လှည်းကူး၊ တိုက်ကြီးမြို့ရှိ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM) ၏ အသေးစား ချေးငွေလုပ်ငန်းများမှ အဖွဲ့ဝင်အများစုသည် မြက်တံမြက်စည်းလုပ်ငန်း။

‘ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM) ၏ Microfinance Member အမျိုးသမီးများ ပြုလုပ်ထားသည့် တံမြက်စည်း’ 

မြန်မာနိုင်ငံကျေးလက်ဒေသတွင် နေထိုင်သောအမျိုးသမီးအများစုသည် ရိုးရာလက်မှုလုပ်ငန်းဖြစ် လက်မှုပစ္စည်းများကို ပြည်တွင်းဈေးကွက်သို့ရောင်းချ၍ အသက်မွေးဝမ်းကြောင်းပြုလျှက်ရှိပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM) မှ လှည်းကူး၊ တိုက်ကြီး၊ ဥက္ကံ၊ သာယာဝတီ၊ ကျောက်ဆည်၊ သထုံမြို့များရှိ အမျိုးသမီး ၃၁၀၀၀ ကျော်ကို (ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) မှ အကျိုးအမြတ်မယူဘဲ) အသေးစားချေးငွေများ ထောက်ပံံ့ပေးလျှက်ရှိပါသည်။

‘ActionAid Myanmar ၏ Mboutik အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှုပရိုဂမ်မှ တာဝန်ရှိသူတစ်ဦးက ဆန်းသစ်သော တံမြက်စည်းဒီဇိုင်းများ
သင်ကြားပေးနေစဉ်။’

လှည်းကူး၊ တိုက်ကြီးမြို့ရှိ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) ၏ အသေးစားချေးငွေလုပ်ငန်းများမှ အဖွဲ့ဝင်အများစုသည် မြက်တံမြက်စည်းလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကိုင်လျှက်ရှိပြီး ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း မှ ActionAid Myanmar ၏ Mboutik အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှုပရိုဂမ်နှင့် ပူးပေါင်း၍ ဆန်းသစ်သော တံမြက်စည်းဒီဇိုင်းများ ကို သင်ကြားပြသပေးလျှက်ရှိပါသည်။

‘ActionAid Myanmar ၏ Mboutik အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှုပရိုဂမ်မှ တာဝန်ရှိသူတစ်ဦးက ဆန်းသစ်သော တံမြက်စည်းဒီဇိုင်းများ
သင်ကြားပေးနေစဉ်။’

ထို မြက်တံမြက်စည်းများကို ၂၀၁၇ခုနှစ် ဧပြီလ ၁ ရက် နှင့် ၂ ရက်နေ့များတွင် ကျင်းပပြုလုပ်မည့် Spring Festival 2017 ၌ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM)မှ တစ်ဆင့် ရောင်းချပေးသွားမည်ဖြစ်ပါသည်။

ရောင်းချရာမှရရှိသော အမြတ်ငွေများကို ယင်းလှည်းကူး၊ တိုက်ကြီးမြို့ရှိ တံမြက်စည်းထုတ်လုပ်သူ အမျိုးသမီးများသို့ ပြန်လည်ခွဲဝေပေးခြင်းနှင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ အသေးစားချေးငွေအရင်းအနှီး တိုးချဲ့ရန် စီစဉ်ပေးထားပါသည်။