ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက မတည်လှူဒါန်း ဆောင်ရွက်ပေးခဲ့သော ပုန်းတလုတ် ရေကန်တော်ကြီး ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဇော်ဂျီရေထွက်မှ ရေသွယ်ယူခြင်း အောင်ပွဲကျင်းပ။

ဒေါ်နန်းလိုင်းခမ်းဥက္ကဋ္ဌ အဖြစ်ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၂၀၀၇ ခုနှစ်မှစ၍ ယနေ့အထိ ပညာရေး၊ ကျန်းမာရေး၊သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လူမှုရေးကဏ္ဍအသီးသီးတွင် နိုင်ငံတော်နှင့် ပြည်သူအတွက် စုစုပေါင်းကျပ်ငွေ(၁၂၀) ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။May 8, 2017


‘ပုန်းတလုတ်ရေကန်တော်ကြီး ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဇော်ဂျီရေထွက်မှ ရေသွယ်ယူခြင်း၊ အောင်ပွဲ အထိမ်းအမှတ် အခမ်းအနားဖွင့်လှစ်နေစဉ်’

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း က အလှူငွေကျပ်သိန်း(၇၀၀)ဖြင့် မတည်လှူဒါန်း ဆောင်ရွက်ပေးခဲ့သော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ကျက်သရေဆောင်၊ ပုန်းတလုတ်ရေကန်တော်ကြီး ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဇော်ဂျီရေထွက်မှ ရေသွယ်ယူခြင်း၊ အောင်ပွဲ အထိမ်းအမှတ် အခမ်းအနားကို မေလ (၅)ရက်နေ့က ပင်းတယမြို့ Diamond Queen မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။



‘ပုန်းတလုတ်ရေကန်တော်ကြီး ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဇော်ဂျီရေထွက်မှ ရေသွယ်ယူခြင်း၊ အောင်ပွဲ အထိမ်းအမှတ် အခမ်းအနားဖွင့်လှစ်နေစဉ်’

ပုန်းတလုတ်ရေကန်တော်ကြီးအတွက် အလှူငွေကျပ်သိန်း(၇၀၀)လှူဒါန်းခဲ့ရခြင်းနှင့် ပတ်သက်၍ ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား ကမ္ဘောဇဘဏ်လီမိတက်၊ တောင်ကြီးဘဏ်ခွဲ(၁)မှ အထွေထွေမန်နေဂျာ ဒေါ်စန္ဒာဝင်းက ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ကဏ္ဍအသီးသီးတွင် အလျဉ်းသင့်သည့်အချိန်တိုင်း ငွေအား၊ လူအားဖြင့် စဉ်ဆက်မပြတ် ကူညီလှူဒါန်း ပေးသွားမည် ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

ဒေါ်နန်းလိုင်းခမ်းဥက္ကဋ္ဌ အဖြစ်ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၂၀၀၇ ခုနှစ်မှစ၍ ယနေ့အထိ ပညာရေး၊ ကျန်းမာရေး၊သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လူမှုရေးကဏ္ဍအသီးသီးတွင် နိုင်ငံတော်နှင့် ပြည်သူအတွက် စုစုပေါင်းကျပ်ငွေ(၁၂၀) ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။