ရေဘေးဒုက္ခကြုံတွေ့နေသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် BFM မှ ထမင်းဘူးများလှူဒါန်း

ရေဘေးဒုက္ခကြုံတွေ့နေသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် BFM မှ ထမင်းဘူးများလှူဒါန်းး

ရေဘေးဒုက္ခကြုံတွေ့နေသည့်ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း BFM မှ (၁၅.၈.၂၀၁၆) ရက်နေ့တွင် ထမင်းဘူးများ ပေးဝေလှူဒါန်းခဲ့ပါသည်။ ပုသိမ်မြို့ရှိ ရေကြီးရေလျှံမှုဖြစ်ပွားနေသောရပ်ကွက်များနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူ (၁၀၀၀) ကျော်အတွက် ထမင်းဘူးများကိုလည်းကောင်း၊ အလှူရှင် ရောက်ရှိမှုနည်းသည့် မြို့စွန် အနိမ့်ပိုင်းရှိ ရပ်ကွက်များမှ ရေဘေးရှောင် ဘုန်းကြီးကျောင်း (၇) ကျောင်းအားလည်းကောင်း နံနက်စာနှင့် ညနေစာထမင်းဘူးများကို ကမ္ဘောဇဘဏ်လီမိတက် ပုသိမ်ဘဏ်ခွဲ(၁)နှင့်(၂)မှဝန်ထမ်းများစုပေါင်း၍ သွားရောက်လှူဒါန်းခဲ့ပါသည်။