ရန်ကုန်ပညာရေးတက္ကသိုလ် အကြိမ် (၂၄) မြောက် ” မြတ်ဆရာပူဇော်ပွဲအခမ်းအနား” လှူဒါန်းမှု

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub Center ကျင်းပခဲ့သည့် အကြိမ် (၂၄) မြောက် “မြတ်ဆရာပူဇော်ပွဲအခမ်းအနား” တွင် ရန်ကုန်ပညာရေးတက္ကသိုလ် ဆရာကြီး၊ ဆရာမကြီး အတွက် ကျပ်သိန်း (၃၀၀) ကို ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖေါင်ဒေးရှင်း၏ တာဝန်ရှိသူ ဦးအောင်ကျော်စိုး မှ အလှူငွေ ပေးအပ်စဉ်။  

ကမ္ဘောဇဘဏ် နာယကကြီး ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်း နှင့် ဇနီး ဒုတိယဥက္ကဌ ပညာရေးတက္ကသိုလ် ကျောင်းတော်သူဟောင်း အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂ ီ ဒေါ်နန်းသန်းထွေး (လူမှုထူးချွန် ပထမဆင့်) တို့၏ လမ်းညွှန်ချက်ဖြင့် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာ ဖေါင်ဒေးရှင်းမှ ရန်ကုန်ပညာရေးတက္ကသိုလ် ဆရာကြီး၊ ဆရာမကြီး များအား ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ မှ စ၍ နှစ်စဉ် လှူဒါန်းမှုများနည်းတူ၂၀၁၉ ခုနှစ်အတွက် ကျပ်သိန်း (၃၀၀) နှင့် လစဉ် ကျန်းမာရေး စောင့်ရှောက်ငွေအဖြစ် ကျပ်သိန်း (၆၀)၊ စုစုပေါင်း ကျပ်သိန်း (၃၆၀) အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၊ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub Center ကျင်းပခဲ့သည့် အကြိမ် (၂၄) မြောက် “မြတ်ဆရာပူဇော်ပွဲအခမ်းအနား” တွင် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖေါင်ဒေးရှင်း၏ တာဝန်ရှိသူ ဦးအောင်ကျော်စိုး မှ လှူဒါန်းခဲ့ပြီး ရန်ကုန်ပညာရေးတက္ကသိုလ် မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးအုန်းမြင့်မှ ပြန်လည်ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာအား လက်ခံရယူခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub Center ကျင်းပခဲ့သည့် အကြိမ် (၂၄) မြောက် “မြတ်ဆရာပူဇော်ပွဲအခမ်းအနား” တွင် ရန်ကုန်ပညာရေးတက္ကသိုလ် ဆရာကြီး၊ ဆရာမကြီး အတွက် လစဉ် ကျန်းမာရေး စောင့်ရှောက်ငွေ ကျပ်သိန်း (၆၀) ကို ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖေါင်ဒေးရှင်း၏ တာဝန်ရှိသူ ဦးအောင်ကျော်စိုး မှ အလှူငွေ ပေးအပ်စဉ်။

ရန်ကုန်ပညာရေးတက္ကသိုလ် မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးအုန်းမြင့်မှ ပြန်လည်ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာအား လက်ခံရယူစဉ်။