ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းနှင့် SSC ရွှေဂုံတိုင် အထူးကုဆေးရုံ တို့ ပူးပေါင်း၍ အမျိုးသမီးများ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တရပ်ဖြင့် အသည်းရောင်အသားဝါ (ဘီပိုး)ရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေး။

 
Image may contain: 8 people, people sitting
'ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဒုဥက္ကဌ ဒေါ်နန်းမိုဟွမ်မှ ဦးဆောင်၍  အသည်းရောင်အသားဝါ (ဘီပိုး)ရောဂါ ရှိ/မရှိစစ်ဆေးပေးစဉ် '

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် SSC ရွှေဂုံတိုင်အထူးကုဆေးရုံ တို့ ပူးပေါင်း၍ အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တရပ်ဖြင့် အသည်းရောင်အသားဝါ (ဘီပိုး)ရောဂါ ရှိ/မရှိစစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၁၈ခုနှစ် ဇူလိုင်လ ၁၀ရက် နံနက် (၉း၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ နိဗ္ဗာန်ဆိပ်ဦး ဘုန်းတော်ကြီးကျောင်းတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဒုဥက္ကဌ ဒေါ်နန်းမိုဟွမ်မှ ဦးဆောင်၍ ကော်မတီဝင်များ ၊ ဝန်ထမ်းများ နှင့် အတူ SSC ရွှေဂုံတိုင်အထူးကုဆေးရုံမှ ဆရာဝန်များ ၊ သူနာပြုများသည် အသည်းရောင်အသားဝါ (ဘီပိုး)ရောဂါ ရှိ/မရှိစစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းအား အခမဲ့ ပါဝင်ဆောင်ရွက် ပေးခဲ့ကြပါသည်။

Image may contain: one or more people and people sitting

'ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဒုဥက္ကဌ ဒေါ်နန်းမိုဟွမ်မှ ဦးဆောင်၍  အသည်းရောင်အသားဝါ (ဘီပိုး)ရောဂါ ရှိ/မရှိစစ်ဆေးပေးစဉ် '
Image may contain: 7 people, people smiling, people sitting

Image may contain: 1 person

Image may contain: 6 people, people standing and indoor

Image may contain: one or more people, crowd, shoes and indoor

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင် ရွက်လျှက်ရှိသောမြို့နယ်၊ ရပ်ကွက် ၊ ကျေးရွာများရှိ မိမိတို့အဖွဲ့ဝင်အမျိုးသမီးများလူနေမှုဘဝများ တိုးတက်မြင့်မားလာစေရန် ကျန်းမာရေစောင့်ရှောက်မူပေးခြင်း ၊ အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးခြင်းကို စဉ်ဆက် မပြတ်ဆောင်ရွက် ပေးလျှက်ရှိပါသည်။

Image may contain: 8 people, people sitting

Image may contain: 2 people, people smiling, child

ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ တိုက်ကြီးမြို့နယ်တွင်လည်း အဖွဲ့ဝင်(၆၀၀) အား ၂၀၁၈ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများတွင်လည်း အသည်းရောင်အသားဝါ (ဘီပိုး) ကာကွယ်ဆေးအခမဲ့ထိုးပေးခဲ့သည့်အပြင် ယနေ့ လှည်းကူးမြို့နယ်တွင်လည်း အသည်းရောင်အသားဝါ(ဘီပိုး)ကာကွယ်ဆေးအခမဲ့ထိုးပေးခဲ့ပါသည်။ ဆက်လက်၍ အသည်းရောင် အသားဝါ(ဘီပိုး)ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းစဉ်များအား ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းအနေဖြင့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းဆောင်ရွက်လျှက်ရှိသော မွန်ပြည်နယ် ၊ရှမ်းပြည်နယ် ၊ပဲခူးတိုင်း၊ မန္တလေးတိုင်း အတွင်းရှိမြို့နယ်များတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။