ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းမှ အသင်းသား ချေးငွေအဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် ပြုလုပ်ကျင်းပ။

၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ၊ (၁၀)ရက်နေ့တွင် ဒုတိယအကြိမ်မြောက်အဖြစ် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် SSC ဆေးရုံတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ အသေးစားငွေရေးကြေးရေး လုပ်ငန်းမှ အသင်းသားချေးငွေအဖွဲ့ဝင် အမျိုးသမီး စုစုပေါင်း (၆၀၀)ဦးအား “ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်” အနေဖြင့် အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်ခဲ့ပါသည်။

၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ၊ (၁၀)ရက်နေ့တွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပထမအကြိမ်အဖြစ် (ဘီ)ပိုးရောဂါ ရှိ/မရှိ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များကို ဆက်လက်၍ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၈ခုနှစ်၊ မတ်လတွင်လည်း တတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။