ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား The Asian Banker မှ “The Promising Young Banker in Myanmar Award (အနာဂတ် လူငယ်ဘဏ်လုပ်ငန်းရှင်)” ဆုချီးမြှင့်။

Image may contain: 4 people, people smiling, text

'စင်ကာပူနိုင်ငံအခြေစိုက် The Asia Banker အဖွဲ့အစည်းမှ ချီးမြှင့်သည့် “အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု (The Promising Young Banker in Myanmar)”
ဆုနှင့်အတူ ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းကိုတွေ့ရစဉ်'

စင်္ကာပူနိုင်ငံ အခြေစိုက် The Asia Banker Leadership Achievement Awards 2017 ညစာစားပွဲအခမ်းအနားကို ဇွန်လ (၈) ရက် နေ့ ညနေပိုင်းက စင်္ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနား၌ The Asia Banker မှ ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား “အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု (The Promising Young Banker in Myanmar)” ကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

The Asia Banker မှ (၃) နှစ်တွင် တစ်ကြိမ်သာ ရွေးချယ်ပေးအပ်သည့် ယခု “The Promising Young Banker” ဆုသည် (၂၀၁၄) မှ (၂၀၁၆) ခုနှစ်ကာလအတွင်း ဘဏ်လုပ်ငန်းများကို တိုက်ရိုက်ဦးစီး ဆောင်ရွက်နေသည့် အသက် (၄၀)နှစ်အောက် လူငယ်လုပ်ငန်းရှင်များထဲမှ ဘဏ်လုပ်ငန်းဆိုင်ရာလုပ်ငန်းများကို ထူးချွန်ထက်မြက်စွာ စွမ်းဆောင်နိုင်မှု၊ ဦးစီးဦးဆောင် နိုင်မှုနှင့် အခက်အခဲများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှုစသည်တို့အပေါ်အခြေခံံအကဲဖြတ်ပြီး၊ အနာဂါတ်တွင် ဘဏ်လုပ်ငန်းများကို ဦးဆောင်ဦးရွက်ပြုမည့် အလားအလာ ကောင်းများရှိသည့် လူငယ်ဘဏ်လုပ်ငန်း ရှင်များကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Image may contain: 1 person, on stage, standing, concert and indoor
'စင်ကာပူနိုင်ငံအခြေစိုက် The Asia Banker အဖွဲ့အစည်းမှ “အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု (The Promising Young Banker in Myanmar)” ဆုကို
ကမ္ဘောဇဘဏ်လီမိတက် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းမှ လက်ခံရယူစဉ်'

ဆုရွေးချယ်ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ပဏာမအနေဖြင့် အာရှဒေသတစ်ခွင်ရှိ အောင်မြင်ဦးဆောင် နေသောဘဏ်များ၏ အကြီးတန်းအုပ်ချုပ်မှုအရာ၇ှိများမှ ကိုက်ညီသူများကို အဆင့်ဆင့် စိစစ်ရွေးချယ်ပြီး၊ ဘဏ်နှင့် ပတ်သက်သော သတင်းထောက်များ၊ လေ့လာဆန်းစစ်သူများ (Analysts)၊ ဘဏ်နှင့် အခြားဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသူများ ၏ အမြင်များပေါ်တွင် ထပ်မံ၍ သေချာစွာ အဆင့်ဆင့်ရွေးချယ်ကာ၊ ၎င်းရွေးချယ်ခံရသူများအား The Asian Banker သုတေသနအဖွဲ့၏ နှိုင်းယှဉ်လေ့လာသုံးသပ်ချက်များအပေါ် မူတည်၍ အကြံပေးအဖွဲ့သို့ တင်ပြရ ခြင်းဖြစ်သည်။

ယင်းဆုအား ဒေါ်နန်းလိုင်းခမ်းနှင့်အတူ အခြား “အနာဂတ်လူငယ်ဘဏ်လုပ်ငန်းရှင်ဆု”များကို အာရှပစိဖိတ်ဒေသရှိ ဘဏ်များမှ(၁၁)ဦးနှင့် မြေထဲပင်လယ်ဒေသရှိ ဘဏ်များမှ(၃)ဦး၊ စုစုပေါင်း (၁၄)ဦး ရွေးချယ်ခြင်းခံရကြောင်းသိရှိရသည်။
ဒေါ်နန်းလိုင်းခမ်း ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ကမ္ဘောဇဘဏ်လီမိတက်သည် နိုင်ငံတော်အခွန်ဘဏ္ဍာတာဝန်ကို နှစ်စဉ် ပထမနေရာမှ ၅-နှစ်ဆက် ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး၊ (၂၀၁၉) ခုနှစ်အထိ ကြိုတင်ခွန်အမြောက်အမြားကိုလည်း စနစ်တကျ ပေးသွင်းထား ၇ှိပါသည်။

No photo description available.

'စင်ကာပူနိုင်ငံအခြေစိုက် The Asia Banker အဖွဲ့အစည်းမှ ကမ္ဘောဇဘဏ်လီမိတက်
ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းကို ဂုဏ်ပြုချီးမြှင့်ခဲ့သည့်
(The Promising Young Banker in Myanmar)” ဆုကိုတွေ့ရစဉ်'

ပြည်သူတစ်ရပ်လုံး၏ ယုံကြည်အားထားမှုနှင့်အတူ ဝန်ထမ်းစုစုပေါင်း(၁၈,၀၀၀)ကျော်ဖြင့် မြန်မာ နိုင်ငံ၊ နေရာဒေသအနှံ့အပြားတွင် ဘဏ်ခွဲပေါင်း (၄၆၀)ကျော် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီးဖြစ်သော ကမ္ဘောဇဘဏ်သည် ပြည်တွင်းဘဏ်လုပ်ငန်းနှင့် နိုင်ငံတကာဘဏ်လုပ်ငန်းများကိုလည်း အောင်မြင်စွာ ချိတ်ဆက်ဆောင်ရွက်လျှက်ရှိပြီး၊ ဝန်ထမ်းအင်အားစုစုပေါင်း၏ ၇၀%သည် အသက် (၂၀)မှ (၃၀) အတွင်းရှိ အရည်အချင်းပြည့်ဝသော လူငယ်များဖြစ်ကြပါသည်။

ကမ္ဘောဇဘဏ်သည် နှစ်စဉ် ပြည်တွင်းနှင့် နိုင်ငံတကာဆု အမြောက်အမြားကို လက်ခံရရှိထားပြီး၊ လာမည့် အောက်တိုဘာလတွင် ဘဏ်ခွဲပေါင်း (၅၀၀) မြောက်ကို ဖွင့်လှစ်ရန် ဆောင်ရွက်လျှက်၇ှိကာ၊ ၂၀၂၂ ခုနှစ်တွင် ဘဏ်ခွဲပေါင်း (၁၀၀၀) ပြည့်အထိ တိုးချဲ့ဖွင့်လှစ်သွားနိုင်ရန် ကြိုးပမ်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ဒေါ်နန်းလိုင်းခမ်း ဦးဆောင်လျှက်ရှိသော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း သည်လည်း နိုင်ငံတော်နှင့်ပြည်သူအတွက် လိုအပ်သောနေရာများတွင် ထိရောက်စွာ ကူညီပံ့ပိုးလှူဒါန်းမှု များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ၂၀၀၇ ခုနှစ်မှ ယနေ့ထိ ကျပ်ငွေ (၁၂၄) ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ဒေါ်နန်းလိုင်းခမ်းသည် (၂၀၁၄) ခုနှစ်တွင် အမေရိကန်အစိုးရမှ ကမ္ဘာတစ်ဝှမ်းရှိထူးချွန်လူငယ် (၂၀)ဦးသာ ရွေးချယ်ဖိတ်ကြားခဲ့သော အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သည့် US State Department/ Fortune Global Women’s Mentoring Program သို့ Sam's Club/ Walmart ၏ ယခင်အမှုဆောင်အရာရှိချုပ်၊ Lockheed Martin Corporation ၏ ဘုတ်အဖွဲ့ဝင်ဖြစ်သူ Rosalind Brewer ၏ Mentee အဖြစ် တက်ရောက်ခဲ့ပါသည်။

၂၀၁၆-ခုနှစ် စက်တင်ဘာလအတွင်း ဗြိတိန်နိုင်ငံအစိုးရ၏ ပထမဆုံးဖိတ်ကြားမှုဖြင့် International Leaders Programme သို့ မြန်မာနိုင်ငံ၏ လူငယ်ခေါင်းဆောင်အဖြစ် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင် (၁၂)ဦးနှင့်အတူ တက် ရောက်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြင်သစ်နိုင်ငံ Deauville တွင် ကျင်းပပြုလုပ်ခဲ့သော Women's Forum Global Meeting 2016 တွင် Rising Talents 2016 တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး Coca Cola ကုမ္ပဏီ ၏ Chairman ယခင် CEO & President Mr. Muhtar Kent နှင့် အမျိုးသမီးအရာရှိများ လုပ်ငန်းခွင်အတွင်း စီမံဆုံးဖြတ်ပိုင်ခွင့်ရှိသော နေရာများတွင် ပိုမိုပါဝင်နိုင်ရေး အကြောင်းအရာများကို အပြန်အလှန် စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်။

Image may contain: 1 person, text

'ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးမှ ၂၀၁၆ ခုနှစ်အတွက် အနာဂတ်တွင် စောင့်ကြည့်ရမည့် အာရှတိုက်အတွက်
လူငယ် အမျိုးသမီးစီးပွားရေး ထူးချွန်လုပ်ငန်းရှင်(၁၂)ဦးတွင် ဒေါ်နန်းလိုင်းခမ်းကို ထည့်သွင်း ဖော်ပြခဲ့စဉ်'

 

Image may contain: 1 person, text

'ဒေါ်နန်းလိုင်းခမ်းကို Leading Myanmar’s Business Renaissance (ထွန်းတောက်လာမည့် မြန်မာစီးပွားရေး
ဦးဆောင်သူ) အဖြစ် World Finance မှ ဖော်ပြခဲ့စဉ်'

 

၂၀၁၆-ခုနှစ်တွင် ဒေါ်နန်းလိုင်းခမ်းအား Forbes မဂ္ဂဇင်း အနာဂတ်တွင် စောင့်ကြည့်ရမည့် အာရှတိုက်အတွက် လူငယ်အမျိုး သမီးစီးပွားရေးထူးချွန်လုပ်ငန်းရှင်တစ်ဦးအဖြစ် ထည့်သွင်း ဖော်ပြခြင်းခံခဲ့ရပါသည်။ ဒေါ်နန်းလိုင်းခမ်းသည် (၂၀၁၅)ခုနှစ်တွင် “နိုင်ငံ့စွမ်းဆောင်ရည်ဆု”(နိုင်ငံတော်နှင့်ပြည်သူအတွက် လူမှုရေးအကျိုးပြုမှု အကောင်းဆုံးလူမှုရေးအသင်းအဖွဲ့ဆု)နှင့် “အမျိုးသမီးထူးချွန်စီးပွားရေးလုပ်ငန်းရှင်” ဆု(နိုင်ငံတော်နှင့် ပြည်သူအတွက်အကျိုးပြုမှု အကောင်းဆုံးအဖွဲ့အစည်း) တို့ကိုလည်းကောင်း၊ (၂၀၁၆) ခုနှစ်တွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ “ထူးချွန်အမျိုးသမီးဂုဏ်ပြုဆု” နှင့် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ “မသန်စွမ်းသူများအလုပ်အကိုင်အခွင့်အလမ်းဖန်တီး မှုစွမ်းဆောင်ရည်ဆု”တို့ကိုလည်းကောင်း၊ (၂၀၁၇)ခုနှစ်တွင် လူမှုထူးချွန်ဆု-ပထမဆင့်ကို လည်းကောင်း ချီးမြှင့်ခံခဲ့ရပါသည်။