ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မြင်းခြံမြို့နယ် အဖြူရောင်လက်များပရဟိတအသင်းသို့ ရေသယ်ယာဉ်တစ်စီးလှူဒါန်း။

ရေရှားပါးသည့်ဒေသများတွင် ရေများလှူဒါန်းနိုင်ရန်အတွက် မတ်လ(၁၈)ရက်နေ့တွင်ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ မြင်းခြံမြို့နယ် အဖြူရောင်လက်များပရဟိတအသင်းသို့ ကျပ်သိန်း(၄၅၀)တန်ဖိုးရှိ ရေဂါလံ(၃၀၀၀)ဆံ့ ရေသယ်ယာဉ် အသစ်တစ်စီး လှူဒါန်းခဲ့ပါသည်။

အဆိုပါ ရေသယ်ယာဉ်အား BFM ဖောင်ဒေးရှင်းတာဝန်ရှိသူများမှ သွားရောက်လှူဒါန်းခဲ့ပြီး အဖြူရောင်လက်များပရဟိတအသင်းမှ လက်ခံရယူခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

BFM ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ရေလိုအပ်နေသည့် ဒေသများတွင် ရေများလှူဒါန်းနိုင်ရန်အတွက် ၂၀၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ်အသစ် (၄၃) စီးကို ဝယ်ယူခဲ့ပြီးရေကောင်းရေသန့် မရရှိသောဒေသများသို့ရေဂါလံပေါင်း သန်းချီ၍ ဖြန့်ဝေလှူဒါန်းခဲ့ပါသည်။ ထို့အပြင်ရေလှူဒါန်းမှုများ ပိုမိုထိရောက်စွာပြုလုပ်နိုင်ရန်အတွက် နိုင်ငံတစ်ဝန်းရှိပရဟိတအဖွဲ့အသီးသီးသို့ ယခုလှူဒါန်းမှုအပါအဝင် ရေသယ်ယာဉ် စုစုပေါင်း (၁၈) စီး ပြန်လည်ပေးအပ်လှူဒါန်းခဲ့ပါသည်။