မြန်မာအမျိုးသမီးများ ရက်သတ္တပတ် (WOMEN’S WEEK-MYANMAR) ၏ ဖွင့်ပွဲဖြစ်သည့် “CREATING INCLUSIVE GROWTH” ဖိုရမ်ကျင်းပ။

‘Creating Inclusive Growth” (ပြည်သူအားလုံးပါဝင်သောဖွံ့ဖြိုးတိုးတက်မှု) ဖိုရမ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ်’

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကမ္ဘောဇအုပ်စုတို့ ပူးပေါင်းကျင်းပသည့် မြန်မာအမျိုးသမီးများ ရက်သတ္တပတ် (Women’s Week-Myanmar) ၏ ဖွင့်ပွဲဖြစ်သည့် “Creating Inclusive Growth” (ပြည်သူအားလုံးပါဝင်သောဖွံ့ဖြိုးတိုးတက်မှု) ဖိုရမ်ကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ ကမ္ဘောဇအုပ်စုပိုင် Kempinski ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “တစ်ကမ္ဘာလုံး သိအောင်လို့ ကျွန်မတို့အမျိုးသမီးများဟာ အခွင့်အရေးတောင်းလာတာနဲ့အမျှ တာဝန်ယူဖို့မတွန့်တိုဘူး၊ တာဝန်ယူဖို့ သတ္တိရှိတယ် ဆိုတာကို ပြဖို့ အင်မတန်မှအရေးကြီးပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

‘ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းမှ (Women’s Week-Myanmar) နှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားစဉ်’

ထို့နောက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းက မြန်မာအမျိုုးသမီးများ ရက်သတ္တပတ် (Women’s Week-Myanmar) နှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသမီးလုပ်ငန်းရှင်(၉)ဦး၏ စကားဝိုင်းကို ကျင်းပခဲ့ပြီး အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းမှ “အမျိုးသမီးတွေရဲ့ အရည်အသွေးတွေကို ပြုစုပျိုးထောင်ပေးပြီး၊ သူတို့ရဲ့ အတတ်ပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုအဖက်ဖက်မှ ပံ့ပိုးပေးခြင်းဖြင့်၊ အမျိုးသမီးထုရဲ့ အစွမ်းအစတွေကို စီးပွားရေးကဏ္ဍမှာအောင်မြင်မှုတွေကိုရရှိလာနိုင်မှာဖြစ်ပြီး၊ မြန်မာ့စီပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ဖြစ်ထွန်းလာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်” ဟု ပြောကြားခဲ့ပါသည်။

‘လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အမှာစကားပြောကြားနေစဉ်’

‘မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ Charge’ d’ Affaires Ms.Kristen F.Bauer မှ အမှာစကားပြောကြားစဉ်’

‘UN Women Myanmar ၏ Session Head Dr.Jean DCunha မှ အမှာစကားပြောကြားနေစဉ်’

ဆက်လက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ Charge’ d’ Affaires Ms.Kristen F.Bauer တို့က အမှာစကားပြောကြားကြပြီး ကုလသမဂ္ဂ၊ ပြည်တွင်းနှင့် နိုင်ငံတကာ NGO များ၊ ပြည်တွင်းပြည်ပ စီပွားရေးလုပ်ငန်းကြီးများမှ ထိပ်တန်းအရာရှိကြီးများက သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် စကားဝိုင်းဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

‘နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသမီးလုပ်ငန်းရှင်(၉)ဦး၏ စကားဝိုင်းမြင်ကွင်း’

‘မြန်မာအမျိုးသမီးများ ရက်သတ္တပတ် (Women’s Week-Myanmar) ၏ ဖွင့်ပွဲဖြစ်သည့် “Creating Inclusive Growth” ဖိုရမ်ကျင်းပနေစဉ်’

Image may contain: 11 people, people smiling, indoor and text



‘နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖိုရမ်တက်ရောက်လာသူများ စုပေါင်းဓာတ်ပုံရိုက်ကူးစဉ်’

‘Gender Equality Pledge Signing Ceremony တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သူများ စုပေါင်းဓာတ်ပုံ ရိုက်ကူးနေစဉ်’

ဒေါ်နန်းလိုင်းခမ်း ဦးဆောင်သော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတဝှမ်း ပြည်သူအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်လျှက်ရှိရာ Smile Asia Mission နှင့် ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ် ၂၀၀ ကျော်ကို အောင်မြင်စွာ အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ခြင်း၊ ပြည်ပနိုင်ငံများသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားဒုက္ခသည် စုစုပေါင်း (၄၃၀၀)ကျော်အား MAI စင်လုံးငှားလေယာဉ်များဖြင့် စရိတ်ငြိမ်း အခမဲ့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ခြင်း၊ နိုင်ငံအနှံ့ရေရှားပါးသောဒေသများတွင် စက်ရေတွင်းများ တူးဖေါ်လှူဒါန်းခြင်း၊ ရေတွင်းရေကန်များတူးဖေါ်ပေးခြင်း၊ အအေးဒဏ်လွန်ကဲသည့် ဒေသများတွင် ခေါင်းစွပ်ပါ အနွေးထည်များလှူဒါန်းခဲ့ခြင်းတို့ အပြင် မြန်မာနိုင်ငံ အနှံ့အပြား၌ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စသည့်ကဏ္ဍပေါင်းစုံတွင် စုစုပေါင်း ကျပ်ငွေ(၁၁၄)ဘီလီယံကျော်ကို နိုင်ငံနှင့် ပြည်သူအတွက် လှူဒါန်းခဲ့ပါသည်။

‘ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်မှ “Creating Inclusive Growth” ဖိုရမ်တွင် အမှာစကားပြောကြားစဉ်’

‘Opening Panel Discussion ဆွေးနွေးပွဲ ပြုလုပ်နေစဉ်’

ယခုကျင်းပခဲ့သည့် “Creating Inclusive Growth (ပြည်သူအားလုံးပါဝင်သောဖွံ့ဖြိုးတိုးတက်မှု) ဖိုရမ်သည် ကျား-မတန်းတူအခွင့်အရေးရရှိရေးနှင့် အမျိုးသမီးများအားစွမ်းဆောင်ရည်မြှင့်တင်ပေးရေးဟူသည့် ကုလသမဂ္ဂ၏ ရည်မှန်းချက် Sustainable Development Goals အမှတ်စဉ် #၅ အားဦးတည်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

‘အခမ်းအနားသို့တက်ရောက်လာသူများ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြစဉ်’

နေပြည်တော်တွင်ကျင်းပသည့် ဖွင်ပွဲဖိုရမ်ပြီးဆုံးသည်နှင့် မြန်မာအမျိုးသမီးရက်သတ္တပတ် (Women’s Week -Myanmar)ကိုရန်ကုန်မြို့တွင် မတ်လ (၇) ရက်နေ့မှ (၁၂)ရက်နေ့အထိဆက်လက်ကျင်းပသွားမည် ဖြစ်ပါသည်။ မြန်မာအမျိုးသမီးရက်သတ္တပတ် (Women’s Week -Myanmar)တွင်ပြုလုပ်မည့် အခမ်းအနား၊ အစီအစဉ် များနှင့် ပတ်သက်သောသတင်း၊ အချက်အလက် အသေးစိတ်ကိုwww.facebook.com/WomensWeekMMအား Facebook တွင် ရှာဖွေ၍ ကြည့်ရှုနိုင်ပါသည်။