ဟဲဟိုး ဖါးအောက်တောရ ဓမ္မရိပ်သာတွင် ကမေ ္ဘာဇ အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ တူးဖေါ်နေသည့် ဒုတိယမြောက် စက်ရေတွင်း တူးဖေါ်လှူဒါန်းအောင်မြင်။

ယခုရေအောင်ခဲ့သည့် စက်ရေတွင်းကို ၂၀၁၈ မေလ ၃ ရက်နေ့က စတင်၍ တူးဖေါ်ခဲ့ခြင်းဖြစ်ပြီး ဟဲဟိုးဖါးအောက်တောရဓမ္မရိပ်သာတွင် တရားစခန်းဝင်သော ပြည်တွင်း၊ ပြည်ပ ယောဂီများ၊ သံဃာတော်များ၊ သီတင်သုံးနေ ထိုင်လျက်ရှိသည့် အပြင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်သားများလည်းရှိနေသဖြင့် သောက်သုံးရေဖူလုံစေရန် ယခုကဲ့သို့ဒုတိယမြောက် စက်ရေတွင်းတူးဖေါ် ပေးခဲ့ခြင်းဖြစ်ပါသည်။

ယခုဆိုလျှင် ဟဲဟိုးဖါးအောက်တောရဓမ္မရိပ်သာအတွက် လိုအပ်သောသောက်သုံးရေကို ဖူလုံစွာ ရရှိသွားပြီ ဖြစ်ပါသည်။ ထိုကဲ့သို့အောင်မြင်မှုရရှိရခြင်းမှာ အလှူရှင် ကမေ ္ဘာဇ အနာဂါတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM)၏ စစ်မှန်သော စေတနာသဒ္ဓါတရားနှင့် ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့်ဟု ဆိုရမည် ဖြစ်ပါသည်။

ထို့အပြင် တွံတေးမြို့နှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများ သောက်သုံးရေ ဖူလုံစေရန်အတွက်လည်း Hyundai အမျိုးအစား ရေသယ်ယာဉ်သစ်တစ်စီးကို တွံတေးမြို့ စိတ္တသုခလူမှုကယ်ဆယ်ရေးအသင်းထံသို့ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ၂၀၁၈ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့ပါသည်။ ယခင်က စိတ္တသုခလူမှုကယ်ဆယ်ရေးအသင်းသည် တွံတေးမြို့နှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများထံ သောက်သုံးရေဖြန့်ဖြူးရာတွင် ရေအမြောက်အများ သယ်ယူနိုင်ရန် ရေသယ်ယာဉ်များကို ငှားရမ်းအသုံးပြုခဲ့ရပြီး ယခုအခါတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ လှူဒါန်းသော ရေသယ်ယာဉ်ဖြင့် ပြည်သူများထံသို့ သောက်သုံးရေဖြန့်ဖြူးရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်သွားနိုင်ပြီဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအနှံ့အပြား ရေရှားပါးခက်ခဲသောဒေသများတွင် ရေသယ်ယာဉ်သစ် (၄၅) စီးကို ပေးအပ်လှူဒါန်းထားသည့်အပြင် နိုင်ငံအနှံ့အပြားရှိ ရေတွင်းတူးရန်အလွန်ခက်ခဲပြီး ရေရှားပါးသောဒေသများတွင် စက်ရေတွင်း (၁၇၂)တွင်း ကို အင်္ဂလန်နိုင်ငံထုတ် ခေတ်မီရေတွင်းတူးစက်သစ်ကြီးနှစ်စီးဖြင့် အောင်မြင်စွာတူးဖော်ပေးခဲ့ပြီး ရေလှောင်ကန်များ တည်ဆောက်ကာ စနစ်ကျသော ရေသွယ်တန်းမှုများဖြင့် သောက်သုံးရေများ အခမဲ့ ဖြန့်ဝေပေးလျက်ရှိပါသည်။

ဒေါ်နန်းလိုင်းခမ်း ဥက္ကဋ္ဌ အဖြစ် ဦဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၀၈-ခုနှစ် နာဂစ်မုန်တိုင်း ကျရောက်ချိန် မုန်တိုင်း သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စတင်ဆောင် ရွက်ခဲ့ရာမှ အစပြု၍ ၂၀၁၈-ခုနှစ် ယနေ့အထိ (၁၀)နှစ်ကာလအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေးနှင့် နိုင်ငံတော်အတွင်းကျရောက်သော သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အပါအဝင် လူမှုအကျိုးပြုလုပ်ငန်းအရပ်ရပ်၊ နိုင်ငံတော်နှင့် ပြည်သူအတွက် ကျပ်ငွေ စုစုပေါင်း (၁၃၈) ဘီလီယံကျော်ကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။