Category: Environmental Conservation

BFM မှ မော်တော်ယာဉ်အစီး (၈၀) ဖြင့် ရန်ကုန်မြို့တော်မှ ပြည်သူများသွားလာရေးလွယ်ကူချောမွေ့စေရန် ပါဝင်ဆောင်ရွက်

BFM မှ မော်တော်ယာဉ်အစီး (၈၀) ဖြင့် ရန်ကုန်မြို့တော်မှ ပြည်သူများသွားလာရေးလွယ်ကူချောမွေ့စေရန် ပါဝင်ဆောင်ရွက်

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်နန်းလိုင်းခမ်း ၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနသို့ မော်တော်ယာဉ် အစီး(၈၀)အား ပေးပို့ ကူညီထားပါသည်။ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ကွပ်ကဲမှုဖြင့် ခရီးသွားပြည်သူများကို အခက်အခဲဖြစ်နေသည့် ယာဉ်လမ်းကြောင်းများတွင် အခမဲ့ ပြေးဆွဲ၍ ပို့ဆောင်ပေးလျှက်ရှိပြီး ပြောင်းလဲထားသည့် စနစ်သစ်နှင့် ပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည်အထိ ကူညီပေးသွားမည်ဖြစ်ပါသည်။ရန်ကုန်မြို့တော်အတွင်းရှိ ခရီးသွားများ လွယ်ကူစေရန် တာဝန်သိစိတ်ဖြင့် တတ်နိုင်သည့်နေရာမှ ကူညီဆောင်ရွက်ပေးနေကြသော နိုင်ငံသူနိုင်ငံသားများ၊ စေတနာ့ဝန်ထမ်းများနှင့် သက်ဆိုင်ရာအစိုးရ ဌာနအသီးသီးမှ ဝန်ထမ်းများကို လေးစားစွာဖြင့် မှတ်တမ်းတင်အပ်ပါကြောင်း ဖေါ်ပြအပ်ပါသည်။