စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှ “အောင်မြင်ကျော်ကြား စီးပွားနှင့်လူမှုထူးချွန် ကျောင်းသား” ဆုကို မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား ရွေးချယ်ပေးအပ်ချီးမြှင့်။

 
Image may contain: 4 people, people smiling, people standing and suit
'ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ DBS Group နှင့် DBS Bank ဥက္ကဋ္ဌ Mr Peter Seah၊ စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
Dr.Vivian Balakrishnan နှင့် စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) (School of Business) ၏ ပါမောက္ခချုပ် Dr. Bernard Yeung (ဝဲမှယာ)
တို့မှ ဒေါ်နန်းလိုင်းခမ်းအား ဆုချီးမြှင့်နေစဉ်'
 

စင်ကာပူနိုင်ငံ၊ စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore)သည် အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိကကဏ္ဍနယ်ပယ်အသီးသီး၌ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် လူမှုရေး အရည်အသွေးများကို အောင်မြင်စွာ စွမ်းဆောင်ပြသနိုင်သည့် ထူးချွန်ကျောင်းသားများအား ရွေးချယ် ဂုဏ်ပြုဆုချီးမြှင့်ပွဲကို စင်ကာပူနိုင်ငံ၊ Conrad Centennial Singapore ၌ နိုဝင်ဘာ ၇ ရက် ညနေတွင် ကျင်းပရာ မြန်မာနိုင်ငံမှ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက အောင်မြင်ကျော်ကြား စီးပွားနှင့်လူမှုထူးချွန် ကျောင်းသားဆု (Eminent Business Alumni Award 2018) ကို ရရှိခဲ့သည်။

အဆိုပါဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် စင်ကာပူအမျိုးသားတက္ကသိုလ် မှ ပါမောက္ခချုပ်၊ တက္ကသိုလ်ကောင်စီဝင်များ၊ စင်ကာပူ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြပါသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် Eminent Business Alumni Award ဆိုင်ရာ ဆုရရှိသူများ၏ သမိုင်းမှတ်တမ်း ဗွီဒီယိုပြသပြီးနောက် ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ DBS Group နှင့် DBS Bank ဥက္ကဋ္ဌ Mr Peter Seah နှင့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr.Vivian Balakrishnan တို့က အဖွင့်နှုတ်ခွန်းဆက် အမှာစကားများ အသီးသီး ပြောကြားခဲ့သည်။

Image may contain: 1 person, smiling, standing and suit
'စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr.Vivian Balakrishnan က ဆုပေးပွဲအခမ်းအနားတွင် ဂုဏ်ပြုအမှာစကား ပြောကြားနေစဉ်'

Image may contain: 1 person, suit
'ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ DBS Group နှင့် DBS Bank ဥက္ကဋ္ဌ Mr. Peter Seah က ဆုရွေးချယ်ပုံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားနေစဉ်'

Image may contain: 1 person, suit
'စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) (School of Business) ၏ ပါမောက္ခချုပ် Dr. Bernard Yeung က ဂုဏ်ပြုအမှာစကား ပြောကြားနေစဉ်'

Image may contain: 1 person, text

'အသက် (၄၀) နှစ် အထက် Senior Alumni Award ရရှိသူ Bank of Singapore ၏ CEO Mr. Bahren Shaari က ကျေးဇူတင်စကား ပြောကြားနေစဉ်'

Eminent Business Alumni Award ကို အသက်(၄၀)နှစ်အထက် Senior Alumni Awards နှင့် အသက် (၄၀)နှစ်အောက် Young Alumni Awards စသည်ဖြင့် ခေါင်းစဉ်နှစ်ခုဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ဒေါ်နန်းလိုင်းခမ်းသည် အသက် (၃၀) နှစ်အရွယ်တွင် ရွေးချယ်ချီးမြှင့်ခံရခြင်း ဖြစ်ပါသည်။

ဆုများကို ဒေါ်နန်းလိုင်းခမ်းနှင့်အတူ Bank of Singapore ၏ CEO ဖြစ်သူ Mr. Bahren Shaari၊ Kenanga Investment Bank ၏ Group Managing Director ဖြစ်သူ Mr. Chay Wai Leong၊ NTUC Health Co-operative ၏ ဥက္ကဋ္ဌ ဖြစ်သူ Ms Tan Hwee Bin အပါအဝင် စုစုပေါင်း (၁၂) ဦးက ဆုများလက်ခံရရှိခဲ့ပါသည်။

ဆုလက်ခံရရှိခဲ့ခြင်းနှင့် ပတ်သက်၍ ဆုရရှိသူများက ကျေးဇူးတင်စကား အသီးသီး ပြောကြားရာတွင် ဒေါ်နန်းလိုင်းခမ်းက “မိမိအနေဖြင့် NUS တွင် ပညာသင်ကြားစဉ်က မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဦးတည်၍ လေ့လာသင်ကြားခဲ့ကြောင်း၊ ယခုအခါ မိမိတို့ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသော Financial Sector အသီးသီးတွင် ကမ္ဘောဇဘဏ်နှင့်အတူ ထိရောက်အောင်မြင်စွာ ဆောင်ရွက်ခွင့်ရရှိခြင်း၊ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းကို ဦးဆောင်၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများစွာ ပံပိုး ဆောင်ရွက်ခွင့်ရရှိခြင်းတို့ကြောင့် အထူး ဝမ်းမြောက်ပါကြောင်းနှင့် ယခုကဲ့သို့ ဆုချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် နိုင်ငံနှင့် ပြည်သူအကျိုးကို ဆက်လက်ကြိုးပမ်း ထမ်းဆောင်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

Image may contain: 1 person

'ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းမှ ဆုလက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားနေစဉ်'

ကမ္ဘာထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုဖြစ်သော စင်ကာပူအမျိုးသား တက္ကသိုလ် (NUS) သည် ကမ္ဘာ့နိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိပြီး ပညာသင်ကြားခဲ့ကြသူများအနက် သက်ဆိုင်ရာနိုင်ငံ၏ အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိကကဏ္ဍနယ်ပယ်အသီးသီး၌ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် လူမှုရေး အရည်အသွေးများကို အောင်မြင်စွာ စွမ်းဆောင်ပြသနိုင်သည့် ထူးချွန်ကျောင်းသား ဟောင်းများအား ရွေးချယ်၍ (၂) နှစ်တစ်ကြိမ်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

Image may contain: 3 people, people smiling, people sitting and indoor

'အသက် (၄၀) နှစ် အထက် Senior Alumni Award ရရှိသူ Bank of Singapore ၏ CEO Mr. Bahren Shaari နှင့် အသက် (၄၀)နှစ်အောက်
Young Alumni Award ရရှိသူ ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်ရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းတို့အား တွေ့ရစဉ်'

ထိုသို့သော အနှစ်သာရပြည့်ဝစွာဖြင့် ချီးမြှင့်သည့်ဆုသည် မြန်မာနိုင်ငံမှ ဒေါ်နန်းလိုင်းခမ်းကဲ့သို့ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်တွင် အောင်မြင်ထင်ရှား နေသည့် NUS မှ ကျောင်းသားဟောင်းများကို ကမ္ဘာတစ်ဝှမ်းမှ အများပြည်သူများ သိရှိလာစေရန်နှင့် NUS တွင် လက်ရှိ ပညာသင်ကြားနေဆဲ ကျောင်းသားများ သိရှိ အားကျလာစေရန်အတွက်သာမက ၎င်းတို့၏ စီးပွားရေး အောင်မြင်စွာ စွမ်းဆောင်နိုင်မှုနှင့် လူမှုအဖွဲ့အစည်းအပေါ် ထိရောက်စွာ အကျိုးပြုမှုများကို အသိအမှတ်ပြုသောအားဖြင့် ရည်ရွယ် ချီးမြှင့်ခြင်းဖြစ်ပါသည်။

Image may contain: 9 people, people smiling, people standing, suit and indoor

'စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr.Vivian Balakrishnan က ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စု နာယကကြီး ဦးအောင်ကိုဝင်းထံ ဝမ်းသာဂုဏ်ပြု နှုတ်ဆက်စကား လာရောက်ပြောကြားစဉ်'

ဒေါ်နန်းလိုင်းခမ်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အအောင်မြင်ဆုံး ဘဏ်ကြီးဖြစ်သော ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်၊ KBZ Group ၏ အုပ်ချုပ်မှုဒါရိုက်တာ၊ Air KBZ လေကြောင်းလိုင်း၊ MAI လေကြောင်းလိုင်းနှင့် Kempinski Hotel (Nay Pyi Taw) တို့တွင် ဥက္ကဋ္ဌတာဝန်များကို အောင်မြင်စွာ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

Image may contain: 8 people, people smiling, people standing and suit

'ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်း၊ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စု တည်ထောင်သူ နာယကကြီး ဦးအောင်ကိုဝင်း၊
စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr.Vivian Balakrishnan နှင့် ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းခမ်းနောင့် (ဝဲမှယာ) တို့အမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ်'

Image may contain: 6 people, people smiling, suit

'ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ DBS Group နှင့် DBS Bank ဥက္ကဋ္ဌ Mr. Peter Seah က ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စု
နာယကကြီး ဦးအောင်ကိုဝင်းထံ လာရောက်၍ ဝမ်းသာဂုဏ်ပြု နှုတ်ဆက်စကား ပြောကြားစဉ်'

Image may contain: 8 people, people smiling, people standing and suit

'ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်း၊ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စု တည်ထောင်သူ နာယကကြီး ဦးအောင်ကိုဝင်း၊
ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ DBS Group နှင့် DBS Bank ဥက္ကဋ္ဌ Mr. Peter Seah နှင့် စင်ကာပူအမျိုးသားတက္ကသိုလ် (NUS)
(School of Business) ၏ ပါမောက္ခချုပ် Dr. Bernard Yeung (ဝဲမှယာ) တို့ အမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ်'

ထို့အပြင် ဒေါ်နန်းလိုင်းခမ်းသည် မြန်မာနိုင်ငံအတွင်း ကဏ္ဍအသီးသီးတွင် လူမျိုး ဘာသာမရွေး၊ နေရာဒေသမရွေး နိုင်ငံတော်နှင့် ပြည်သူအတွက် ကျပ်ငွေ (၁၄၄) ဘီလျံကျော် လှူဒါန်းထားသည့် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)၏ တည်ထောင်သူ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျှက်ရှိပါသည်။