ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) မှ လွိုင်လင်မြို့တွင် နောက်တစ်ကြိမ် ရေအောင်ပွဲရရှိ။

ကမေ ္ဘာဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် မြန်မာပြည်တဝှမ်း ရေရှားပါးသောဒေသများတွင် ရေတွင်းတူး စက်ကြီးများဖြင့် တူးဖေါ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ပထမ အကြိမ်အဖြစ် တူးဖော်ပေးသော စက်ရေတွင်းမှ အနက်ပေ(၂၀၀)အရောက်တွင် သန့်ရှင်းကောင်းမွန်သော သောက်သုံးရေကို တစ်နာရီ (၁၅၀၀)ဂါလန်နှုန်းနှင့် ရရှိခဲ့ပါသည်။ ထိုသို့ ရေရရှိသဖြင့် လွိုင်လင်ခရိုင်ဆေးရုံကြီးမှ ဝန်ထမ်းများနှင့်မိသားစုများ၊ ဆေးရုံတက်ရောက်နေသည့် လူနာများအနေဖြင့် ရေကိုအဆင်ပြေ ချောမွေ့စွာဖြင့် သုံးစွဲနိုင်ခဲ့ပြီဖြစ်ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)မှ လွိုင်လင်ခရိုင်ဆေးရုံကြီး၏ ဝန်ထမ်းမိသားစုများအတွက် သီးခြားစက်ရေတွင်း တစ်တွင်းကို ဒုတိယအကြိမ်အဖြစ် (၃.၃.၂၀၁၇)ရက်နေ့က တူးဖေါ်ပေးခဲ့ရာ မအောင်မြင်သဖြင့်ထပ်မံ၍
တတိယစက်ရေတွင်းကို(၁၇.၃.၂၀၁၇)ရက်နေ့တွင် စတင်တူးဖေါ်ပေးခဲ့ရာ(၂၁.၃၂၀၁၇)ရက်နေ့အနက်ပေ(၂၄၀)အရောက် တစ်နာရီ ရေဂါလံ(၃၀၀၀)နှုန်းဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။

ယခုတစ်ကြိမ် တူးဖေါ်အောင်မြင်မှုမှာ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)က မြန်မာပြည်အနှံ့တူးဖေါ် ပေးခဲသော စက်ရေတွင်းပေါင်း (၁၉၇) အနက်မှ (၁၄၉)တွင်းမြောက် ရေအောင်တွင်း လည်းဖြစ်ပါသည်။ တစ်ပြိုင်တည်းမှာပင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ သာမိုင်းခမ်းရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဖျာဒိုးကျေးရွာရှိ ဖါးအောက်တောရဓမ္မရိပ်သာတို့တွင်လည်း စက်ရေတွင်းတူးစက်ကြီးများနှင့်တစ်ပြိုင်နက်တည်း တူးဖေါ်လှူဒါန်းပေးလျက်ရှိပါသည်။