”အော်တစ်ဇင်အကြောင်းသိကောင်းစရာ” ဟောပြောပွဲကို BFM နှင့် MYANMAR AUTISM ASSOCIATION တို့ ပူးပေါင်းကျင်းပ

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် Myanmar Autism Association တို့ ပူးပေါင်းကျင်းပသည့် ”အော်တစ်ဇင်အကြောင်းသိကောင်းစရာ” ဟောပြောပွဲကိုမြစ်ကြီးနားမြို့၊ ရွှေပြည်စံ ခန်းမတွင် ဇန်နဝါရီလ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား မြစ်ကြီးနားမြို့၊ ကမ္ဘောဇဘဏ်ခွဲ(၂) တာဝန်ခံ ဦးထွန်းထွန်းနိုင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် Myanmar Autism Association မှ ပါမောက္ခ ဒေါက်တာဉာဏ်ဝင်းကျော်၊ Newlife Foundation မှ Excutive Director ဒေါက်တာတင်မဖြူ၊ Myanmar Autism Association မှ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့်အထွေထွေအတွင်းရေးမှူး ဦးနေထွန်းတို့မှ အော်တစ်ဇင် ကြောင်းသိကောင်းစရာများကို ဆွေးနွေးတင်ပြခဲ့ပြီးတက်ရောက်လာသူများမှလည်း သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် KBZ Group ရှိဝန်ထမ်းများ၊ မိသားစုများ အော်တစ်ဇင်နှင့် ပတ်သက်သည့် အသိပညာရှိနေစေရန်၊ အော်တစ်ဇင်ရှိသူများကို ပိုမိုကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် အနာဂတ်တွင် လုပ်ငန်းခွင်အတွင်း တန်းတူအခွင့်အရေး ပေးသွားနိုင်ရန်ရည်ရွယ်ချက်ဖြင့် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။