ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM)မှ မြေလတ်ဒေသတွင် ရေအောင်ပွဲရရှိပြန်ပြီ။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM) သည် မြန်မာပြည်အနှံ့သောက်သုံးရေရှားပါးသောဒေသများတွင် စက်ရေတွင်းကြီးများ တူးဖေါ်လှူဒါန်းပေးခဲ့သည်မှာ ၂၀၁၃ခုနှစ် မှစ၍ ယနေ့တိုင်ဖြစ်ပါသည်။

ယခုအခါ ကမေ ္ဘာဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ မြန်မာပြည် အလယ်ပိုင်း၊ ဖန်ခါးမြေဟုခေါ်တွင်သည့် မြေလတ်ဒေသဖြစ်သော မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်၊ ရန်ကုန်-ပြည်-မကွေးလမ်းမကြီးပေါ်တွင်ရှိသော စမ်းမကြီးရွာတွင် DANDOရေတွင်း တူးစက်ကြီးဖြင့် သောက်သုံးရေရရှိစေရန် အောင်မြင်စွာ တူးဖေါ်ပေးနိုင်ခဲ့ပါသည်။ စမ်းမကြီးရွာစက်ရေတွင်းကို (၂၂.၄.၂၀၁၇) ရက်နေ့မှ(၃၀.၄.၂၀၁၇)ရက်နေ့အထိ တူးဖေါ်ပေးခဲ့ရာ အနက်ပေ (၆၃၀) တွင် တစ်နာရီ ရေဂါလံ (၃၀၀၀)ထွက်ရှိခဲ့ပြီး ယခင်ကထက် ရေကို ပိုမိုသုံးစွဲနိုင်တော့မည်ဖြစ်ပါသည်။

စမ်းမကြီးရွာသည် တောင်ယာလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းကြပြီး ဘုန်းတော်ကြီး ကျောင်း(၂)ကျောင်း၊ ကျောင်းသားဦးရေ (၃၁၉)ဦးရှိသည့် အလယ်တန်းကျောင်း (၁)ကျောင်း၊ အိမ်ထောင်စု(၄၄၈)စု၊ လူဦးရေ (၂၁၁၄)ရှိသည့်ရွာကြီး(၁)ရွာဖြစ်ပါသည်။

စမ်းမကြီးရွာစက်ရေတွင်းတူးဖေါ်အောင်မြင်မှုမှာ မကွေးတိုင်းဒေသကြီးတွင် DANDO စက်ကြီး၏ ပထမဆုံးအောင်ပွဲဖြစ်ပြီး ကမေ ္ဘာဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း (BFM) အတွက်မူ မြန်မာပြည် တစ်ဝှန်း တူးဖေါ်ပေးခဲ့သည့် စက်ရေတွင်း ပေါင်း(၂၀၃)အနက်မှ (၁၅၂)တွင်းမြောက် ရေအောင်တွင်းလည်းဖြစ်ပါသည်။ ကမေ ္ဘာဇအနာဂတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း(BFM)သည် တစ်ချိန်တည်း မှာပင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့ရှိ မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံနှင့် ပင်လုံမြို့ရှိပိဋကတ်ကျောင်းများတွင် တစ်ပြိုင်နက် တူးဖေါ်လှူဒါန်ပေးလျှက်ရှိပါသည်။