ကမ္ဘာဇဘဏ် အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် ဘော်ဆိုင်း၊ ပင်းတယ၊ ရပ်စောက်ဆုံရာ ဒေသဖြစ်သည့် ကုန်းမဲဝိဇ္ဇာတောင် ကျောင်းတိုက်တွင် စက်ရေတွင်းတူးဖေါ်အောင်မြင်။

Image may contain: 3 people, people smiling, outdoor

‘အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ နာယကကြီး ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇဘဏ်လီမိတက် ဒုတိယဥက္ကဌ ဒေါ်နန်းသန်းထွေးတို့အား
စက်ရေတွင်းတူးဖေါ်ရာကုန်းမဲဝိဇ္ဇာတောင် ကျောင်းတိုက်တွင် အင်္ဂလန်နိုင်ငံမှ စက်ရေတွင်းတူးဖေါ်သည့် ပညာရှင်နှင့်အတူ တွေ့ရစဉ်’

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘော်ဆိုင်း၊ ပင်းတယ၊ ရပ်စောက်ဆုံရာဒေသဖြစ်သည့် ကုန်းမဲဝိဇ္ဖာတောင်ကျောင်းတိုက်တွင် စက်ရေတွင်းတူးဖေါ်လျက်ရှိရာ ၂၀၁၈ ဧပြီလ ၃ ရက်နေ့တွင် တစ်နာရီရေဂါလံ ၁၅၀၀ နှုန်းဖြင့် ရေအောင်ခဲ့ပါသည်။

ယခုစက်ရေတွင်းသည် အနက်ပေ (၆၀၁) ပေအရောက်တွင် ရေအောင်ခဲ့ခြင်းဖြစ်ပြီး ယခင်က လေးကြိမ် တူးဖေါ်ခဲ့သော်လည်း ယခု ငါးကြိမ်မြောက် တူးဖေါ်မှုတွင်မှ အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအကြိမ်တွင် အောင်မြင်စွာတူးဖေါ်ပေးနိုင်ခဲ့သော စက်ကြီးမှာ ကမေ ္ဘာဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ အသစ်ထပ်မံဝယ်ယူခဲ့သော အင်္ဂလန် နိုင်ငံလုပ် DANDO Watertec 40 စက်သစ်ကြီး ဖြစ်ပြီး ၎င်းစက်ကြီးဖြင့် ပထမဆုံး တူးဖေါ်သည့် ရေတွင်းဖြစ်ပါသည်။

Image may contain: 5 people, people standing and outdoor

‘အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ နာယကကြီး ဦးအောင်ကိုဝင်း၊ ကမ္ဘောဇဘဏ်လီမိတက် ဒုတိယဥက္ကဌ ဒေါ်နန်းသန်းထွေး၊
အင်္ဂလန်နိုင်ငံမှ စက်ရေတွင်းတူးဖေါ်သည့် ပညာရှင်နှင့် ဖောင်ဒေးရှင်းအဖွဲ့ဝင်များကို တွေ့ရစဉ်’

အနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း အနေဖြင့် လက်ရှိ DANDO Watertec 12.8 ဖြင့် စက်ရေ တွင်းများ တူးဖေါ်လှူဒါန်းနေရသည်ကို တင်းတိမ်အားရခြင်း မရှိသဖြင့် DANDO Watertec 40 စက်သစ်ကြီးကိုထပ်မံ ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။

ထိုကဲ့သို့အောင်မြင်မှုရရှိခြင်းမှာ အနာဂါတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)၏ မွန်မြတ်သောစေတနာ၊ ထက်သန်သော သဒ္ဓါတရား၊ စက်ရေတွင်း တူးစက်ကြီး၏စွမ်းအားနှင့် ဝန်ထမ်းများ၏ ဇွဲ၊ လုံ့လ၊ ဝိရိယ၊ စေတနာတို့ဖြင့် ကြိုးစား အားထုတ်မှုတို့ကြောင့်ပင်ဖြစ်ပါသည်။ ထိုကဲ့သို့ရေအောင် သဖြင့် ကုန်းမဲဝိဇ္ဇာတောင်ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သည့် သံဃာတော်များ၊ တရားစခန်းဝင် ယောဂီများ အပြင် အနီးအနားမှ ကျေးရွာသူ/သားများ အနေဖြင့်လည်း ရေကိုဖူလုံစွာသုံးစွဲနိုင်တော့မည် ဖြစ်ပါသည်။

Image may contain: outdoor

‘စက်ရေတွင်းတူးဖေါ်သည့် ကုန်းမဲဝိဇ္ဇာတောင် ကျောင်းတိုက် လုပ်ငန်းခွင်ကို တွေ့ရစဉ်’

ယခင် DANDO စက်ကြီးဖြင့်လည်း ဘော်ဆိုင်းဒေသ၊ ပြည်သာရပ်၊ အောင်သိဒ္ဓိဘုရားတွင်လည်း တစ်ပြိုင်နက် တည်း စက်ရေတွင်းတူးဖေါ်လှူဒါန်းပေးလျက်ရှိပါသည်။ ယခု စက်ရေတွင်းမှာ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မြန်မာပြည်တစ်ဝှမ်း တူးဖေါ်ပေးသည့် စက်ရေတွင်းပေါင်း(၂၂၁)တွင်းအနက် (၁၇၁)တွင်းမြောက် ရေအောင်တွင်းလည်း ဖြစ်ပါသည်။

အနာဂါတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)အနေဖြင့် DANDO စက်ရေတွင်းတူးစက်ကြီး(၂)စီး ဖြင့် မြန်မာပြည်တစ်ဝှမ်း ရေရှားပါးသော ဒေသများတွင် ယခင်ကထက် နှစ်ဆတိုး၍ စက်ရေတွင်းများ တူးဖေါ် လှူဒါန်းပေးနိုင်တော့မည်ဖြစ်ပါသည်။