ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လုံမြို့၊ ပိဋကတ် ဘုန်းတော်ကြီးကျောင်းတွင် စက်ရေတွင်း တူးဖေါ်အောင်မြင်။

ကမေ ္ဘာဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)သည် မြန်မာပြည်အနှံ့သောက်သုံးရေရှားပါးသော နေရာများတွင်ဒေသမရွေး စက် ရေတွင်းတူး စက်ကြီးများဖြင့် စက်ရေတွင်းများ တူးဖေါ်ပေးခဲ့သည်မှာ ၂၀၁၃ခုနှစ်၊ မတ်လမှ ယနေ့တိုင် ဖြစ်ပါသည်။

မြန်မာပြည်အနံှ့တူးဖော်ပေးသော စက်ရေ တွင်းပေါင်းမှာ ယခုရေအောင်သော ပင်လုံမြို့၊့ပိဋကတ်ကျောင်းတိုက် စက်ရေတွင်းနှင့် ဆိုလျှင်(၂၀၄)တွင်းရှိပြီဖြစ်ပြီး ရေထွက်သည့် စက်ရေတွင်းပေါင်းမှာ (၁၅၃)တွင်းရှိပြီ ဖြစ်ပါသည်။ ပင်လုံမြို့မှာ သမိုင်းဝင်မြို့ တစ်မြို့ဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၌တည်ရှိသော မြို့နယ်ခွဲအဆင့့်ရှိ မြို့တစ်မြို့လည်းဖြစ်ပါသည်။

​​ပိဋကတ်ကျောင်းတိုက် စက်ရေတွင်းကို ို(၂၂.၄.၂၀၁ရ)နေ့ကစတင် တူးဖေါ် ပေးခဲ့ပြီး (၅.၅.၂၀၁၇)ရက်နေ့၌ အနက်ပေ(၄၀၀) အရောက်တွင် တစ်နာရီ ရေ (၂၀၀၀)ဂါလန် ထွက်ရှိခဲ့ပါသည်။ ထူးခြားချက်အနေဖြင့် အဆိုပါကျောင်းတိုက်တွင် ပိဋကတ်စာပေများကို ရှမ်းဘာသာဖြင့် သင်ကြားပ့ိုချ့ပေးလျက်ရှိပါသည်။ ထိုကဲ့သို့ရေထွက်ရှိ မှုကြောင့် အဆိုပါကျောင်းတိုက်ရှိ စာချ သံဃာတော်များ၊ စာသင်သားရဟန်း၊ သာမဏေ (၆၀၀)ကျော်တို့ ပရိယတ္တိလုပ်ငန်းကို ယခင်ကထက် စိတ်အေးချမ်းသာစွာဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။

ကမေ ္ဘာဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ မေတ္တာရှင် ကုသိုလ်ဖြစ်အခမဲ့ဆေးရုံ၊ မကွေးတိုင်းဒေသ ကြီး၊ မကွေးမြို့နယ်၊ အစစမ်းရွာတို့တွင်လည်း စက်ရေတွင်းများ တစ်ပြိုင်နက် တူးဖေါ်လှူဒါန်းပေးလျက်ရှိပါသည်။