Category: News

ရန်ကုန်ပညာရေးတက္ကသိုလ် အကြိမ် (၂၄) မြောက် ” မြတ်ဆရာပူဇော်ပွဲအခမ်းအနား” လှူဒါန်းမှု

ရန်ကုန်ပညာရေးတက္ကသိုလ် အကြိမ် (၂၄) မြောက် ” မြတ်ဆရာပူဇော်ပွဲအခမ်းအနား” လှူဒါန်းမှု

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub Center ကျင်းပခဲ့သည့် အကြိမ် (၂၄) မြောက် “မြတ်ဆရာပူဇော်ပွဲအခမ်းအနား” တွင် ရန်ကုန်ပညာရေးတက္ကသိုလ် ဆရာကြီး၊ ဆရာမကြီး အတွက် ကျပ်သိန်း (၃၀၀) ကို ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖေါင်ဒေးရှင်း၏ တာဝန်ရှိသူ ဦးအောင်ကျော်စိုး မှ အလှူငွေ ပေးအပ်စဉ်။   ကမ္ဘောဇဘဏ် နာယကကြီး ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်း နှင့် ဇနီး ဒုတိယဥက္ကဌ ပညာရေးတက္ကသိုလ် ကျောင်းတော်သူဟောင်း အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂ ီ ဒေါ်နန်းသန်းထွေး (လူမှုထူးချွန် ပထမဆင့်) တို့၏ လမ်းညွှန်ချက်ဖြင့် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာ ဖေါင်ဒေးရှင်းမှ ရန်ကုန်ပညာရေးတက္ကသိုလ် ဆရာကြီး၊ ဆရာမကြီး များအား...

ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံမှ ဦးဆောင်ကျင်းပသည့် ၂၀၁၈ခုနှစ် အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပါဝင်ခဲ့

ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံမှ ဦးဆောင်ကျင်းပသည့် ၂၀၁၈ခုနှစ် အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပါဝင်ခဲ့

၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့က ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံမှ ဦးဆောင်ကာ အမျိုးသားကန်တော်ကြီးဥယျာဉ် (ဗိုလ်ချုပ်ကြေးရုပ်) ၌ ကျင်းပပြုလုပ်ခဲ့ရာ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပါဝင် ကူညီပံ့ပိုး ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဧဒင်မသန်စွမ်းသက်ငယ်များပြုစရာရိပ်မြုံမှ ကော်မတီလူကြီးများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှအရာထမ်းများ၊ဧဒင်မသန်စွမ်းသက်ငယ်များပြုစရာရိပ်မြုံမှကျောင်းသူ ကျောင်းသား မိဘများနှင့် ဝန်ထမ်းများ၊ ကမ္ဘောဇအနာဂတ်အလင်းတန်း (မြန်မာ) ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ မီဒီယာများ၊ မိတ်ဖက်အဖွဲ့အစည်း (၁၃) ဖွဲ့မှ အဖွဲ့ဝင်များ၊ မိတ်ဖက်ကျောင်းများဖြစ်သော Starfish Special School ၊ Flowers Special Education& Physiotherapy Centre ၊ Moe Training Centre၊ Ingynn School၊ Success Special School၊ Lumbini...

NUS confers Alumni Award on Deputy CEO of KBZ

NUS confers Alumni Award on Deputy CEO of KBZ

‘Chairman of Selection Committee, Mr Peter Seah – Chairman of DBS Group & DBS Bank, Singapore’s Minister for Foreign AffairsDr.Vivian Balakrishnan & Dr. Bernard Yeung, Dean of Singapore National University (NUS) (School of Business) awards to Daw Nang Lang Kham’  KBZ Bank’s Deputy CEO, Daw Nang Lang Kham, received the Eminent Business Alumni Award 2018...

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းနှင့် SSC ရွှေဂုံတိုင် အထူးကုဆေးရုံ တို့ ပူးပေါင်း၍ အမျိုးသမီးများ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တရပ်ဖြင့် အသည်းရောင်အသားဝါ (ဘီပိုး)ရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေး။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းနှင့် SSC ရွှေဂုံတိုင် အထူးကုဆေးရုံ တို့ ပူးပေါင်း၍ အမျိုးသမီးများ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တရပ်ဖြင့် အသည်းရောင်အသားဝါ (ဘီပိုး)ရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေး။

‘ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဒုဥက္ကဌ ဒေါ်နန်းမိုဟွမ်မှ ဦးဆောင်၍  အသည်းရောင်အသားဝါ (ဘီပိုး)ရောဂါ ရှိ/မရှိစစ်ဆေးပေးစဉ် ‘ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် SSC ရွှေဂုံတိုင်အထူးကုဆေးရုံ တို့ ပူးပေါင်း၍ အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တရပ်ဖြင့် အသည်းရောင်အသားဝါ (ဘီပိုး)ရောဂါ ရှိ/မရှိစစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၁၈ခုနှစ် ဇူလိုင်လ ၁၀ရက် နံနက် (၉း၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ နိဗ္ဗာန်ဆိပ်ဦး ဘုန်းတော်ကြီးကျောင်းတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဒုဥက္ကဌ ဒေါ်နန်းမိုဟွမ်မှ ဦးဆောင်၍ ကော်မတီဝင်များ ၊ ဝန်ထမ်းများ နှင့် အတူ SSC ရွှေဂုံတိုင်အထူးကုဆေးရုံမှ ဆရာဝန်များ ၊ သူနာပြုများသည် အသည်းရောင်အသားဝါ (ဘီပိုး)ရောဂါ ရှိ/မရှိစစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းအား အခမဲ့ ပါဝင်ဆောင်ရွက် ပေးခဲ့ကြပါသည်။ ‘ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဒုဥက္ကဌ ဒေါ်နန်းမိုဟွမ်မှ ဦးဆောင်၍  အသည်းရောင်အသားဝါ (ဘီပိုး)ရောဂါ...

ဟဲဟိုး ဖါးအောက်တောရ ဓမ္မရိပ်သာတွင် ကမေ ္ဘာဇ အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ တူးဖေါ်နေသည့် ဒုတိယမြောက် စက်ရေတွင်း တူးဖေါ်လှူဒါန်းအောင်မြင်။

ဟဲဟိုး ဖါးအောက်တောရ ဓမ္မရိပ်သာတွင် ကမေ ္ဘာဇ အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ တူးဖေါ်နေသည့် ဒုတိယမြောက် စက်ရေတွင်း တူးဖေါ်လှူဒါန်းအောင်မြင်။

ယခုရေအောင်ခဲ့သည့် စက်ရေတွင်းကို ၂၀၁၈ မေလ ၃ ရက်နေ့က စတင်၍ တူးဖေါ်ခဲ့ခြင်းဖြစ်ပြီး ဟဲဟိုးဖါးအောက်တောရဓမ္မရိပ်သာတွင် တရားစခန်းဝင်သော ပြည်တွင်း၊ ပြည်ပ ယောဂီများ၊ သံဃာတော်များ၊ သီတင်သုံးနေ ထိုင်လျက်ရှိသည့် အပြင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်သားများလည်းရှိနေသဖြင့် သောက်သုံးရေဖူလုံစေရန် ယခုကဲ့သို့ဒုတိယမြောက် စက်ရေတွင်းတူးဖေါ် ပေးခဲ့ခြင်းဖြစ်ပါသည်။ ယခုဆိုလျှင် ဟဲဟိုးဖါးအောက်တောရဓမ္မရိပ်သာအတွက် လိုအပ်သောသောက်သုံးရေကို ဖူလုံစွာ ရရှိသွားပြီ ဖြစ်ပါသည်။ ထိုကဲ့သို့အောင်မြင်မှုရရှိရခြင်းမှာ အလှူရှင် ကမေ ္ဘာဇ အနာဂါတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM)၏ စစ်မှန်သော စေတနာသဒ္ဓါတရားနှင့် ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့်ဟု ဆိုရမည် ဖြစ်ပါသည်။ ထို့အပြင် တွံတေးမြို့နှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများ သောက်သုံးရေ ဖူလုံစေရန်အတွက်လည်း Hyundai အမျိုးအစား ရေသယ်ယာဉ်သစ်တစ်စီးကို တွံတေးမြို့ စိတ္တသုခလူမှုကယ်ဆယ်ရေးအသင်းထံသို့...

ကမ္ဘာဇဘဏ် အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် ဘော်ဆိုင်း၊ ပင်းတယ၊ ရပ်စောက်ဆုံရာ ဒေသဖြစ်သည့် ကုန်းမဲဝိဇ္ဇာတောင် ကျောင်းတိုက်တွင် စက်ရေတွင်းတူးဖေါ်အောင်မြင်။

ကမ္ဘာဇဘဏ် အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် ဘော်ဆိုင်း၊ ပင်းတယ၊ ရပ်စောက်ဆုံရာ ဒေသဖြစ်သည့် ကုန်းမဲဝိဇ္ဇာတောင် ကျောင်းတိုက်တွင် စက်ရေတွင်းတူးဖေါ်အောင်မြင်။

‘ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ နာယကကြီး ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇဘဏ်လီမိတက် ဒုတိယဥက္ကဌ ဒေါ်နန်းသန်းထွေးတို့အားစက်ရေတွင်းတူးဖေါ်ရာကုန်းမဲဝိဇ္ဇာတောင် ကျောင်းတိုက်တွင် အင်္ဂလန်နိုင်ငံမှ စက်ရေတွင်းတူးဖေါ်သည့် ပညာရှင်နှင့်အတူ တွေ့ရစဉ်’ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘော်ဆိုင်း၊ ပင်းတယ၊ ရပ်စောက်ဆုံရာဒေသဖြစ်သည့် ကုန်းမဲဝိဇ္ဖာတောင်ကျောင်းတိုက်တွင် စက်ရေတွင်းတူးဖေါ်လျက်ရှိရာ ၂၀၁၈ ဧပြီလ ၃ ရက်နေ့တွင် တစ်နာရီရေဂါလံ ၁၅၀၀ နှုန်းဖြင့် ရေအောင်ခဲ့ပါသည်။ ယခုစက်ရေတွင်းသည် အနက်ပေ (၆၀၁) ပေအရောက်တွင် ရေအောင်ခဲ့ခြင်းဖြစ်ပြီး ယခင်က လေးကြိမ် တူးဖေါ်ခဲ့သော်လည်း ယခု ငါးကြိမ်မြောက် တူးဖေါ်မှုတွင်မှ အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအကြိမ်တွင် အောင်မြင်စွာတူးဖေါ်ပေးနိုင်ခဲ့သော စက်ကြီးမှာ ကမေ ္ဘာဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ အသစ်ထပ်မံဝယ်ယူခဲ့သော အင်္ဂလန် နိုင်ငံလုပ် DANDO Watertec 40 စက်သစ်ကြီး ဖြစ်ပြီး ၎င်းစက်ကြီးဖြင့် ပထမဆုံး...

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ အသင်းသား ချေးငွေ အဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် ပြုလုပ်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ အသင်းသား ချေးငွေ အဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် ပြုလုပ်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် SSC ဆေးရုံတို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း အသေးစားငွေရေးကြေးရေး လုပ်ငန်းမှ ချေးငွေအဖွဲ့ဝင် အမျိုးသမီး (၆၀၀)ဦးအား ‘ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် ‘ ဖြင့် အသည်းရောင်အသားဝါ(ဘီပိုး) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ပထမအကြိမ် ပြုလုပ်ခဲ့ပြီး ချေးငွေအဖွဲ့ဝင်အမျိုးသမီးများအား (ဘီပိုး) ရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ပထမအကြိမ်အဖြစ် (ဘီပိုး) ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည့်အပြင် ဒုတိယအကြိမ်အဖြစ် ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ်အဖြစ် ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် လည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် မတ်လ (၉)ရက်နေ့တွင် လည်းကောင်း (ဘီပိုး) ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများအား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ပူးပေါင်းပါဝင်။

ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ပူးပေါင်းပါဝင်။

ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ကြီးမှူ းကျင်းပသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) အခမ်းအနားတွင် ပူးပေါင်းပါဝင်ခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) အခမ်းအနားကို ၈.၃.၂၀၁၈နေ့တွင် နေပြည်တော်ရှိ MICC2တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဌာနအသီးသီးမှ ဝန်ကြီးများနှင့်ဇနီးများ၊ အမျိုးသမီးများဆိုင်ရာ ပြည်တွင်းပြည်ပအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ UNဆိုင်ရာ အဖွဲ့အစည်းများ၊ သံတမန်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား၏ အစီအစဉ်ပထမပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားပြီး၊ အုပ်စုလိုက်ဓာတ်ပုံရိုက်ကူးကာ၊ ဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုပါသည်။ အစီအစဉ် ဒုတိယပိုင်းတွင် လူမှုရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး...