ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)မှ စက်ရေတွင်း (၄) တွင်းကို သြဂုတ်လအတွင်း အောင်မြင်စွာတူးဖေါ်နိုင်ခဲ့

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)မှ စက်ရေတွင်း (၄) တွင်းကို သြဂုတ်လအတွင်း အောင်မြင်စွာတူးဖေါ်နိုင်ခဲ့

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် စက်ရေတွင်းတူးဖေါ်ရန်ခက်ခဲပြီး သောက်သုံးရေရှားပါသည့် ဒေသများတွင် စက်ရေတွင်းတူးဖေါ်သည့်စက်ကြီးများဖြင့် တူးဖေါ်ပေးလျက်ရှိရာ ယခု သြဂုတ်လအတွင်း စက်ရေတွင်းပေါင်း လေးတွင်းကို အောင်မြင်စွာ တူးဖေါ်နိုင်ခဲ့ပါသည်။ ရမည်းသင်းမြို့ အမှတ် (၁) ရဲသင်တန်းကျောင်း၌ အနက်ပေ ၁၀၅၀တွင် တစ်နာရီ ရေဂါလံ (၁၀၀၀၀) နှုန်းဖြင့်လည်းကောင်း၊ တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ အနက်ပေ ၆၀၀ တွင် တစ်နာရီ ရေဂါလံ ၁၂၀၀ နှုန်းဖြင့်လည်းကောင်း၊ သာစည် ညောင်ရမ်း ပျော်ကုန်းရွာ၌ အနက်ပေ ၆၅၀ တွင်တစ်နာရီ ရေဂါလံ (၈၀၀၀) နှုန်းနှင့် ဟဲဟိုးမြို့၊ သာသနဝေပုလ္လ အောင်ရတနာကျောင်း၌ အနက်ပေ ၂၂၅ တွင် တစ်နာရီ ရေဂါလံ (၃၀၀၀) တို့ဖြင့် စက်ရေတွင်း လေးတွင်းကို ယခုလအတွင်း အောင်မြင်စွာတူးဖေါ်နိုင်ခဲ့ပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် စက်ရေတွင်းတူးရန် အလွန်ခက်ခဲသည့်ဒေသများတွင် စက်ရေတွင်းပေါင်း ၁၆၇ တွင်းတူးဖေါ်ခဲ့ပြီး ၁၂၄ တွင်းကို အောင်မြင်စွာ တူးဖေါ်နိုင်ခဲ့ပါသည်။ ထို့အပြင် မတူညီသည့် ဒေသများဖြစ်သည့် တောင်ကြီးမြို့ ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်၊ ကယားပြည်နယ် ဖရူဆိုမြို့နယ် ထားလဲရွာ၊ တောင်ကြီးခရိုင် ကျောက်တစ်လုံးကြီးမြို့၊ စစ်ကိုင်းမြို့ အမှတ်(၃)ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ သာစည်မြို့နယ် ညောင်ရမ်းဒေသနှင့် ဟဲဟိုးမြို့တို့တွင်လည်း စက်ရေတွင်းတူးစက်ကြီးများဖြင့် တစ်ပြိုင်နက် ဆက်လက်တူးဖေါ်လှူဒါန်းပေးလျက်ရှိပါသည်။