ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)မှ တူးဖော်လှူဒါန်းပေးသည့် မကွေးတိုင်းဒေသကြီး၊ တံခွန်တိုင်ကျေးရွာ စက်ရေတွင်း တစ်နာရီ ရေဂါလံ(၅၀၀၀) နှုန်းဖြင့် ရေအောင်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မြန်မာပြည်အနှံ့ သောက်သုံးရေရှားပါးသော ဒေသများတွင် စက်ရေတွင်းများကို တောင်ပေါ်မြေပြန့်နေရာမရွေး တူးဖေါ်ပေးခဲ့သည်မှာ၂၀၁၃ခုနှစ်မှစ၍ ယနေ့ တိုင်ဖြစ်ပါသည်။

ယခုအခါ မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ၌ တူးဖော်လှူဒါန်းနေသော စက်ရေတွင်းသည် မေလ (၂၃) ရက်နေ့၌ အနက်ပေ (၆၁၀)အရောက်တွင် တစ်နာရီ ရေဂါလံံ(၅၀၀၀) ခန့်ဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။

ယခု စက်ရေတွင်းအောင်မြင်စွာတူးဖော်နိုင်ခဲ့သော တံခွန်တိုင်ကျေးရွာသည် မကွေး- နတ်မောက် ကားလမ်းပေါ်တွင်တည်ရှိ၍ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ အိမ်ထောင်စု(၅၈၆)စု၊ လူဦးရေ(၂၆၅၂)ဦး ရှိသောကျေးရွာဖြစ်ပြီး ယခင်ကထက်ရေကောင်းရေသန့်များကို လုံလောက်စွာ သုံးစွဲနိုင်တော့မည်ဖြစ်ပါသည်။

ယခုတူးဖေါ် အောင်မြင်သော နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ စက်ရေတွင်းမှာ မြန်မာပြည်တဝှမ်း ရေရှားပါးသောဒေသများတွင် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း(BFM)မှ တူးဖေါ်ပေးသည့် စက်ရေတွင်းပေါင်း (၂၀၅)တွင်း အနက်မှ (၁၅၆)တွင်းမြောက် ရေအောင်တွင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေရှားပါးသည့်နေရာများတွင်လည်း DANDO စက်ရေတွင်းတူးစက်ကြီးဖြင့် ဆက်လက်တူးဖော်လှူဒါန်းပေးရန် စီစဉ်လျက်ရှိပါသည်။