ မတညျလှူဒါနျး ဆောငျရှကျပေးခဲ့သော ဓနုကိုယျပိုငျအုပျခြုပျခှင့ျရဒသေ၊ ပငျးတယမွို့...

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လုံမြို့၊ ပိဋကတ် ဘုန်းတော်ကြီးကျောင်းတွင် စက်ရေတွင်း တူးဖေါ်အောင်မြင်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လုံမြို့၊ ပိဋကတ် ဘုန်းတော်ကြီးကျောင်းတွင် စက်ရေတွင်း တူးဖေါ်အောင်မြင်။

ကမေ ္ဘာဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မြန်မာပြည်အနှံ့သောက်သုံးရေရှားပါးသော နေရာများတွင်ဒေသမရွေး စက် ရေတွင်းတူး စက်ကြီးများဖြင့် စက်ရေတွင်းများ တူးဖေါ်ပေးခဲ့သည်မှာ ၂၀၁၃ခုနှစ်၊ မတ်လမှ ယနေ့တိုင် ဖြစ်ပါသည်။ မြန်မာပြည်အနံှ့တူးဖော်ပေးသော စက်ရေ တွင်းပေါင်းမှာ ယခုရေအောင်သော ပင်လုံမြို့၊့ပိဋကတ်ကျောင်းတိုက် စက်ရေတွင်းနှင့် ဆိုလျှင်(၂၀၄)တွင်းရှိပြီဖြစ်ပြီး ရေထွက်သည့် စက်ရေတွင်းပေါင်းမှာ (၁၅၃)တွင်းရှိပြီ ဖြစ်ပါသည်။ ပင်လုံမြို့မှာ သမိုင်းဝင်မြို့ တစ်မြို့ဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၌တည်ရှိသော မြို့နယ်ခွဲအဆင့့်ရှိ မြို့တစ်မြို့လည်းဖြစ်ပါသည်။ ​​ပိဋကတ်ကျောင်းတိုက် စက်ရေတွင်းကို ို(၂၂.၄.၂၀၁ရ)နေ့ကစတင် တူးဖေါ် ပေးခဲ့ပြီး (၅.၅.၂၀၁၇)ရက်နေ့၌ အနက်ပေ(၄၀၀) အရောက်တွင် တစ်နာရီ ရေ (၂၀၀၀)ဂါလန် ထွက်ရှိခဲ့ပါသည်။ ထူးခြားချက်အနေဖြင့် အဆိုပါကျောင်းတိုက်တွင် ပိဋကတ်စာပေများကို ရှမ်းဘာသာဖြင့် သင်ကြားပ့ိုချ့ပေးလျက်ရှိပါသည်။ ထိုကဲ့သို့ရေထွက်ရှိ မှုကြောင့် အဆိုပါကျောင်းတိုက်ရှိ စာချ သံဃာတော်များ၊ စာသင်သားရဟန်း၊...

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မြန်အောင်မြို့၊ ပါရမီလူမှုကူညီရေးအသင်းသို့ ရေသယ်ယာဉ်အသစ်တစ်စီး ပေးအပ်လှူဒါန်း။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မြန်အောင်မြို့၊ ပါရမီလူမှုကူညီရေးအသင်းသို့ ရေသယ်ယာဉ်အသစ်တစ်စီး ပေးအပ်လှူဒါန်း။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလအတွင်း ရေရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသောဒေသများသို့ ရေသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ မေလ (၅) ရက်နေ့က မြန်အောင်မြို့၊ ပါရမီလူမှုကူညီရေးအသင်းသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီးကို လှူဒါန်းခဲ့ပါသည်။ အဆိုပါရေသယ်ယာဉ်အား ပါရမီလူမူကူညီရေးအသင်းရုံးတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား ကမ္ဘောဇဘဏ်လီမိတက် မြန်အောင်ဘဏ်ခွဲတာဝန်ခံဒေါ်ဝါဝါအောင်နှင့် ဖောင်ဒေးရှင်းတာဝန်ရှိသူများမှ ပေးအပ် လှူဒါန်းခဲ့ပြီး အသင်းတာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ် (၄၄) စီးကိုဝယ်ယူခဲ့ပြီး ရေရှားပါးသောဒေသများသို့ ဖောင်ဒေးရှင်း၏ ရေသယ်ယာဉ်များဖြင့် ရေဂါလံပေါင်းသန်းချီ၍ ဖြန့်ဝေလှူဒါန်းနိုင်ခဲ့ပါသည်။ ထို့အပြင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ဦးဆောင်မှုဖြင့် ရေရှားပါးခက်ခဲသောဒေသများရှိ ပရဟတိအဖွဲ့အစည်းအသီးသီးသို့ ရေသယ်ယာဉ် စုစုပေါင်း(၃၇)စီး ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ရေသယ်ယာဉ်အသစ် လှူဒါန်းမှုများအပြင် မြန်မာပြည်တစ်ဝှမ်း စက်ရေတွင်း ပေါင်း(၂၀၃)တွင်း တူးဖော်ပေးခဲ့ပြီး...