ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မကွေးတိုင်းဒေသကြီးတွင် (၁၄) တွင်းမြောက် စက်ရေတွင်း တူးဖေါ်အောင်မြင်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မကွေးတိုင်းဒေသကြီးတွင် (၁၄)တွင်းမြောက် စက်ရေတွင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် MYEAနှင့်ပူးပေါင်း၍ နတ်မောက်မြို့နယ် ကွေ့ချောင်းတဲတိုက် (ပဒေသာတဲတိုက်)တွင် တူးဖေါ်ပေးခဲ့ပါသည်။ ကွေ့ချောင်းတဲတိုက်တွင် ဗမာလူမျိုးများနေထိုင်ကြပြီး တောင်သူလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုကြပါသည်။

ကွေ့ချောင်းတဲတိုက်တွင် အိမ်ခြေ(၁၅၀)နှင့် လူဦးရေ(၉၀၀) နေထိုင်ကြပါသည်။ ၎င်းတို့အနေဖြင့် ယခင်က သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့ခဲ့ရပြီး မိုးရေနှင့် အခြားဒေသများမှ သယ်ယူရရှိသော ရေများကိုသာ အားကိုးအသုံးပြုခဲ့ရပါ သည်။ ကွေ့ချောင်းတဲတိုက်စက်ရေတွင်းကို (၂၆-၁-၁၈)ရက် တွင်စတင်တူးဖေါ်ခဲ့ပြီး ‎(၁၂-၂-၂၀၁၈)ရက်၊ အနက်ပေ (၉၀၀)အရောက်တွင် တစ်နာရီလျှင် ရေ(၁၅၀၀)ဂါလန် ထွက်ရှိခဲ့ပါသည်။ ဤကဲ့သို့ စက်ရေတွင်းမှရေထွက်သဖြင့် ကွေ့ချောင်းတဲတိုက်ရှိ ရွာသူရွာသားများအနေဖြင့် ရေအတွက် ပူပင်ကြောင့်ကြမှုကင်းဝေးသွားပြီဖြစ်ပါသည်။

ဤစက်ရေတွင်းမှာ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)အတွက် မကွေးတိုင်းဒေသကြီးတွင် (၁၄)တွင်းမြောက် ရေအောင်တွင်းဖြစ်ပြီး မြန်မာပြည်တစ်ဝှန်းလုံးအနေဖြင့် (၁၆၉)တွင်းမြောက် ရေအောင်တွင်းလည်း ဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)အနေဖြင့် မကွေးတိုင်းဒေသကြီးနည်းတူ မြန်မာပြည် တစ်ဝှန်း ရေရှားပါးသော အခြားနေရာဒေသများတွင်လည်း မွန်မြတ်သောစေတနာအရင်းခံ၍ ခေတ်မီရေတွင်းတူးစက်ကြီးများ အသုံးပြုပြီး စက်ရေတွင်းများ ဆက်လက်တူးဖေါ် လှူဒါန်းပေးနေဦးမည် ဖြစ်ပါသည်။