ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း၏ အခမဲ့ စက်ချုပ်သင်တန်း ဖွင့်လှစ်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း၏ အခမဲ့စက်ချုပ်သင်တန်း အမှတ်စဉ်(၁၀)ကို မေလ (၁၅) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါစက်ချုပ်သင်တန်းသည် ဖောင်ဒေးရှင်း၏အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ ချေးငွေထုတ်ယူထားသော အသင်းဝင်အမျိုးသမီးများ အတတ်ပညာပိုင်းနှင့် ဝင်ငွေတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ လှည်းကူးမြို့နယ်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

ထို့အတူ ၂၀၁၆ ခုနှစ်အတွင်းကလည်း တိုက်ကြီးမြို့နယ်တွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ အခမဲ့စက်ချုပ်သင်တန်း အပတ်စဉ်တစ်ခုလျှင် သင်တန်းသူအယောက်(၂၀) ဦးဖြင့် သင်တန်းအပတ်စဉ် (၉)ခု ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူဦးရေ (၁၈၀) ကို သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။

လှည်းကူးမြို့နယ်တွင် ယခုဖွင့်လှစ်ခဲ့သည့် အခမဲ့စက်ချုပ်သင်တန်းတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းအသင်းဝင် သင်တန်းသူဦးရေ (၂၀) ဦးကို တစ်လကြာ သင်ကြားပေးသွားမည်ဖြစ်ပါသည်။