Category: News

တောင်ကြီးအသင်းမှ ချီးမြှင့်သော အမျိုးသမီးထူးချွန်စီးပွားရေးလုပ်ငန်းရှင် ဂုဏ်ပြုဆုကို BFM ဥက္ကဌ ဒေါ်နန်းလိုင်းခမ်း လက်ခံရရှိ

တောင်ကြီးအသင်းမှ ချီးမြှင့်သော အမျိုးသမီးထူးချွန်စီးပွားရေးလုပ်ငန်းရှင် ဂုဏ်ပြုဆုကို BFM ဥက္ကဌ ဒေါ်နန်းလိုင်းခမ်း လက်ခံရရှိ

ရှမ်းပြည်နယ်၊ တောင်ကြီးအသင်းမှ ချီးမြှင့်သော အမျိုးသမီးထူးချွန်စီးပွားရေးလုပ်ငန်းရှင် ဂုဏ်ပြုဆုကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) ဥက္ကဌ ဒေါ်နန်းလိုင်းခမ်း လက်ခံရရှိ ရှမ်းပြည်နယ်၊ တောင်ကြီးအသင်းမှ နှစ်စဉ်ကျင်းပမြဲဖြစ်သော သက်ကြီးပူဇော်ပွဲ၊ ပညာရည် ချွန်ဆုပေးပွဲနှင့် သင်းလုံးကျွတ်အစည်းအဝေးကို ၂၀၁၆-ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့က ရန်ကုန် မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘောဇသာသနာ့ဗိမာန်တွင် ကျင်းပရာ အခမ်းအနားသို့ အသက်(၇၅)နှစ် အထက် ကန်တော့ခံသက်ကြီးဘိုးဘွားများ၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ တွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ဲကြသော အသင်းဝင်သားသမီးများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်တွင်းရှိ ထူးချွန်သူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသမီးထူးချွန်ဆုကို ရှမ်းပြည်နယ်၊ တောင်ကြီးအသင်း ဥက္ကဌ ဒေါ်စဝ်သီတာထွေးက ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) ဥက္ကဌ ဒေါ်နန်းလိုင်းခမ်းကို ပေးအပ်ချီးမြှင့်ရာ ဒေါ်နန်းလိုင်းခမ်း ကိုယ်စား BFM...

ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတွင် အသုံးပြုရန် BFM မှ ငွေကျပ်သိန်းတစ်ထောင်လှူဒါန်း

ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတွင် အသုံးပြုရန် BFM မှ ငွေကျပ်သိန်းတစ်ထောင်လှူဒါန်း

ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတွင် အသုံးပြုရန် BFM မှ ငွေကျပ်သိန်းတစ်ထောင်လှူဒါန်း မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် BFM မှ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ထိထိရောက်ရောက် ပြင်ဆင်နိုင်ရေးနှင့် ကယ်ဆယ်နိုင်ရေးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းလျက်ရှိပါသည်။ ဇူလိုင် (၂၆) ရက် (ယနေ့)တွင် ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် BFM (ကိုယ်စား) မြစ်ကြီးနားဘဏ်ခွဲတာဝန်ခံ၊ ဒေါ်ယဉ်ယဉ်မာမှ အလှူငွေကျပ် သိန်းတစ်ထောင်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဒေါက်တာခက်အောင် ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ အလှူငွေပေးအပ်ပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အမြော်အမြင်ရှိရှိဖြင့် လှူဒါန်းသော BFM အား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ကချင်ပြည်နယ်အတွက် လှူဒါန်းမှုများထဲတွင် အလှူငွေ အများဆုံး စံချိန်တင်လှူဒါန်းမှုဖြစ်ပါကြောင်း၊...

မင်္ဂလာရှိသောနေ့၊ မင်္ဂလာရှိသောအလှူ

မင်္ဂလာရှိသောနေ့၊ မင်္ဂလာရှိသောအလှူ

သူတို့အားလုံး စုဝေးရောက်ရှိနေကြတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကနှေးကွေးလေးလံလာပြီ။ သူတို့ရဲ့ ဦးခေါင်းထက်ဆံစများက ဘော်ငွေရောင် ခြုံလွှမ်းလို့။ မျက်နှာပြင်ပေါ်က အရေးအကြောင်းများကလဲ ဇရာရဲ့သရုပ်သဏ္ဍာန်ကို ပီပြင်အောင်ဖော်ညွှန်းပေးနေတယ်။ ဒါပေမယ့် သူတို့ရဲ့မျက်ဝန်းတွေကတော့ဖြင့်ဝေသီမနေပါ။ ဒီထက်ပိုလို့ ဒီနေ့မှာတော့ သူတို့ရဲ့မျက်နှာပြင်ပေါ်မှာ အပြုံပန်းများ ကိုယ်စီ ပွင့်လန်းလို့နေပါတယ်။ “ဒီနေ့က အင်မတန်မှ ကျေနပ်ဝမ်းသာရတဲ့နေ့။ ကျေနပ်မိတာက ဒီမနက်ဇူလိုင်(၁၉)ရက် အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုရတယ်။ ဝမ်းသာမိတာကတော့ အဘွားတို့သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာက အဘိုးအဘွားတွေ အသွားအပြန်အတွက် ကား(၂)စီးလာလှူမယ်ဆိုတာ သိထားရလို့ပါ” တစ်ပါတ်မှာ ကားခ (၆၀၀၀) ကျပ် အကုန်အကျခံပြီးရွှေပြည်သာနေအိမ်ကနေ Day Care Centre ရှိတဲ့ချော်တွင်းကုန်းအထိ ဘတ်စ်ကား (၂)ဆင့် တိုးဝှေ့စီးပြီး လာရတဲ့၊ သီချင်းဆိုဝါသနာပါတဲ့ အသက် (၇၅)နှစ်အရွယ်အဘွား ဒါ်စန်းမြင့်က အပြုံးချိုချိုနဲ့ အခုလို...

တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင် လိုအပ်လျှက်ရှိသော OXYGEN GENERATOR စက်ဝယ်ယူရန် BFM မှ ကျပ်သိန်း (၂၀၀) လှူဒါန်း။

တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင် လိုအပ်လျှက်ရှိသော OXYGEN GENERATOR စက်ဝယ်ယူရန် BFM မှ ကျပ်သိန်း (၂၀၀) လှူဒါန်း။

တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင် လိုအပ်လျှက်ရှိသော Oxygen Generator စက်ဝယ်ယူရန် BFM မှ ကျပ်သိန်း (၂၀၀) ၂၀၁၆ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင်ထည့်ဝင် လှူဒါန်းခဲ့ပါသည်။ Oxygen Generator စက်သည် ပေါင်ချိန်မပြည့်ဘဲ မွေးဖွားလာသည့် မွေးကင်းစကလေးငယ်များ အသက်ရှူခက်ခဲလျှင် ကူညီမှုပေးနိုင်သည့်စက်ဖြစ်ပါသည်။ ယခုဝယ်ယူမည့်စက်သည် လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည့်အချိန်တွင်ပါ Oxygen ပြတ်တောက်ခြင်းမရှိဘဲ အသုံးပြုနိုင်မည်ဖြစ်သောကြောင့် မွေးကင်းစကလေးငယ်များအတွက် အသက်ရှူခြင်းဆိုင်ရာ ပြသနာများကို ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်သည်။ စေတနာရှင်အလှူရှင်များ၏ Oxygen Generator စက် စုပေါင်းလှူဒါန်းမှုတွင် ငွေကျပ်သိန်း (၂၀၀) ကို BFM မှ ထည့်ဝင်လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ မွေးကင်းစကလေးငယ်များ၏ အသက်အန္တရာယ်ကယ်တင်နိုင်ရန်အတွက် Oxygen Generator စက်ဝယ်ယူရန် ပါဝင်လှူဒါန်းပေးခဲ့ကြသော စေတနာရှင်များနှင့် BFM အားပါဝင်လှူဒါန်းခွင့်ပြုခဲ့သော တောင်ကြီးမြို့...

ANAR GHET A LINN TAN VILLAGE

ANAR GHET A LINN TAN VILLAGE

          To assist more than 360 people affected by the landslides in Mawchi Region, Kayah State in October 2015, the KBZ Brighter Future Myanmar Foundation (BFM) invested K250 million in rebuilding a new village from the ground up.           Following the flooding of 12 states and divisions that began in July,...

COLLABORATIONS AND PARTNERSHIPS

COLLABORATIONS AND PARTNERSHIPS

        BFM granted financial support to twenty-eight local non-profit organizations through Kyaw Thu Parahita Network in order to further carry out social development projects across the country. In assisting these organizations, BFM hopes to increase its impact by extending its network. Prior to this endeavor, BFM had commissioned Kyaw Thu Parahita Network to drill...

CONVOCATION HALL AT THE BUDDHIST UNIVERSITY IN TAUNGGYI

CONVOCATION HALL AT THE BUDDHIST UNIVERSITY IN TAUNGGYI

Convocation Hall at the Buddhist University in Taunggyi, Shan State donated by the KBZ Brighter Future Myanmar Foundation Myanmar being predominantly a Buddhist country, BFM puts its resources into sustaining the Buddhist faith and ensuring access to Buddha’s teachings to all his disciples on a long-term basis. As a supporter of Buddhist doctrine, the foundation...

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ အခြေခံ စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲ

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ အခြေခံ စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲ

‘စက်ချုပ်သင်တန်းပေးနေစဉ် သင်တန်းသူတစ်ဦးအား ၎င်းချုပ်လုပ်ထားသည့် အကျီ ၤဖြင့် တွေ့ရစဉ်’ ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းသည် တိုက်ကြီးမြို့နယ်အတွင်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုများရှိ အမျိုးသမီးများအတွက် အသေးစား ချေးငွေပံံ့ပိုးမှု (Microfinance) အစီအစဉ်ကို ၂၀၁၄ခုနှစ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် အဆိုပါ Microfinance အဖွဲ့ဝင်အမျိုးသမီးများနှင့် ၎င်းတို့၏ သားသမီးများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အစီအစဉ်အဖြစ် အခမဲ့ အခြေခံစက်ချုပ်သင်တန်းကို အပတ်စဉ် ဖွင့်လှစ်ပေးခဲ့ရာ ယခုအခါ သင်တန်းအမှတ်စဉ်(၅)တွင် သင်တန်းဆင်းဦးရေ (၁၉)ဦးအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့နိုင်ပါသည်။ ‘စက်ချုပ်သင်တန်းဆင်း သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ် ပေးနေစဉ်’ ‘စက်ချုပ်သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းသူများ သင်တန်းဆင်းပွဲ အမှတ်တရ’ ယခုအခါ ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ တိုက်ကြီးမြို့နယ်အတွင်း အခမဲ့ အခြေခံစက်ချုပ်သင်တန်းများ ဖွင့်လှစ်ပေးခဲ့ရာ...

နိုင်ငံတကာအမျိုးသမီးများနေ့ ( INTERNATIONAL WOMEN’S DAY)

နိုင်ငံတကာအမျိုးသမီးများနေ့ ( INTERNATIONAL WOMEN’S DAY)

ဒီနေ့ဟာဆိုရင် နိုင်ငံတကာအမျိုးသမီးများနေ့ ( International Women’s Day) ပါ။လူ့အဖွဲ့အစည်းတစ်ရပ်လုံးက လေးစားရတဲ့ သူတော်စင် မာသာထရီဆာက မေတ္တာတရားကို “အပြုံး” များနဲ့ စတင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ချစ်ခြင်းမေတ္တာတရားတွေနဲ့ လှပတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ဖို့ တို့အားလုံးရဲ့ “အပြုံး”တွေ အဆင်သင့်ပဲလား။