Category: Community Development and Engagement

ဟဲဟိုး ဖါးအောက်တောရ ဓမ္မရိပ်သာတွင် အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ တူးဖေါ်နေသည့် ဒုတိယမြောက် စက်ရေတွင်း တူးဖေါ်လှူဒါန်းအောင်မြင်။

ဟဲဟိုး ဖါးအောက်တောရ ဓမ္မရိပ်သာတွင် အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ တူးဖေါ်နေသည့် ဒုတိယမြောက် စက်ရေတွင်း တူးဖေါ်လှူဒါန်းအောင်မြင်။

ယခုရေအောင်ခဲ့သည့် စက်ရေတွင်းကို ၂၀၁၈ မေလ ၃ ရက်နေ့က စတင်၍ တူးဖေါ်ခဲ့ခြင်းဖြစ်ပြီး ဟဲဟိုးဖါးအောက်တောရဓမ္မရိပ်သာတွင် တရားစခန်းဝင်သော ပြည်တွင်း၊ ပြည်ပ ယောဂီများ၊ သံဃာတော်များ၊ သီတင်သုံးနေ ထိုင်လျက်ရှိသည့် အပြင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်သားများလည်းရှိနေသဖြင့် သောက်သုံးရေဖူလုံစေရန် ယခုကဲ့သို့ဒုတိယမြောက် စက်ရေတွင်းတူးဖေါ် ပေးခဲ့ခြင်းဖြစ်ပါသည်။ ယခုဆိုလျှင် ဟဲဟိုးဖါးအောက်တောရဓမ္မရိပ်သာအတွက် လိုအပ်သောသောက်သုံးရေကို ဖူလုံစွာ ရရှိသွားပြီ ဖြစ်ပါသည်။ ထိုကဲ့သို့အောင်မြင်မှုရရှိရခြင်းမှာ အလှူရှင် အနာဂါတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM)၏ စစ်မှန်သော စေတနာသဒ္ဓါတရားနှင့် ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့်ဟု ဆိုရမည် ဖြစ်ပါသည်။ ထို့အပြင် တွံတေးမြို့နှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများ သောက်သုံးရေ ဖူလုံစေရန်အတွက်လည်း Hyundai အမျိုးအစား ရေသယ်ယာဉ်သစ်တစ်စီးကို တွံတေးမြို့ စိတ္တသုခလူမှုကယ်ဆယ်ရေးအသင်းထံသို့ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ...

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ သာစည်မြို့နယ်၊ ဇေယျာသုခရေလှူအသင်းသို့ရေသယ်ယာဉ်အသစ်တစ်စီး ပေးအပ်လှူဒါန်း။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ သာစည်မြို့နယ်၊ ဇေယျာသုခရေလှူအသင်းသို့ရေသယ်ယာဉ်အသစ်တစ်စီး ပေးအပ်လှူဒါန်း။

‘အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့်ဇေယျာသုခရေလှူအသင်းဝင်များ ရေသယ်ယာဉ်အသစ်လှူဒါန်းမှုအပြီးတွင် အမှတ်တရဓာတ်ပုံရိုက်ကူးကြစဉ်’ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဇေယျာသုခရေလှူအသင်းသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်တစ်စီးကို ဧပြီလ (၂၉) ရက်နေ့က လှူဒါန်းခဲ့ပါသည်။ အဆိုပါရေသယ်ယာဉ်အား အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းနှင့် ဖောင်ဒေးရှင်းတာဝန်ရှိသူများမှ ပေးအပ်လှူဒါန်းခဲ့ပြီး သာစည်မြို့နယ်၊ ဇေယျာသုခရေလှူအသင်း ဥက္ကဋ္ဌဦးဟန်ခင်နှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ် (၄၄) စီးကိုဝယ်ယူခဲ့ပြီး ရေရှားပါးသောဒေသများသို့ ရေဂါလံပေါင်းသန်းချီ၍ ဖြန့်ဝေလှူဒါန်းနိုင်ခဲ့ပါသည်။ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ဦးဆောင်မှုဖြင့် ယခုချိန်အထိ ရေသယ်ယာဉ် စုစုပေါင်း(၃၆)စီးကို ရေရှားပါးခက်ခဲသောဒေသများသို့ ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ရေသယ်ယာဉ်အသစ် လှူဒါန်းမှုများအပြင် ရေရှားပါးသည့်ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ဖားအောက်တောရဓမ္မရိပ်သာ၊ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၊ ဝဲပဒန်ကျေးရွာနှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)...

အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ မြေလတ်ဒေသတွင် ရေအောင်ပွဲရရှိပြန်ပြီ။

အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ မြေလတ်ဒေသတွင် ရေအောင်ပွဲရရှိပြန်ပြီ။

အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM) သည် မြန်မာပြည်အနှံ့သောက်သုံးရေရှားပါးသောဒေသများတွင် စက်ရေတွင်းကြီးများ တူးဖေါ်လှူဒါန်းပေးခဲ့သည်မှာ ၂၀၁၃ခုနှစ် မှစ၍ ယနေ့တိုင်ဖြစ်ပါသည်။ ယခုအခါ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ မြန်မာပြည် အလယ်ပိုင်း၊ ဖန်ခါးမြေဟုခေါ်တွင်သည့် မြေလတ်ဒေသဖြစ်သော မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်၊ ရန်ကုန်-ပြည်-မကွေးလမ်းမကြီးပေါ်တွင်ရှိသော စမ်းမကြီးရွာတွင် DANDOရေတွင်း တူးစက်ကြီးဖြင့် သောက်သုံးရေရရှိစေရန် အောင်မြင်စွာ တူးဖေါ်ပေးနိုင်ခဲ့ပါသည်။ စမ်းမကြီးရွာစက်ရေတွင်းကို (၂၂.၄.၂၀၁၇) ရက်နေ့မှ(၃၀.၄.၂၀၁၇)ရက်နေ့အထိ တူးဖေါ်ပေးခဲ့ရာ အနက်ပေ (၆၃၀) တွင် တစ်နာရီ ရေဂါလံ (၃၀၀၀)ထွက်ရှိခဲ့ပြီး ယခင်ကထက် ရေကို ပိုမိုသုံးစွဲနိုင်တော့မည်ဖြစ်ပါသည်။ စမ်းမကြီးရွာသည် တောင်ယာလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းကြပြီး ဘုန်းတော်ကြီး ကျောင်း(၂)ကျောင်း၊ ကျောင်းသားဦးရေ (၃၁၉)ဦးရှိသည့် အလယ်တန်းကျောင်း (၁)ကျောင်း၊ အိမ်ထောင်စု(၄၄၈)စု၊ လူဦးရေ (၂၁၁၄)ရှိသည့်ရွာကြီး(၁)ရွာဖြစ်ပါသည်။ စမ်းမကြီးရွာစက်ရေတွင်းတူးဖေါ်အောင်မြင်မှုမှာ မကွေးတိုင်းဒေသကြီးတွင် DANDO...

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တူးဖော်နေသော ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ဓာတ်တော်ကျောင်းစက်ရေတွင်းရေအောင်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တူးဖော်နေသော ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ဓာတ်တော်ကျောင်းစက်ရေတွင်းရေအောင်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မြန်မာပြည်တစ်ဝှမ်း ရေရှားပါးသောဒေသများတွင် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ စက်ရေတွင်းများတူးဖော်လှူဒါန်းပေးလျှက်ရှိရာ ဧပြီလ ၃ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ဓာတ်တော်ကျောင်း စက်ရေတွင်းသည် အနက်ပေ ၂၂၅ ပေအရောက်တွင် တစ်နာရီရေဂါလံ ၂၀၀၀ နှုန်းဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။ ယခုအောင်မြင်ခဲ့သော စက်ရေတွင်းသည် မြန်မာပြည်တစ်ဝှမ်း အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တူးဖော်ပေးခဲ့သော စက်ရေတွင်းပေါင်း (၂၀၁) တွင်းအနက် (၁၅၁) တွင်းမြောက် ရေအောင်တွင်းလည်း ဖြစ်ပါသည်။ ဓာတ်တော်ကျောင်းစက်ရေတွင်း အောင်မြင်စွာတူးဖော်နိုင်ခဲ့ခြင်းကြောင့် စာသင်တိုက်အတွင်းရှိ သံဃာတော်များ၊ သီတင်းသီလဆောက်တည်ကြသော ဥပုသ်သည်များနှင့် ဝေယျာဝစ္စကုသိုလ်ပြုသူများ အနေဖြင့် ယခင်ကထက်ရေကို လုံလောက်စွာဖြင့် သုံးစွဲနိုင်တော့ မည်ဖြစ်ပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ဖားအောက်တောရ ဓမ္မရိပ်သာ၊ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၊ ဝဲပဒန်ကျေးရွာနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ မေတ္တာရှင်ကုသိုလ်ဖြစ် အခမဲ့ဆေးရုံတို့တွင်လည်း...

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရွှေလွိုင်ကော်(ကယား) ပရဟိတ အသင်းသို့ ရေသယ်ယာဉ် အသစ်တစ်စီးလှူဒါန်း။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရွှေလွိုင်ကော်(ကယား) ပရဟိတ အသင်းသို့ ရေသယ်ယာဉ် အသစ်တစ်စီးလှူဒါန်း။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ကယားပြည်နယ်လွိုင်ကော်မြို့ရှိ ရွှေလွိုင်ကော်(ကယား)ပရဟိတ အသင်းသို့ ဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ် အသစ်တစ်စီးကို ဧပြီလ ၉ ရက်နေ့ ကလှူဒါန်းခဲ့ပါသည်။ အဆိုပါ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အသစ်အား အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား ကမ္ဘောဇဘဏ်လီမိတက် လွိုင်ကော်ဘဏ်ခွဲ(၁)နှင့်(၂) တာဝန်ခံများမှ သွားရောက်လှူဒါန်းခဲ့ပြီး ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်း ဥက္ကဋ္ဌ ဦးသန်းစိုးမှ လက်ခံရယူခဲ့ပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ် (၄၄)စီးကိုဝယ်ယူခဲ့ပြီး ရေရှားပါးသောဒေသများသို့ ရေဂါလံပေါင်းသန်းချီ၍ ဖြန့်ေ၀ လှူဒါန်းနိုင်ခဲ့ပါသည်။ ထို့အပြင် ဖောင်ဒေးရှင်းအနေဖြင့်ရေရှားပါးခက်ခဲသောဒေသများရှိ ကျေးရွာများအ ရောက် ရေများပိုမိုဖြန့်ဝေလှူဒါန်းနိုင်ရန် ရေသယ်ယာဉ် စုစုပေါင်း (၃၅)စီးကို ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း အနေဖြင့် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ရေသယ်ယာဉ်အသစ် လှူဒါန်းမှုများအပြင် ရေရှားပါးသည့်ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊...

တွင်း (၁၅၀) မြောက်ရေအောင်တွင်းအဖြစ် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်၊ ဗုဒ္ဓတက္ကသိုလ် ဒုတိယစက်ရေတွင်းရေအောင်။

တွင်း (၁၅၀) မြောက်ရေအောင်တွင်းအဖြစ် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်၊ ဗုဒ္ဓတက္ကသိုလ် ဒုတိယစက်ရေတွင်းရေအောင်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မြန်မာပြည်တစ်ဝှမ်း ရေရှားပါးသောဒေသများတွင် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ရေတွင်းတူးစက်ကြီးများဖြင့် တူးဖော်လှူဒါန်းပေးလျှက်ရှိရာ အနာဂတ်အလင်းတန်းျမြန်မာဖောင်ဒေးရှင်း(BFM ) ၏ တွင်း ၁၅၀ မြောက်ရေအောင်တွင်း အဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်၌ တူးဖော်ပေးသော ဒုတိယမြောက် စက်ရေတွင်းသည် မတ်လ (၂၉) ရက်နေ့တွင် အနက်ပေ (၅၀၅) ပေ အရောက်၌ တစ်နာရီ ရေ(၂၅၀၀)ဂါလန်နှုန်းဖြင့် ထွက်ရှိအောင်မြင်ခဲ့ပါသည်။ ဖောင်ဒေးရှင်းအနေဖြင့် တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်တွင် ပထမစက်ရေတွင်းကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း တူးဖော်အောင်မြင်ခဲ့ပြီးဖြစ်သော်လည်း ဗုဒ္ဓတက္ကသိုလ်၌ ထပ်မံ တိုးပွားလာမည့် စာသင်သံဃာများ၊ သီလရှင်များနှင့်စာသင်သားများ အတွက်ပါ ရည်ရွယ်၍ ထပ်မံတူးဖော်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပါသည်။ ယခုရေအောင်တွင်းသည် ဖောင်ဒေးရှင်းမှ မြန်မာပြည်တစ်ဝှမ်း ရေရှားပါးသောဒေသများတွင် တူးဖေါ်ပေးသောစက်ရေတွင်း ပေါင်း(၂၀၀)တွင်းရှိသည့်အနက် (၁၅၀)တွင်း မြောက်ရေအောင်တွင်းလည်းဖြစ်ပါသည်။ ထို့အပြင်...

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ သီတဂူဗုဒ္ဓတက္ကသိုလ်သို့ ဂါလံ ၃၀၀၀ ဆံ့ ရေသယ်ယာဉ် အသစ်တစ်စီး ထပ်မံလှူဒါန်း။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ သီတဂူဗုဒ္ဓတက္ကသိုလ်သို့ ဂါလံ ၃၀၀၀ ဆံ့ ရေသယ်ယာဉ် အသစ်တစ်စီး ထပ်မံလှူဒါန်း။

‘အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ ရေဂါလံ ၃၀၀၀ ဆံ့ ရေသယ်ယာဉ်အသစ် တစ်စီးလှူဒါန်းစဉ်’ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ သီတဂူဗုဒ္ဓတက္ကသိုလ်သို့ ဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ် အသစ်တစ်စီးကို မတ်လ ၃၁ ရက်နေ့ (ယနေ့) တွင် လှူဒါန်းခဲ့ပါသည်။ အဆိုပါ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ်အား အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ကိုယ်စား ဖောင်ဒေးရှင်းတာဝန်ရှိသူ ဦးတင်ထွန်းမှ သီတဂူ ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ယခုလှူဒါန်းခဲ့သော ရေသယ်ယာဉ်ဖြင့် သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူပရဝုဏ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ တရားစခန်းများ အပြင် သောက်သုံးရေရှားပါးခက်ခဲသည့် မြို့ပေါ်နေရာများနှင့် ရပ်ကွက်ကျေးရွာများကိုပါ ရေဖြန့်ဝေလှူဒါန်းသွားမည် ဖြစ်ပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ် (၄၄)စီးကိုဝယ်ယူခဲ့ပြီး၊ ရေရှားပါးသောဒေသများသို့ ရေဂါလံပေါင်းသန်းချီ၍ ဖြန့်ဝေလှူဒါန်းနိုင်ခဲ့ပါသည်။ ထို့အပြင် ဖောင်ဒေးရှင်းအနေဖြင့် ရေရှားပါးခက်ခဲသောဒေသများရှိ ကျေးရွာများအရာက်...

မကွေးနှင့် နတ်မောက်မြို့နယ်များရှိ ရေရှားပါးဒေသများတွင်အသုံးပြုရန် ပရဟိတအသင်း(၂)သင်းသို့ ရေသယ်ယာဉ်အသစ်(၃)စီး ပေးအပ်လှူဒါန်း။

မကွေးနှင့် နတ်မောက်မြို့နယ်များရှိ ရေရှားပါးဒေသများတွင်အသုံးပြုရန် ပရဟိတအသင်း(၂)သင်းသို့ ရေသယ်ယာဉ်အသစ်(၃)စီး ပေးအပ်လှူဒါန်း။

နတ်မောက်မြို့၊ စိတ်ဓါတ်ဖြူစင်ကရုဏာရှင်များ ပရဟိတအသင်းသို့ ရေသယ်ယာဉ် အသစ် ပေးအပ်လှူဒါန်း။  မကွေးမြို့၊ အောင်မြေပရဟိတအသင်းသို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်းစဉ်။ ရေရှားပါသည့် နေရာဒေသများတွင် အသုံးပြုနိုင်ရန်အတွက် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံအတွင်းရှိ သောက်သုံးရေ ဖြန့်ဝေလှူဒါန်းနေသည့် ပရဟိတအသင်းအချို့ကို ရေသယ်ယာအသစ်များ ပေးအပ်လှူဒါန်းလျှက်ရှိရာ ကျပ်သိန်း(၄၅၀)တန်ဖိုးရှိ ရေဂါလံ(၃၀၀၀)ဆံ့ ရေသယ်ယာဉ်အသစ် (၂)စီးကို မတ်လ (၂၆) ရက်နေ့တွင် မကွေးမြို့၊ အောင်မြေပရဟိတအသင်းသို့လည်းကောင်း၊ ရေသယ်ယာဉ်အသစ် (၁) စီးကို မတ်လ (၂၅) ရက်နေ့တွင် နတ်မောက်မြို့၊ စိတ်ဓါတ်ဖြူစင်ကရုဏာရှင်များ ပရဟိတအသင်းသို့ လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။ ကျော်သူပရဟိတကွန်ရက်သို့ ရေသယ်ယာဉ်အသစ် ပေးအပ်လှူဒါန်းစဉ်။ ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ ရေသယ်ယာဉ်အသစ် (၅) စီး ပေးအပ်လှူဒါန်းစဉ်။ ထို့အတူ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ပရဟိတအဖွဲ့အစည်းများဖြစ်သည့် ကျော်သူပရဟိတကွန်ယက်အဖွဲ့၊ ရေနံချောင်းမြို့အဖြူရောင်ပရဟိတအဖွဲ့၊ စစ်ကိုင်းမြို့...

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) မှ လွိုင်လင်မြို့တွင် နောက်တစ်ကြိမ် ရေအောင်ပွဲရရှိ။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) မှ လွိုင်လင်မြို့တွင် နောက်တစ်ကြိမ် ရေအောင်ပွဲရရှိ။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် မြန်မာပြည်တဝှမ်း ရေရှားပါးသောဒေသများတွင် ရေတွင်းတူး စက်ကြီးများဖြင့် တူးဖေါ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ပထမ အကြိမ်အဖြစ် တူးဖော်ပေးသော စက်ရေတွင်းမှ အနက်ပေ(၂၀၀)အရောက်တွင် သန့်ရှင်းကောင်းမွန်သော သောက်သုံးရေကို တစ်နာရီ (၁၅၀၀)ဂါလန်နှုန်းနှင့် ရရှိခဲ့ပါသည်။ ထိုသို့ ရေရရှိသဖြင့် လွိုင်လင်ခရိုင်ဆေးရုံကြီးမှ ဝန်ထမ်းများနှင့်မိသားစုများ၊ ဆေးရုံတက်ရောက်နေသည့် လူနာများအနေဖြင့် ရေကိုအဆင်ပြေ ချောမွေ့စွာဖြင့် သုံးစွဲနိုင်ခဲ့ပြီဖြစ်ပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)မှ လွိုင်လင်ခရိုင်ဆေးရုံကြီး၏ ဝန်ထမ်းမိသားစုများအတွက် သီးခြားစက်ရေတွင်း တစ်တွင်းကို ဒုတိယအကြိမ်အဖြစ် (၃.၃.၂၀၁၇)ရက်နေ့က တူးဖေါ်ပေးခဲ့ရာ မအောင်မြင်သဖြင့်ထပ်မံ၍တတိယစက်ရေတွင်းကို(၁၇.၃.၂၀၁၇)ရက်နေ့တွင် စတင်တူးဖေါ်ပေးခဲ့ရာ(၂၁.၃၂၀၁၇)ရက်နေ့အနက်ပေ(၂၄၀)အရောက် တစ်နာရီ ရေဂါလံ(၃၀၀၀)နှုန်းဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။ ယခုတစ်ကြိမ် တူးဖေါ်အောင်မြင်မှုမှာ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)က မြန်မာပြည်အနှံ့တူးဖေါ် ပေးခဲသော စက်ရေတွင်းပေါင်း (၁၉၇) အနက်မှ (၁၄၉)တွင်းမြောက် ရေအောင်တွင်း လည်းဖြစ်ပါသည်။ တစ်ပြိုင်တည်းမှာပင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်...